စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ (၈)

12/01/2018 14:20 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ASEAN GAP Food Safety Module ကို ကျွန်မ ဘာသာပြန်ခဲ့သည် မှာ   Food Safety Module ,  တွင် Element ၁၀ ခုရှိလေရာ အခု အခါ Element 3   -- စိုက်ပျိုးရေးတွင် ကျင့်သုံးသင့်သည့် အလေ့အထကောင်းများ (၈) ပြီးလျှင် သုံးစွဲသင့်သည့် မြေသြဇာ များအကြောင်း ပြီးစီးခဲ့ပြီ ဖြစ်ပါသည်။

ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၅)

မြေသြဇာ နှင့်မြေ ဆီလွှာ ပံ့ပိုးဖြည့်စွက်ပစ္စည်းများကို ထည့်သွင်းအသုံးပြုသည့် ကိရိယာ များ သည် အချိန်မရွေး အသုံးပြု နိုင်စေရန် တစ်နှစ်လျှင် အနည်းဆုံး တစ်ကြိမ် ကျွမ်းကျင်သူ များနှင့်စစ်ဆေးရပါမည်။

မြေသြဇာ အရည် ပက်ဖြန်း သည့်ကိရိယာ များ၊ မြေသြဇာ ကျွေးသည့် ကိရိယာများ ကို သေချာ ပြုပြင် မထားပဲ ယိုခြင်းပေါက်ခြင်း ရှိနေပါက လိုအပ်သည်ထက်ပိုမိုသုံစွဲ မိနိုင်ပါသည်။  ကိရိယာများကို တစ်နှစ်လျှင် တစ်ကြိမ် အနည်းဆုံး ထားပြီး ကျွမ်းကျင်သော ပညာရှင်များနှင့် နှုန်းထားမှန်ကန်စွာ ပက်ဖြန်းနိုင်ခြင်း ရှိမရှိ စစ်ဆေး သင့်ပါသည်။

ကျွမ်းကျင်သူပညာရှင် ဆိုသည် မှာ လယ်သမားကိုယ်တိုင်သော်လည်းကာင်း ၊ ကိရိယာ ကိုဖြန့်ဖြူးသည့် ကုပ္မဏီ မှ ကျွမ်းကျင်ဝန်ထမ်းသော် လည်းကောင်း ဖြစ်ရပါမည်။ မြေဆွေး ချ ကိရိယာ များ ၊ သြဂဲနစ် မြေသြဇာ များထည့်ရန်အသုံးပြုသည့် ကိရိယာများ ကိုတခြားသော ကိစ္စရပ် များ တွင် အသုံးမပြုသင့်ပါ။ သီးသန့်ဖယ်ထားရပါမည်။ အထူးသဖြင့် မိမိ စိုက်ခင်းမှာထုတ်လုပ်သည့် သီးနှံ များနှင့်မထိတွေ့စေရပါ။

ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၆)

မိမိ ခြံအတွင်း မြေသြဇာ နှင့် မြေဆီလွှာ ပံ့ပိုးဖြည့်စွက် ပစ္စည်းများ သိုလှောင်ခြင်း ၊ ရောစပ်ခြင်း ၊ အတင်အချ ပြုလုပ်ခြင်း တို့နှင့် မြေဆွေးပြုလုပ်သည့် သြဂဲနစ် ပစ္စည်းများကို ထားရှိသည့်နေရာ သည် တခြားသော အဆိပ်အတေက်ရှိသော ပစ္စည်းများ ဝင်ရောက် လာ နိုင်မှုအခြေအနေ သည် တတ်နိုင်သမျှ အနည်းဆုံး ဖြစ်စေသင့်ပါသည်။ ထို့အတူ ထို နေရာမှ တဆင့်လည်းရေတွင်းရေကန်များသို့ စိမ့်ဝင် ပြန့်နှံနိုင်မှု မရှိစေရပါ။

အကယ်၍ မိမိ ခြံအတွင်း မြေသြဇာ နှင့် မြေဆီလွှာ ပံ့ပိုးဖြည့်စွက် ပစ္စည်းများ သိုလှောင်ခြင်း ၊ ရောစပ်ခြင်း ၊ အတင်အချ ပြုလုပ်ခြင်း တို့နှင့် မြေဆွေးပြုလုပ်သည့် သြဂဲနစ် ပစ္စည်းများကို ထားရှိသည့်နေရာ သည် သီးနှံခင်း ရေတွင်းရေကန်တို့နှင့်နီးကပ်နေပါက မိုးရေ ၊ စီးဆင်းသော ရေ များ ၊တိုက်ခတ်သော လေ များ မှ တဆင့် ဇီဝ နှင့်ဓာတု အညစ်အကြေး များ ဝင်ရောက်ပါဝင်လာနိုင်ပါသည်။

