မျိုးကောင်းမျိုးသန့် စိုက်ပျိုးရေးနှင့် အပင်ပေါက်နှုန်း စမ်းသပ်ခြင်း(Germination test)

17/04/2018 08:45 AM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဆောင်းသီးနှံစိုက်ပျိုးချိန် ရောက်လာခဲ့ပါပြီ။ အချို့က စတင်စိုက်ပျိုးနေပြီဖြစ်သကဲ့သို့ အချို့ကလည်း ပြင်ဆင်ဆဲ ကာလပေါ့။ မိမိယခုရေးသောစာစု ဖတ်ရှုမိသူများအနေဖြင့် အထိုက်အလျောက် အကျိုးရှိလိမ့်မည်လို့ မျှော်လင့်မိ ပါတယ်။

မျိုးသန့်မျိုးစေ့(Seed)နှင့် ပါတ်သက်၍ သတိပြုရန်ပါ။ ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးသူများအနေဖြင့် စဉ်းစား တွေးတောစရာများဖြင့် သီးနှံစိုက်ပျိုးရန် ပြင်ဆင်လာကြပါသည် ။ ထိုသို့ ပြင်ဆင်လာရာတွင် လက်ရှိအခြေအနေ တွင်ဈေးနှုန်း ကောင်းမွန်သည့်သီးနှံများအား စိုက်ပျိုးရန်အတွက် ရွေးချယ်ပြင်ဆင်လာကြခြင်း ဖြစ်ပါတယ်။ ဒီအခါမှာ ဈေးနှုန်းကောင်းမွန်သော သီးနှံအား စိုက်ပျိုးရန် ရွေးချယ်လာရာတွင် စဉ်းစားစရာများ ပါလာခဲ့သလို ဆင်ခြင်စရာများလည်း ပါဝင်လာပါတယ်။ စိုက်ပျိုးမည့် သီးနှံနှင့်ပါတ်သက်၍ 

၁။ မိမိကျွမ်းကျင်မှုရှိခြင်း မရှိခြင်း။ 

၂။ မိမိစိုက်ပျိုးမြေတွင် အောင်မြင်စွာဖြစ်ထွန်းနိုင်ခြင်း ရှိမရှိတို့အား ချင့်ချိန်သုံးသပ်ရန်ပါ။

စိုက်ပျိုးမည့်သူအနေဖြင့် မိမိမြေတွင် စိုက်၍ရမည့် သီးနှံကိုသာ ရွေးချယ်စိုက်ပျိုးမည်ဟု ယုံကြည်မိပါတယ်။

စိုက်ပျိုးမည့်သီးနှံနှင့် မကိုက်ညီသော ရေမြေရာသီဥတုတွင် စိုက်ပျိုးမည်ဆိုပါလျှင် မိမိအတွက် ဆုံးရှုံးနစ်နာမှု ကိုသာ ပေးအပ်လာမည်ကို ကြိုတင်သတိပြုဆင်ခြင်ရန် လိုအပ်ပါသည်။

စိုက်ပျိုးမည့်သီးနှံအား ကျွမ်းကျင်မှုမရှိခြင်းကြောင့် ဆက်နွယ်သော အခက်အခဲပြဿနာများ ပေါ်ပေါက်လာနိုင် ရာ ပထမဦးဆုံး မိမိစိုက်ပျိုးသော သီးနှံအထွက်တိုးရန်အတွက် မျိုးကောင်း မျိုးသန့်အား စိုက်ပျိုးရန်လိုအပ်လာ၍ မျိုးသန့်မျိုးစေ့(Seed) အသုံးပြုရန် လိုအပ်လာပြီဖြစ်၍ ရှာဖွေဝယ်ယူရာတွင် မျိုးရှာဖွေသူများအတွက် ယခုလို ကာလမျိုးတွင် မျိုးစေ့မုဆိုးများက စောင့်မျှော်နေပါသည်။ သို့ဖြစ်၍ မျိုးနှင့်ပါတ်သက်ပြီး လေ့လာရန် လိုအပ်သည် ကို သတိပြုရမည်။ မျိုးလိုအပ်ချိန် မျိုးရှာဖွေဝယ်ယူရသော ကာလမျိုးတွင် မျိုးစေ့ရောင်းသူ လူတန်းစား အစား စား ပေါ်လာပါတယ်။ 

၁။ မျိုးကောင်းမျိုးသန့် (Seed) အား တန်ရာတန်ကြေးရယူ၍ အာမခံနှင့်ရောင်းချသူ 

၂။ မျိုးမကောင်းသောမျိုးစေ့ (Grain) ကို မျိုးစေ့ (Seed) ဈေးအဖြစ် သတ်မှတ်ပြောဆို၍ ရောင်းချသူ

