Food Safety project နှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့် ဟင်းသီးဟင်းရွက်နှင့်ကုန်စိမ်းများကိုသာ (၄၁) လမ်းဈေး၌ ရောင်းချခွင့်ပြုမည်

28/01/2021 10:44 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    Food Safety project နှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့်  ဟင်းသီးဟင်းရွက်နှင့်ကုန်စိမ်းများကိုသာ (၄၁) လမ်း ကုန်စိမ်းတန်းညဈေး၌ ရောင်းချခွင့်ပြုမည်ဖြစ်ကြောင်း မန္တလေးတိုင်းဒေသကြီး၊ စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

    မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်လမ်းညွှန်မှု၊ သက်ဆိုင်ရာဒေသခံ စိုက်ပျိုး‌ရေးဦးစီးဌာနများ၏ တာဝန်ယူဆောင်ရွက်မှုတို့ဖြင့် အစားအစာဘေးကင်းလုံခြုံစိတ်ချရေးစီမံကိန်း (Food Safety project) များ ဆောင်ရွက်လျက်ရှိပြီး၊ သတ်မှတ်ချက်များနှင့်အညီ စိုက်ပျိုးထုတ်လုပ်ထားသည့်  ဟင်းသီးဟင်းရွက် ကုန်စိမ်းများကိုသာ မန္တလေးတိုင်း၊ အမရပူရမြို့နယ်၊ (၄၁) လမ်းဈေး၌ ရောင်းချခွင့်ပြုမည် ဖြစ်သည်။

စားသုံးသူတွေအတွက် ဘေးအန္တရာယ်ကင်းရှင်းပြီး ကျန်းမာရေးနဲ့အညီ စိုက်ပျိုးထုတ်လုပ်ထားတဲ့ သန့်ရှင်းလတ်ဆက်တဲ့ ဟင်းသီးဟင်းရွက်တွေကို ၄၁ လမ်းဈေးမှာ ရရှိနိုင်ပါပြီ။ Food Safety ဟင်းသီးဟင်းရွက်ဆိုင်တွေကို သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနတွေက တာဝန်ရှိသူတွေကိုယ်တိုင် ကွင်းဆင်းစစ်ဆေးနေပါတယ်။ လိုအပ်တဲ့အပိုင်းတွေကိုလည်း လမ်းညွှန်မှာကြားနေပါတယ်။ ဒီစီမံကိန်းလှုပ်ရှားမှုတွေကို မတ္တရာ၊ ပုသိမ်ကြီး၊ ကျောက်ဆည် စတဲ့ဒေသတွေမှာ စတင်နေတာကြာပါပြီ။ အမရပူရမြို့နယ်အတွက်ကိုတော့ ဒီနှစ်မှာ စတင်လိုက်တာဖြစ်ပါတယ်။ မန္တလေးမှာဆိုရင် ၄၁ လမ်းဈေးက ကုန်စိမ်းရောင်းချမှုအတွက် အကြီးဆုံးဈေးတစ်ခု ဖြစ်လို့ပါ။

ဟု မန္တလေးတိုင်း၊ အမရပူရမြို့နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုလက်ထောက်ဦးစီးမှူး ဦးရဲနိုင်ဝင်းက ပြောသည်။

    အစားအစာ ဘေးကင်းစိတ်ချရေးစီမံကိန်း Food Safety Project နှင့်အညီ ရောင်းချမည့် ကုန်စိမ်း/ဟင်းသီးဟင်းရွက်များသည် သက်ဆိုင်ရာစိုက်ပျိုးရေးဦးစီးဌာနမှ အနီးကပ်ပညာပေးဆောင်ရွက်ထားသော Model Farms များမှ ထွက်ရှိပြီး၊ ဓာတုဓာတ်ကြွင်း (ပိုး/မှို+ အခြား) ပါဝင်ခြင်းရှိမရှိကို ဓာတ်ခွဲခန်းသို့ ပေးပို့စစ်ဆေးခြင်းများ ဆောင်ရွက်ထားသည့် ဟင်းသီးဟင်းရွက်များဖြစ်ကြောင်း သိရသည်။

ရိတ်သိမ်းချိန်လွန်နည်းပညာနဲ့အညီ တောင်သူများကိုယ်တိုင်ကိုယ်ကျ စိုက်ပျိုးထုတ်လုပ်ပြီး၊ ကိုယ်တိုင်ရောင်းချတဲ့ ဟင်းသီးဟင်းရွက်တွေဖြစ်ရမယ်။ ပိုးသတ်ဆေးတွေ အလွန်အကျွံသုံးစွဲထားတဲ့ခြံမျိုးဆို ရောင်းချခွင့်မပြုပါဘူး။ စနစ်တကျဓာတ်ခွဲစစ်ဆေးပြီး ဘေးကင်းလုံခြုံတာသေချာတဲ့ ဟင်းသီးဟင်းရွက်တွေကိုသာ အနီပတ်လေးတွေပတ်ပေးပြီး ရောင်းချခွင့် ပြုတာပါ။

ဟု ဦးရဲနိုင်ဝင်းက ဆက်လက်ပြောသည်။

    Food Safety Project ဖြင့် ဆောင်ရွက်လျက်ရှိသော ဟင်းသီးဟင်းရွက် စိုက်ပျိုးတောင်သူများအား သဘာဝပိုးနှင်ဆေး လက်တွေ့ပြုလုပ်သုံးစွဲနည်းသင်တန်းများနှင့် အခြားစိုက်ပျိုးရေးနည်းပညာများ ပို့ချခြင်းတို့ကိုလည်း ဆောင်ရွက်ပေးနေကြောင်း စိုက်ပျိုးရေးဦးစီးဌာနမှ သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်