သို့အတွက်ကြောင့် ထိုနေရာကိုသီးသန့်တည်ဆောက်ထားသော အဆောက်အဦ ဖြင့်ထားရှိခြင်း ၊ အကအရံများ ထားရှိခြင်း ၊ ရေနုတ်မြောင်း များတူးထားခြင်း ဖြင့် တိုက်ရိုက်သော်လည်းကောင်းသွယ်ဝိုက်သော်လည်းကောင်း မိမိ၏ ထုတ်ကုန် သီးနှံ သန့်စင် မှုရှိစေရန် ကာကွယ်ထားရှိ နိုင်ပါသည်။


စိုက်ခင်း ထဲသို့ အသုံးပြုမည့် ရေ မြောင်းအနီးတွင်မြေသြဇာထားခြင်းဖြင့် စိုက်ခင်းသို့ အညစ်အကြေး များပါဝင်သွားစေနိုင်ပါသည်။

 

စိုက်ခင်း ထဲသို့ အသုံးပြုမည့် ရေ မြောင်းအနီးတွင်မြေသြဇာထားခြင်းဖြင့် စိုက်ခင်းသို့ အညစ်အကြေး များပါဝင်သွားစေနိုင်ပါသည်။

ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၇)

မြေသြဇာ နှင့် မြေဆီလွှာ ပံ့ပိုးပစ္စည်းများကို ဝယ်ယူသည်ဖြစ်စေ၊ ကိုယ်တိုင်ပြုလုပ်သည် ဖြစ်စေ မည်သည့်နေရာမှ ဝယ်ယူပါသည် ၊ ရရှိပါသည်  မြေသြဇာ ၏ စျေးကွကတွင်ရောင်းချသည့်် အမည်၊ရက်စွဲ နှင့် အရည်အတွက်ကို သေချာ စွာမှတ်တမ်းပြုစုထားရပါမည်။

ထောက်ခံထားသည့်ကျင့်သုံးသင့်သော အလေ့အထ (၁၈)

ထို့အပြင် မြေသြဇာ နှင့် မြေဆီလွှာ ပံ့ပိုးပစ္စည်းများကို အသုံးပြုပုံ ၊ရရှိဝယ်ယူသည့်မှတ်တမ်း၊ဝယ်ယူသည့်ရက်စွဲ ၊ ဝယ်ယူသည့်ဆိုင် ၊ မြေသြဇာ ၏နာမည် ၊ မြေသြဇာ ထည့်ထားသည့် စိုက်ကွက် ၊ မည်သည့်ကိရိယာကိုအသုံးပြု၍ ကျေးမွေးသည်၊ ကျွေးသည့်နှုန်းထား ၊ကြိမ်ရေ၊ မြေသြဇာ ကျွေးသူ၏ အမည် နှင့်တကွ မှတ်တမ်း တင်ထားရပါမည်။

ထိုသို့ အသုံးပြုသည့်မှတ်တမ်းများ ကို ကောင်းစွာ ထိန်းသိမ်း ထားသည့်အတွက်  မိမိ စိုက်ခင်းမှ ရိတ်သိမ်း ပြီး အချိန် ကုန်ပစ္စည်းထုတ်လုပ်ဖြန့်ချီချိန် တွင်အဆိပ်အတောက် တစ်စုံတရာတွေ့ ရှိပြီး ပြဿနာ တစ်ခုခု ရှိ၍ နောက်ကြောင်းလိုက်သည့်အခါ တွင် စုံစမ်းစစ်ဆေးရန် ၊ကိုးကား သက်သေ ထူနိုင်ရန်အတွက် ဖြစ်ပါသည်။

အချက်အလက် ပြည့်စုံစွာ ရေးသားထားသော မှတ်တမ်းမှတ်ရာ ၊ ရက်စွဲ ၊ ပစ္စည်းအသွင်းအထုတ် မှတ်တမ်း ဇယားနှင့်အတိအကျ မှတ်တမ်းတင်ထား ရမည် ဖြစ်သလို ကုန် ပစ္စည်း ပေးပို့ခြင်း လက်ခံရရှိခြင်း တို့ နှင့်ပတ်သက်သည့် ပြေစာ များကို ပါ ပူးတွဲ သိမ်းဆည်းရပါမည်။

ထားရှိသင့်သည့် မြေသြဇာ နှင်မြေဆီလွှာ ဖြည့်စွက်ပစ္စည်းများ သုံးစွဲမှု ဝယ်ယူမှု ၊သိုလှောင်မှု မှတ်တမ်း ကိုပုံနှင့်တကွ ဖေါ်ပြအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်