၃။ Grainအား သာမန်သီးနှံပေါက်ဈေးဖြင့် ရောင်းချသူ တို့ဖြစ်ပါတယ်။

 

မျိုးစေ့ဆိုရာဝယ် အပင်ပေါက်နှုန်း (Germination) ကောင်းတိုင်း မျိုးစစ်မျိုးမှန် မျိုးသန့်မဟုတ်သဖြင့် Seedနှင့် Grain ကို ခွဲခြားနားလည်ရန် လိုအပ်လာမည်ဖြစ်ပါသည်

ယခုကဲ့သို့ စိုက်ပျိုးရန် အချိန်နီးကပ်လာချိန်တွင် မျိုးကောင်းမျိုးသန့် (Seed) ရရှိရန်ခက်ခဲလာပြီဖြစ်၍ စားသုံး ရောင်းချရန်အတွက်သာ အသုံးပြုနိုင်သည့် မျိုးမသန့်သော မျိုးစေ့ (Grain) အား မျိုးအဖြစ်အသုံးပြုရန်

ဝယ်ယူရမည့် အခြေအနေဖြစ်လာပါသည်။ ထိုအခါ အရေးတကြီး မဖြစ်မနေလုပ်ဆောင်ရမည်မှာ အပင်ပေါက်နှုန်း စမ်းသပ်ခြင်း ¬¬(Germination test ) ဖြစ်ပါတယ်။

မည်သည့်စိုက်ပျိုးရေးလုပ်ငန်း လုပ်ဆောင်သူမဆို မဖြစ်မနေလုပ်ဆောင်ရမည့်အလုပ်ပါ။

ဒီတွင် ပြောလာကြပါသည်။

၁။ အပင်ပေါက်နှုန်း စမ်းစရာမလိုပါဘူး။ အရောင်အဆင်း ကောင်းပါတယ်။ အစေ့အနေအထား ကောင်းပါတယ်။ မျိုးစေ့ကို ဘယ်လိုထားပါတယ် ပြောလာသူ

၂။ ကျွန်တော်တို့ အပင်ပေါက်နှုန်းစမ်းပါတယ်။ ဒါပေမဲ့ စမ်းသပ်မှုပုံစံစနစ်မကျသူ။ စမ်းသပ်တယ်သာ ပြော၍ရသူ

၃။ အပင်ပေါက်နှုန်းအား စနစ်တကျစမ်းသပ်သူ ဆိုသော လူတန်းစား(၃)မျိုးပေါ်လာပါသည်

ထိုပုဂ္ဂိုလ်များအနက် အမှတ်စဉ်(၁၊ ၂) တို့နှင့်ပါတ်သက်၍ ရှင်းပြလိုပါသည်။ မဟာအမှားလုပ်မိသူများအတွက်ပါ။

အမှတ်စဉ်(၁) အပင်ပေါက်နှုန်း မစမ်းသပ်ပါဘဲနှင့် သီးနှံအရောင်အဆင်း ကောင်းပါသည် အစေ့အနေအထား ကောင်းပါသည် ဆိုပါသော်လည်း အချို့သီးနှံများတွင် အရောင်အသွေး အမျိုးမျိုးရှိကြပါသည်။ (ဥပမာ) ကုလားပဲ ပါ။ လက်ရှိခေါ်ဝေါ်နေကြသော ထိုင်ဝမ်(ဟော်လန်)၏အရောင်မှာ တစ်မျိုးတည်းသာ ရှိသော်လည်း အရောင်ရင့် နေသော၊ အရောင်ဖျော့သော၊ အရောင်တောက်ပြောင်နေသော ကုလားပဲမျိုးများစွာ ရှိနေပါသည်။ ဤသည် ကား အရောင်နှင့် စကားပြောနေသူများ အတွက်ပါ။ နောက်တစ်ခုကား အစေ့အနေအထား မာခြင်းပျော့ခြင်းပါ။

အချို့သီးနှံများများသည် လက်ရှိအချိန်တွင် မာကျောနေသော်လည်း သီးနှံရိတ်သိမ်းချိန် ရင့်မှည့်မှုရှိခြင်းမရှိခြင်း ခြောက်သွေ့ခြင်း၊ မခြောက်သွေ့ခြင်း၊ သိုလှောင်စဉ်ကာလတွင် ထားသိုမှုအခြေအနေ သိုလှောင်စဉ်ကာလ ပိုးမွှား ကျရောက်မှုမရှိအောင် အဆိပ်ငွေ့ဆေးပြားထည့်ခြင်း၊ အဆိပ်ငွေ့မှိုင်းတိုက်ခြင်း လုပ်ဆောင်စဉ် ဆေးသုံးစွဲမှု ပမာဏတို့မှာ သစ်စေ့အပင် ပေါက်နှုန်း(Germination) အပေါ် သက်ရောက်စေပါသည်။

