ဆာလဖာဓာတ်ပါဝင်တဲ့မြေဩဇာတွေက ပိုအကျိုးရှိပါတယ်

30/03/2020 12:30 PM တွင် ပြည့်ဖြိုးသော် ပြည့်ဖြိုးသော် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အားလုံးပဲမင်္ဂလာပါ.......

    နိုက်ထရိုဂျင်မြေဩဇာဟာ သီးနှံပင်များအတွက် မရှိမဖြစ် အရေးကြီးတဲ့ မြေဩဇာတစ်မျိုးဖြစ်ပြီးတော့ တောင်သူအခေါ် ပုလဲမြေဩဇာဖြစ်ပါတယ်။ သို့သော်ငြား နိုက်ထရိုဂျင်တွေပဲ လွန်ကဲစွာထည့်ရုံနဲ့ အပင်တွေကြီးထွားမှုနှုန်း များမလာတဲ့အကြောင်းအရင်း များစွာရှိပါတယ်။ အချို့ကတော့ ကြဲပက်တာမျိုး၊ အချို့ကတော့ ကျွေးပြီး မြေပြန်မဖုံးမိတာတွေကြောင့် လေလွင့်ဆုံးရှုံးမှုက ပိုဖြစ်နေရခြင်းကြောင့်ဖြစ်ပါတယ်။ နိုက်ထရိုဂျင်ကျွေးရုံမျှမက ဆာလဖာကိုလည်း ကျွေးဖို့ အရေးကြီးပါတယ်။ ကျွန်တော်တို့နိုင်ငံရဲ့ အဓိက စိုက်ပျိုးထုတ်လုပ်တဲ့ သီးနှံအများစုဟာ ဆာလဖာဓာတ်ကိုလည်း ကျွေးရန်လိုအပ်တဲ့ သီးနှံတွေဖြစ်နေလို့ပါပဲ။

    ဆာလဖာက အမြစ်ဖွံ့ဖြိုးမှုကို အားကောင်းစေရုံမျှမက အပင်ရဲ့ အဓိကကြီးထွားဖွံ့ဖြိုးမှုဖြစ်တဲ့ ပရိုတင်းဓာတ်ထုတ်လုပ်ရာမှာ အဓိကလိုအပ်ပါတယ်။ နိုက်ထရိုဂျင်မြေဩဇာအများစုရဲ့ ဖော်မြူလာဟာ CAN လို့ အလွယ်ခေါ်နိုင်ပါတယ်။ သူ့မှာ 

    ကယ်လ်ဆီယမ်အောက်ဆိုဒ် Calcium oxide (CaO) ၊ အမိုးနီးယား Ammonia (NH 4)နဲ့ နိုက်ထရိတ် Nitrate ( NO ³)တို့ အချိုးအစားမျှတစွာ ပါဝင်ကြပါတယ်။ အဲ့ CAN နဲ့ ရောထားတဲ့ NS ‌ဓာတ်မြေဩဇာတွေက သာမန်နိုက်ထရိုဂျင် မြေဩဇာများထက် ပိုပြီးအကျိုးပြုပါတယ်။ များသောအားဖြင့် ဆာလဖာနဲ့ ပူးတွဲပြီးထုတ်လုပ်တဲ့ မြေဩဇာရဲ့ အချိုးဟာ NS - ၄ : ၁ ပါ၀င်တတ်ပါတယ်။ သီးနှံတစ်မျိုးရဲ့ ကြီးထွားမှုဟာ NPK ဖြစ်ပေမယ့် နှံစားသီးနှံဖြစ်တဲ့ စပါး၊ အမြစ်နဲ့ ဥစားသီးနှံများဖြစ်တဲ့ ၀ဥ၊ အာလူး စတဲ့သီးနှံများနဲ့ Upland crop လို့ခေါ်တဲ့ ယာသီးနှံတော်တော်များများရဲ့မြေမှာ ဆာလဖာလိုအပ်ပါတယ်။ ဆာလဖာရောနှော မြေဩဇာကို သီးနှံမစိုက်ပျိုးမီမှာ မြေခံအဖြစ် အသုံးပြုနိုင်ပြီးတော့ ပန်းစပွင့်ချိန်မှာလည်း ဖြည့်စွက်အဟာရအဖြစ် ကျွေးနိုင်ပါတယ်။

    ဆာလဖာဟာ အက်ဆစ်ဆန်တဲ့မြေမှာတောင် မြေဆီရဲ့ အဟာရစုပ်ယူနိုင်စွမ်းကို ‌အားပေးနိုင်ပါတယ်။ အကျိုးပြုအဏုဇီ၀ပိုးများရဲ့ လုပ်ငန်းများကိုလည်း အားပေးတဲ့အတွက် မြေခံထည့်မယ့်မြေဩဇာဟာ ကွန်ပေါင်းပြီးရင် ဒုတိယအကောင်းဆုံး မြေဩဇာဖြစ်ပါတယ်။ သူ့ချည်းပဲ ကျွေးတာမဟုတ်ပဲ နိုက်ထရိုဂျင်နဲ့တွဲထားတဲ့ ဆာလဖာမြေဩဇာဟာ ပိုမိုထိရောက်တာကို တွေ့နိုင်ပါတယ်။ အမိုနီယမ်ဆာလဖိတ် ဖော်မြူလာပါတဲ့ မြေဩဇာမှာတော့ ဆာလဖာ ၂၄ % အထိ ပါ၀င်တတ်ပြီး ရွံ့စေးနုံးမြေမှာ ပိုမိုသင့်တော်ပါတယ်။ ဂျစ်ပဆန်မြေ‌ဩဇာမှာတော့ ဆာလဖာ ၁၅-၁၈ %ပါ၀င်တတ်ပြီး မွတဲ့မြေအမျိုးအစားမှာသုံးဖို့ ပိုမိုသင့်တော်ပါတယ်။ တီစူပါမဟုတ်တဲ့ သာမန် စူပါဖော့စဖိတ်မှာတော့ ဆာလဖာက ၁၁ % ပါဝင်လျှက်ရှိပါတယ်။ ဆာလဖာချို့တဲ့ရင် အရွက်တွေဝါပြီး သေးသေးနုပ်နုပ်နဲ့ ဖွံ့ဖြိုးမှုနှေးကွေးတဲ့ လက္ခဏာတွေ အဓိကဖြစ်ပေါ်စေပါတယ်။

    အထက်ပါအကြောင်းအရာတွေကတော့ နိုက်ထရိုဂျင်သာမက ဆာလဖာရဲ့အရေးကြီးပုံကို အကျဉ်းချုံးဖေါ်ပြခဲ့ခြင်းဖြစ်ပါတယ်။ စိုက်ပျိုးသီးနှံများ ဖြစ်ထွန်းအောင်မြင်၍ အကျိုးအမြတ်များ ရကြပါစေ။

ပြည့်ဖြိုးသော်

B.Agr.Sc (soil & water Science)

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်