ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ဖားသားဖောက်မွေးမြူရေးဆိုင်ရာသင်တန်း ဖွင့်လှစ်မည်

25/06/2020 13:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    ဖားသားဖောက်မွေးမြူရေးဆိုင်ရာသင်တန်းကို ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၌ ဇွန် ၂၇ ရက်တွင် ဖွင့်လှစ်ပို့ချမည် ဖြစ်ကြောင်း အဆိုပါသင်တန်းမှ သိရသည်။

လာမယ့် စနေနေ့မှာ ဖွင့်လှစ်သင်ကြားမှာပါ။ ဖားမွေးမြူရာမှာ အဓိက သိသင့်သိထိုက်တဲ့ ဟိုမုန်းဆေးစပ်နည်း၊  ဆေးထိုးနည်း၊ သားဖေါက်နည်းတွေကို စာတွေ့လက်တွေ့ မျှဝေသင်ကြားပေးသွားမှာ ဖြစ်ပါတယ်။

ဟု ရန်ကုန်တောင်ပိုင်းခရိုင်၊ သုံးခွမြို့နယ်၊ ကဒပ္ပနကျေးရွာ၊ ဖားမွေးမြူရေးသင်တန်းမှ သင်တန်းပို့ချသူ ဦးမိုးရဲဝင်း(ဆယ်လမွန်) က ပြောသည်။

    သင်တန်းတက်ရောက်သူများအနေဖြင့် ဖားသားဖေါက်နည်း မွေးမြူရေးနည်းစာအုပ် ရရှိမည့်အပြင်၊ ဖားအသေး ဖားအလတ် အစာစပ်နည်းများ၊ တီ၊ လောက်၊   á€›á€ąá€á€Ž မွေးမြူထုတ်လုပ်နည်းများကိုလည်း စနစ်တကျ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဖားမွေးမြူရေးဈေးကွက်ကို စိတ်ပါဝင်စားလို့ ဖားကို စီးပွားဖြစ်မွေးမြူချင်ပေမယ့် ဖားသားပေါက်တွေ ဖားအစာတွေကို ဈေးကြီးကြီးပေးပြီး ဝယ်မွေးနေရရင် တွက်ချေမကိုက်တော့ဘူး အရှုံးပေါ်နိုင်တယ်လေ။ ဒါ့ကြောင့် ကိုယ်တိုင်သားဖောက်မွေးမြူတတ်အောင်၊ ကိုယ်တိုင် အစာစပ်တတ်အောင် အားလုံးကို စနစ်တကျလေး သင်ယူစေချင်တာပါ။

ဟု ဦးမိုးရဲဝင်း က ဆက်လက်ပြောသည်။

    သင်တန်းနှင့်ပတ်သက်၍ စိတ်ပါဝင်စားသူများ၊ သင်တန်းတက်ရောက်လိုသူများ အနေဖြင့် ဦးမိုးရဲဝင်း(ဆယ်လမွန်) 09796276080, 09250047519 ဖုန်းနံပါတ်များသို့ ဆက်သွယ် စုံစမ်းမေးမြန်းနိုင်ကြောင်း သိရသည်။

(ဆောင်းပါးများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်)


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်