အထွက်နှုန်းတိုးစေတဲ့ ကြက်သွန်ဖြူ စိုက်ပျိုးပြုစုနည်း

12/03/2024 11:00 AM တွင် ဒေါက်တာ အိဖြူဝင်း ဒေါက်တာ အိဖြူဝင်း မှ ရေးသား

ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသည် ဟင်းခတ်အမွှေးအကြိုင်နှင့် ဆေးပညာဆိုင်ရာတန်ဖိုးများအတွက် စိုက်ပျိုးထုတ်လုပ်သောစျေးကွက်ဝင်သီးနှံ တစ်ခုဖြစ်သည်။

တရုတ်နိုင်ငံသည် ကမ္ဘာပေါ်မှာ ကြက်သွန်ဖြူအများဆုံးစိုက်ပျိုးထုတ်လုပ်သောနိုင်ငံဖြစ်ပြီး  ၂၀၂၄ တွင် ထုတ်လုပ်မှုတန်ချိန်ပေါင်း ၂၃ မီလီယန်ရှိသည်။  ထို့နောက် အိန္ဒိယ၊ ဘင်္ဂလား‌ဒေ့ရှ်၊ တောင်ကိုးရီးယား၊ အီဂျစ်၊ စပိန်၊ အမေရိက၊ အယ်(လ်)ဂျီးရီးယား၊ ဥဇဘက်၊ပါကစ္စတန်၊ ယူကရိန်း၊ မြန်မာ၊ ရုရှား၊ အီသီယိုးပီးယား၊ အာဂျင်တီးနားနှင့် ဘရာဇီးနိုင်ငံများသည် အစဉ်အလိုက် ကမ္ဘာပေါ်တွင် ကြက်သွန်ဖြူအများဆုံးစိုက်ပျိုးသော နိုင်ငံများဖြစ်ကြသည်။ တရုတ်နိုင်ငံသည် ကမ္ဘာ့ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှု၏ လေးပုံသုံးပုံနီးပါး စိုက်ပျိုးထုတ်လုပ်လျက်ရှိပြီး ကြက်သွန်ဖြူစျေးကွက်ကို လွှမ်းမိုးထားသည်။ အိန္ဒိယနှင့် ဘင်္ဂလား‌ဒေ့ရှ်နိုင်ငံသည်လည်း ‌ဒေသလိုအပ်ချက်နှင့် ပြည်ပတင်ပို့မှုအတွက် အရေးကြီးသော အခန်းကဏ္ဍမှ ပါဝင်နေပါသည်။ အရည်အသွေးကောင်း ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်မှုများကို အမေရိကတွင် တွေ့ရှိရပြီး (၂၃၇၃၄၀) တန်ထုတ်လုပ်သည်။ 

မြန်မာနိုင်ငံ၏ ကြက်သွန်ဖြူစိုက်ပျိုးထုတ်လုပ်ခြင်းသည် တန်ချိန်ပေါင်း (၂၀၈၉၀၈) တန်ရှိပြီး ‌ဒေသတွင်းစားသုံးမှုနှင့် ပြည်ပတင်ပို့မှုအတွက် စိုက်ပျိုးသည်။ အဓိကအားဖြင့် ကျေးလက်ဒေသ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်ရေးအတွက် အရေးပါသော သီးနှံတစ်ခုဖြစ်ပြီး အထွက်နှုန်းတိုးမြင့်ရေးနှင့် စျေးကွက်ရရှိမှုတို့အတွက် လုပ်ကိုင်ဆောင်ရွက်လျက်ရှိသည်။ 

ကြက်သွန်ဖြူစျေးနှုန်းကို ရာသီဥတုပုံစံ၊ အထွက်နှုန်းနှင့် နိုင်ငံတကာ၏ ကြက်သွန်ဖြူလိုအပ်ချက်က လွှမ်းမိုးသည်။ ကနေဒါ၊ မလေးရှားနှင့် အမေရိကနိုင်ငံများသည် လတ်လတ်ဆတ်ဆတ်ကြက်သွန်ဖြူ စားသုံးမှုနှင့် အမှုန့်လုပ်မှုနှစ်ခုစလုံးအတွက် စျေးကွက်လိုအပ်ချက်ကြီးမားပြီး ကြက်သွန်ဖြူတင်သွင်းမှု အပေါ်မှာ မှီခိုအားထားနေသည်။ ဥရောပဒေသရှိ ကြက်သွန်ဖြူထုတ်လုပ်မှုကို ကန့်သတ်သော အချို့နိုင်ငံများအပါအဝင် အီးယူနိုင်ငံများသည်လည်း ကြက်သွန်ဖြူတင်သွင်းမှုများ‌သော နိုင်ငံများဖြစ်သည်။

ကြက်သွန်ဖြူစိုက်ပျိုးမှုအတွက် ဒေသတွင်း စားသုံးမှုနှင့် နိုင်ငံတကာကုန်သွယ်မှုကို လွှမ်းမိုးနိုင်သော နိုင်ငံ၏စိုက်ပျိုးရေးဆိုင်ရာမူဝါဒများ ချမှတ်လုပ်ကိုင်ဆောင်ရွက်ရန်လိုအပ်သည်။ တရုတ်နိုင်ငံတွင် ကြက်သွန်ဖြူစိုက်ပျိုးသော တောင်သူများကို ငွေကြေးအရင်းအနှီးများကို ထောက်ပံ့ပေး၍ အချို့နိုင်ငံများ တွင် မျိုးစေ့နှင့် နည်းပညာများကို ပံ့ပိုးပေးသည်။

ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ကြီး (FAO) က ကမ္ဘာ့နိုင်ငံများနှင့် ပူးတွဲ၍ နိုင်ငံတကာ သတ်မှတ်ထားရှိသော ကြက်သွန်ဖြူအရည်အသွေးနှင့် စံချိန်စံညွှန်းများကို ချမှတ် ဆောင်ရွက်သည်။ သွင်းကုန်အခွန်နှင့် သွင်းကုန်ပိတ်ပင်တားဆီးမှုတို့ကြောင့် ကုန်သွယ်ရေးကို အကန့်အသတ် ဖြစ်စေပြီး ဒေသတွင်းကြက်သွန်ဖြူစိုက်တောင်သူများကို ပြည်ပယှဉ်ပြိုင်မှုမှ ကာကွယ်တားဆီးပေးသည်။ မြင့်မားသော အရည်အသွေး သတ်မှတ်ချက်သည် သွင်းကုန်အပေါ် ကန့်သတ်လိုက်ပြီး ‌ဒေသတွင်း ကြက်သွန်ဖြူစျေးကွက်အပေါ် စိတ်ကြိုက်သတ်မှတ်ချက်များကို ဖြစ်ပေါ်စေသည်။ ကြက်သွန်ဖြူအထွက်နှုန်း သည် မျိုး၊ မြေအရည်အသွေး၊ ရာသီဥတုနှင့် စိုက်ပျိုးနည်းစနစ်ပေါ်မူတည်၍ တစ်ဟက်တာတွင် ၃ - ၁၀ တန်အထိထွက်ရှိသည်။ စျေးနှုန်း၊ သွင်းအားစုကုန်ကျစရိတ်နှင့် သီးနှံအရည်အသွေးပေါ်မူတည်၍ အကျိုးအမြတ်များ ကွာခြားသည်။ ထို့ကြောင့် ထိရောက်သော စိုက်ပျိုးနည်းစနစ်နှင့် စျေးကွက်ရရှိရေးတို့ သည် အကျိုးအမြတ်အများဆုံးရရှိနိုင်ရေးတို့ အတွက် အရေးကြီးသည်။

မြန်မာနိုင်ငံတွင် များသောအားဖြင့် ကြက်သွန်ဖြူမျိုးကို တရုတ်မျိုးနှင့် ရှမ်းမျိုးဟူ၍ သိရှိကြသည်။ တရုတ်မျိုးသည် ဥကြီးပြီး အထွက်နှုန်းမြင့်မားသည်။ ရှမ်းမျိုးသည် အနံ့အရသာမှာ တရုတ်မျိုးထက် ပို၍ပြင်းပြီး အလုံးအရွယ်အစားသေးငယ်သည်။ 

ကြက်သွန်ဖြူ ဥ ဖြစ်ထွန်းတိုးတက်မှုအတွက် အေးသော ရာသီဥတုလိုအပ်ပြီး ဆောင်းရာသီတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသည်။ ဥအသေးမျိုးများသည် အေးသောရာသီရရှိမှ ကောင်းစွာဖြစ်ထွန်းသော်လည်း ဥကြီးမျိုးများသည် နွေးသောရာသီဥတုတွင်လည်း ဖြစ်ထွန်းနိုင်သည်။ 

ကြက်သွန်ဖြူကို ရေသွင်းရေထုတ်ကောင်းပြီး သဘာဝမြေဆွေးကြွယ်ဝသော မြေချဉ်ငံဓာတ် ၆.၀ - ၇.၀ ရှိသော မြေများတွင် ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းသည်။ ကြက်သွန်ဖြူစိုက်မြေများတွင် နှစ်စဉ် မြေဆွေးထည့်သွင်းပေးခြင်းဖြင့် မြေဆီဩဇာထက်သန်ပြီး အထွက်နှုန်းကို တိုးတက်ကောင်းမွန်စေသည်။ ကြက်သွန်ဖြူတွင် အစက်ချရေသွင်းစိုက်ပျိုးပေးခြင်းသည် သင့်လျော်သော အစိုဓာတ်ကို ထိန်းသိမ်းပေးနိုင်ပြီး အထွက်နှုန်းကို တိုးတက်ကောင်းမွန်စေသည်။ ကြက်သွန်ဖြူတွင် အဓိကပိုးမွှားပြဿနာသည် နီမတုတ်နှင့် မှိုရောဂါများဖြစ်ပေါ်နိုင်ပြီး သီးလှည့်စိုက်ပျိုးပေးခြင်း၊ မြေဖုံးစိုက်ပျိုးခြင်း၊ မြေဆွေးထည့်သွင်းပေးခြင်း ကဲ့သို့သော စိုက်ပျိုးနည်းစနစ်များကို အသုံးပြု၍ ကာကွယ်နှိမ်နင်းနိုင်သည်။ 

အောက်ရွက်များ ဝါလာပြီး ဥများ ပွင့်အာမထွက်မီ ရိတ်သိမ်းပေးခြင်းသည် အထွက်နှုန်းကို သေချာစေသည်။ လေဝင်လေထွက်ကောင်းသော နေရာတွင် curing process (တာရှည်ခံအောင် ပြုလုပ်ခြင်း) ကို ပြုလုပ်ပေးခြင်းသည် သိုလှောင်သည့်ကာလကို ရှည်ကြာစေသည်။ ထို့ပြင် ရောင်းသည့်ကာလကို ဖြန့်ကျက်နိုင်ရုံသာမက တန်ဖိုးမြင့်ထုတ်ကုန်များကို ထုတ်လုပ်နိုင်သဖြင့် စျေးကောင်းရရှိပြီး အကျိုးအမြတ်ကို ဖြစ်ပေါ်စေသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်