အမျိုးသမီးတို့အလှအပအတွက် ထမင်းရည်၏ လျှို့ဝှက်ချက်

04/09/2019 14:00 PM တွင် ကျော့နန္ဒာစိုး ကျော့နန္ဒာစိုး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   အသက်ကြီးကြီးငယ်ငယ် အမျိုးသမီးအများအများစုက လှချင်ကြတာ မိန်းမသဘာဝပါ။ ကမ္ဘာတစ်ဝန်းက အမျိုးသမီးအများစုဟာ မိမိတို့၏အလှအပရေးရာအတွက် အမြဲတမ်းလိုလိုရှာဖွေလေ့ရှိကြပါတယ်။ ထိုထဲမှ အသားအရေနဲ့ ဆံကေသာအတွက်အသုံးဝင်မယ့် လျှို့ဝှက်ချက်တစ်ခုဖြစ်တဲ့ ထမင်းရည်ကိုလည်း အာရှမှာတွင်ကျယ်စွာသုံးလာကြပါပြီ။

   ထမင်းချက်တဲ့အခါမှာ ထမင်းဖြစ်လောက်တဲ့အထိ ချက်လိုက်တာမျိုးမဟုတ်ပဲ ရေဆူပြီး ထမင်းမပျစ်တဲ့အချိန်လောက် ထမင်းရည်ကိုငှဲ့ထားပြီး သန့်စင်သောခွက်တစ်ခုခုထဲတွင်အအေးခံရပါမယ်။ မျက်နှာသစ်ပြီးတဲ့အခါ တိုနာဂွမ်းလေးဖြင့် ထမင်းရည်ကိုစွတ်ကာ မျက်နှာအနှံ့ ပွတ်ပေးပါက မျက်နှာကိုသန့်စင်ကြည်လင်စေပြီး ဖြူစင်ဝင်းမွတ်စေသည့်အပြင် နေလောင်ဒဏ်ကို သက်သာစေပြီး ချွေးပေါက်ကိုလည်းကျဉ်းစေပါတယ်။

   မနက်တစ်ခါ ညတစ်ခါ ပုံမှန်လုပ်ပေးခြင်းအားဖြင့် မျက်နှာအသားအရေ ချော့မွေ့စေပြီး တင်းတိတ်၊ ဝက်ခြံများကိုသိသိသာသာသက်သာစေပါတယ်။ ညမအိပ်ခင် ပေါင်းတင်မယ်ဆိုရင်တော့ အကောင်းဆုံးပေါ့နော်။

   ထမင်းရည်တွင် ထမင်းတွင်ပါဝင်သော အာဟာရဓာတ်များဖြစ်တဲ့ ဗီတာမင် စီ၊ ဗီတာမင် အေ၊ ဖီလ်နိုးလစ်နှင့် ဖလာဗိုနွိုက် ဓာတ်ပေါင်းများပါဝင်တဲ့အတွက်  အသက်အရွယ်ကြောင့်ဖြစ်တဲ့ အရေးကြောင်းတွေ၊ နေလောင်ဒဏ်ကြောင့်ဖြစ်တဲ့ အညိုကွက်တွေကို ထိရောက်စွာသက်သာစေပါတယ်။

   ထမင်းရည်က မျက်နှာအသားအရေတွက်သာမက ဆံပင်အတွက်လည်း အားဖြည့်ပေးပါတယ်။ ပုံမှန်တိုင်းခေါင်းလျှော် ပေါင်းတင်ပြီးလျှင် ထမင်းရည်ဖြင့် ရေဆေးချလိုက်ခြင်းဖြင့် ဆံကေသာကို နက်မှောင်ပြီးပျော့ပျောင်းစေပါတယ်။ တရုတ်နိုင်ငံ ဝှောင့်လွှာ(Huangluo) ရွာမျာရှိတဲ့ အမျိးသမီးအများစုက အချဉ်ဖောက်ထားသော ထမင်းရည်သည် ဆံကေသာကို တောက်ပသန်စွမ်းပြီး ကျန်းမာစေတယ်ဟု ယုံကြည်မှုရှိကြပါတယ်။ အလှအပနဲ့ပတ်သက်ပြီးနိုင်ငံတကာအဆင့်မီ ဂျာနယ်တစ်ခုတွင်လည်း ဂျပန်ဆန်တစ်မျိုးဖြစ်တဲ့ (Yu-Su-Ru) ဆန်က ဆံကေသာပျော့ပျောင်းမှုအတွက် များစွာအကျိုးရှိပြီး ဆံသားကြမ်းတမ်းခြင်းကို လျော့နည်းစေပါတယ်လို့ ဖော်ပြထားပါတယ်။ ထမင်းရည်ဖြင့် ဆံပင်ပေါင်းတင်ခြင်းကို တစ်ပတ်လျှင် နှစ်ကြိမ်ပြုလုပ်ပေးနိုင်ပါတယ်။

   လူတိုင်းလည်း ကြားဖူး လုပ်ဖူးကြမှာပါ။ အဲ့ဒါကတော့ ထမင်းရည်ကို သောက်ကြတယ်ဆိုတာပါပဲ။ ထမင်းရည်မှာ အာဟာရဓာတ်တွေ ပါဝင်တဲ့အတွက် ကျန်းမာရေးအတွက်ကောင်းမွန်စေကာ စွမ်းအင်ပြည့်ဝစေပါတယ်။ ဝမ်းချုပ်ခြင်း၊ ဝမ်းပျက်ခြင်း၊ အစာအိမ်ဖောင်းခြင်းတို့ကိုလည်း သက်သာစေပါသည်။ အသက်ကြီးသူတွေအတွက် အသုံးဝင်တဲ့ဆေးစွမ်းတစ်လက်လည်းဖြစ်ပါတယ်။ ဒါကတော့ အလွယ်ကူဆုံး နည်းလမ်းပေါ့နော်။

   အမျိုးသမီးများ အသားအရည်နှင့် ဆံကေသာအတွက်သုံးကြသော သဘာဝနည်းအတိုင်းရတဲ့ ထမင်းရည်ဟာဆိုရင်ဖြင့် ဈေးလည်းမကြီးဘဲ အလွယ်တကူရနိုင်ပါတယ်နော်။ သဘာဝနည်းဖြစ်တဲ့အတွက် မတည့်မှာလည်း မပူရတော့ဘူးပေါ့။ မကုန်တဲ့အခါတွေမှာလည်း ရေခဲသေတ္တာထဲထည့်ပြီး လေးရက်ထိ သိမ်းဆည်းထားလို့ရပါတယ်။ အိမ်မှာ ထမင်းကို အချိန်ပေးချက်ပြီး ထမင်းရည်ခံထားခြင်းဖြင့် ကိုယ့်ရဲ့အလှအပအတွက် အချိန်ပေးလိုက်ကြအောင်နော်။

ကျော့နန္ဒာစိုး

ကိုးကား- https://www.mnn.com/lifestyle/natural-beauty-fashion/stories/what-rice-water-and-what-it-good


ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်