အမှတ်စဉ်(၂) အပင်ပေါက်နှုန်းစမ်းသပ်ပါတယ်။ စမ်းသပ်မှု ပုံစံစနစ်မကျခြင်းပါ။ ထိုပုံစံကတော့ အတွေ့ရအများ ဆုံးပါ။

(က) အပင်ပေါက်စမ်းသည်ဆိုပြီး အိတ်အပေါ်ပိုင်းမှ မျိုးစေ့ ၁၄၊ ၁၅ စေ့ ခန့်အားယူ၍ အပင်ပေါက်စမ်းသောသူ

(ခ) မျိုးစေ့အများကြီးအား အပင်ပေါက်စမ်းသူ 

အမှတ်စဉ်(က) သမားများ စမ်းသပ်သောပုံစံသည် မျိုးစေ့အိတ်တစ်ခုလုံးအား ကိုယ်စားမပြုနိုင်ပါ။ မျိုးစေ့ပမာဏ နည်းခြင်း အိတ်အပေါ်ယံမှမျိုးစေ့အား ယူငင်စမ်းသပ်ခြင်းကြောင့်ပါ။ အပေါ်မှမျိုးစေ့အများစုသည် ကောင်းမွန် သော အောင်မြင်သော မျိုးစေများဖြစ်နိုင်ပါ။ အမှတ်စဉ်(ခ) သမားများ စမ်းသပ်မှုမျိုးတွင် တွေ့ရသည်မှာ

မျိုးစေ့အများကြီးအား စမ်းသပ်သော်လည်း အပင်ပေါက်လာမှုကိုသာကြည့်၍ အပင်ပေါက်နှုန်းကောင်းပါသည်

ဟု ဆုံးဖြတ်ပြီး ပေါက်သောအစေ့ အရေအတွက်၊ မပေါက်သော အစေ့အရေအတွက်တို့အား ရေတွက်ခြင်း 

မပြုကြခြင်းပါ။ 

အပင်ပေါက်နှုန်းစမ်းသပ်မှုနှင့်ပါတ်သက်၍ မဖြစ်မနေလုပ်ဆောင်သင့်သည်မှာ ထည့်သိုထားသော အိတ်များ၊ ပုံးများ၊ ကန်များအတွင်းမှ ကိုယ်စားပြုနမူနာများအား ရယူခြင်းပြု၍ အပင်ပေါက်ရာခိုင်နှုန်းအား စမ်းသပ်ရန် လိုအပ်ပါသည်။

အိတ်တအိတ်ဆိုလျှင် အပေါ် အလယ် အောက် ယူ၍ စမ်းသပ်ခြင်းမျိုးဖြစ်ပါသည်။ ယူဆောင်ရာတွင်လည်း ကျပန်းစနစ်ဖြင့် ယူဆောင် စမ်းသပ်ရန် လိုအပ်မည်ဖြစ်ပါသည်။

အထူးသတိပြုစရာအဖြစ် ပြောရပါလျှင် ယခုနှစ်ဆောင်းသီးနှံ စိုက်ပျိုးသောကာလ မတ်ပဲစိုက် တောင်သူ လယ် သမားအချို့သည့် မိမိတို့စိုက်ပျိုးမြေများတွင် ကုလားပဲသီးနှံအား အစားထိုးစိုက်ပျိုးရန်အတွက် ကြံစည်ဆောင် ရွက်လာကြရာ ကုလားပဲမျိုးမှာ အချို့ဒေသများတွင် ရှာဖွေဝယ်ယူရရှိရန်ပင် ခက်ခဲ၍နေပေသည်။ အချို့မှာ မတ်ပဲ၊ ပဲတီးစိမ်းအား အိန္ဒိယမှ ကန့်သတ်ကုန်စည်အဖြစ် စတင်သတ်မှတ်ချိန်မှစတင်၍ ကုလားပဲမျိုးကောင်းမျိုးသန့် များ အရောင်းအဝယ်သွက်ခဲ့ပြီး တစ်တင်းလျှင် ၆၀၀၀၀ - ၆၅၀၀၀ ကျပ်အထိ ပေါက်ဈေးပေး၍ ဝယ်ယူရောင်းချ ခဲ့ပြီး ရောင်းချရန်ပင် မရှိတော့သော အခြေအထိ ဒေသအချို့တွင် ဖြစ်နေကြခြင်းပင်။ အချို့ဒေသများတွင် မျိုး ကောင်းမျိုးသန့်မဟုတ်သော ပဲ (Grain) များအား သိုလှောင်ထားသူများမှ လက်ရှိ သီးနှံပေါက်ဈေးထက် သိုလှောင်ထားရှိမှု အရောင်အသွေး အပေါ်မူတည်၍ တစ်တင်းလျင် ၃၀၀၀ - ၅၀၀၀ကျပ် ခွာ၍ ရောင်းချလာခြင်း ကြောင့် သာမန် ထိုင်ဝမ် (ဟော်လန်) ကုလားပဲမျိုး တစ်တင်းလျှင် ၅၀၀၀၀ ကျပ် ပါတ်ဝန်းကျင် ဖြစ်ပေါ်လာခဲ့ ပေသည်။

