မိတ္ထီလာတွင် ရေပေးသည့်မြောင်း ရေလျှံ၍ ယာသီးနှံ ဧက ၇၀ ခန့် ပျက်စီး

Photo - ဓာတ်ပုံ - DVB

မိတ္ထီလာမြို့နယ်အတွင်းက လှည်းပွဲရွာ၊ အင်အုန်းရွာ၊ ပန်းသွင်းရွာတွေက လယ်ယာမြေတွေကို ရေပေးတဲ့မြောင်းက ရေတွေလျှံလာတာကြောင့် အနိမ့်ပိုင်းက လူနေအိမ်တွေ ရေလွှမ်းမိုးပြီး ယာသီးနှံ ဧက ၇၀ လောက် ပျက်စီးသွားတယ်လို့ မေ ၁ရ က်နေ့မှာ မိတ္ထီလာဆည်မြောင်းဦးစီးရုံးက ပြောပါတယ်။

မိတ္ထီလာဆည်မြောင်းဒုဦးစီး ဒေါ်သွယ်သွယ်သွယ်ခိုင်က “ရေပေးမြောင်းရေ များပြီး ပန်းသွင်းရွာနားမှာရှိနေတဲ့ ၂ပေ ပတ်လည်ကွန်ကရစ်ပိုက်က ရေလျှံသွားတာပါ။ ကျေးရွာချင်းဆက် မြေသားလမ်း ၂ နေရာမှာ ပေ ၇၀ လောက် ပျက်စီးသွားတယ်။ ပန်းသွင်းရွာ အနိမ့်ပိုင်းက လူနေအိမ် ၁၄လုံး ရေတက်တယ်။ ယာသီးနှံဧက ၇၀ လောက် ပျက်စီးသွားတယ်”လို့ ပြောပါတယ်။

အပြည့်အစုံဖတ်ရန် - http://burmese.dvb.no/archives/273208



ယခုဆောင်းပါးက သင့်အတွက် အသုံးဝင်ပါသလား?

  စကားပုံ  

"ခဝဲပွင့်တုန်း တန်ဆောင်မုန်း"