ယခုကဲ့သို့ မျိုးလိုအပ်မှုရှိ၍ စိုက်ပျိုးချိန်နီးကပ်သော ကာလမျိုးတွင် မျိုးကောင်းမျိုးသန့်(Seed) မရရှိနိုင်သော် လည်း အပင်ပေါက်နှုန်း(Germination) ကောင်းသော စားသုံးရန်အသုံးပြုသည့် မျိုးမသန့်သော မျိုးစေ့(Grain) အား ဝယ်ယူစိုက်ပျိုးရမည့် အခြေအနေတွင် အပင်ပေါက်နှုန်း မကောင်းသော မျိုးစေ့အား ဝယ်ယူစိုက်ပျိုး မိပါ လျှင် တစ်နှစ်တစ်ရာသီ စိုက်ပျိုးရသောသူများအတွက် လိုအပ်သော အပင်ပေါက်နှုန်း မရပါလျှင် ပြန်လည်စိုက်ပျိုး ရသော ကုန်ကျစရိတ်၊ ရာသီချိန်နောက်ကျခြင်းကြောင့် ကြုံတွေ့ရမည့် အခက်အခဲ၊ ဆုံးရှုံးမှုများက ကြိုဆိုနေပေ လိမ့်မည်။

*သတိပြုရန်ရှိပါသေးသည်။

မျိုးကောင်းမျိုးသန့်ဖြစ်ပါသည်။

အပင်ပေါက်ရာခိုင်နှုန်း

မျိုးသန့်စင်မှုရာခိုင်နှုန်း

မျိုးစေ့အစိုဓာတ်ရာခိုင်နှုန်း

ဘာတွေဘယ်လောက် ရှိပါတယ်ဆိုသော မျိုးစေ့တာဝန်ခံရုံးများ၏ မျိုးစေ့အရည်အသွေး ထောက်ခံချက်များ၊ ဌာန ဆိုင်ရာ ထောက်ခံချက်များပေးထားသော အစိုးရ/ ပုဂ္ဂလိကမျိုးသန့်ခြံများမှ ထုတ်ဝေသော မျိုးအိတ်များတွင် ထောက်ခံချက် မည်မျှပါရှိစေကာမူ ထိုမျိုးစေ့များ၏ အပင်ပေါက်ရာခိုင်နှုန်းမှာ လက်ရှိအခြေအနေတွင် ရှိမနေ သည်ကို သတိပြုရန်လိုအပ်ပေသည်။ စမ်းသပ်သည့်ရက်၊ ထောက်ခံချက်ထုတ်ပေးသည့်ရက် နှင့် လက်ရှိကာလ အပေါ်မူတည်၍ အပင်ပေါက်နှုန်း ကျဆင်းသွားနိုင်သောကြောင့်ဖြစ်ပါသည်။

သို့ဖြစ်ပါ၍ မျိုးဝယ်ယူပြီးသူ၊ မျိုးဝယ်ရန် ဆောင်ရွက်နေသူများအနေဖြင့် အပင်ပေါက်ရာခိုင်နှုန်း (Germination test) အား စိုက်ပျိုးခြင်းမပြုမီ အချိန်အခါမီ လုပ်ဆောင်ခြင်းဖြင့် မိမိတို့ဆုံးရှုံးနစ်နာမှုဖြစ်စေသော အကြောင်း တရားများကို ကာကွယ်ရန် လိုအပ်နေကြောင်း အကြံပြုအပ်ပါသည်။

Source – U Thet Lwin ၏Fb page မှ ကူးယူဖော်ပြပါသည်။

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်