အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မေမြို့ပန်းစိုက်ပျိုးရေးလုပ်ကိုင်သူများ ဈေးကွက်ကောင်းမွန်နေ

မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မေမြို့ပန်းစိုက်ပျိုးရေးလုပ်ကိုင်သူများ ဈေးကွက်ကောင်းမွန်နေ

    မွန်ပြည်နယ်၊ ပေါင်မြို့နယ်တွင် မေမြို့ပန်းစိုက်ပျိုးရေးလုပ်ကိုင်သူများ ဈေးကွက်ကောင်းမွန်နေကြောင်း ဒေသခံများထံမှ သိရသည်။

မေမြို့ပန်းကို ၂၀၁၆ ခုနှစ်လောက်က စတင်စိုက်ပျိုးခဲ့ပါတယ်။ မြန်မာနိုင်ငံက ဗုဒ္ဓဘာသာနိုင်ငံဆိုတော့ ၁၂ လ ရာသီလုံး ဘုရားပန်းအသုံးပြုတာရယ်၊ မေမြို့ပန်းက စိုက်သက်တမ်းတိုတိုနဲ့ ဝင်ငွေရတာရယ်၊ ပန်းစိုက်ရတာဝါသနာပါတဲ့အတွက်ရယ်၊ စိုက်ဖြစ်ခဲ့တာပါ။ မေမြို့ပန်း အပင်ရေ (၁၀,၀၀၀) ကျော်လောက် စိုက်ပျိုးထားပါတယ်။ မျိုးဖိုး၊ ထယ်ထိုးထွန်ယက်ခ၊ ဆေးဖိုး၊ မြေသြဇာဖိုး၊ အလုပ်သမားခတွေက ပျမ်းမျှ (၅) သိန်းကျပ်လောက် ကုန်ကျပါတယ်။ အပင်ရေ (၂၀,၀၀၀) စိုက်ရင်တော့ ငွေ သိန်း(၂၀) ပြန်ရပါတယ်။

ဟု မွန်ပြည်နယ်၊ ပေါင်မြို့နယ်၊ လက်ပံကျွန်းသဲကုန်းမှ မေမြို့ပန်းစိုက်ပျိုးသူ ကိုစိုးလင်းထွန်း က ပြောသည်။

    မေမြို့ပန်းသည် စိုက်ပျိုးပြီး (၃) လခွဲအကြာတွင် ဈေးကွက်ဝင် ရောင်းချနိုင်သဖြင့် အချိန်ကုန်သက်သာ ဝင်ငွေရရှိကာ အကျိုးအမြတ်တိကျမှုရှိကြောင်းသိရသည်။

ကျွန်တော်တို့ဒေသက မြစ်ဝကျွန်းပေါ်ဒေသဆိုတော့ နိုဝင်ဘာလကုန်လောက်ကစပြီး စိုက်ပျိုးပါတယ်။ စိုက်ပျိုးပြီး (၃) လခွဲမှာ ပန်းစတင်နှုတ်ပြီး (၅) ရက်တစ်ကြိမ်  ဈေးကွက်ထဲ တင်ပို့ရောင်းချပါတယ်။ ဈေးကွက်ကတော့ ကိုယ့်ကျေးရွာမှာ အနည်းအကျဉ်းရောင်းပြီး မော်လမြိုင်မြို့ပေါ်က ပန်းဒိုင်ကို တင်ပို့ရောင်းချပါတယ်။ ဈေးနှုန်းက မေမြို့ပန်းတစ်ပင်ကို အမြင့်ဆုံးဈေး (၁၂၀) ကျပ်ကနေ အနိမ့်ဆုံးဈေး တစ်ပင် (၇၀) ကျပ်လောက်ရတယ်။

ဟု ၎င်းက ဆက်လက်ပြောသည်။

     မေမြို့ပန်းဈေးကွက်တင်ပို့ရာတွင် နေပူဒဏ်ထိခြင်းမှကာကွယ်ရန် အထူးလိုအပ်ပြီး၊ နေပူချိန်မြင့်မားပါက ပန်းအရည်အသွေးထိခိုက်ခြင်း၊ ပန်းနာ/ပန်းနွမ်းခြင်း၊ ဈေးနှုန်းကျဆင်းခြင်းများ ကြုံတွေ့ရတတ်ကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

1
ဦးအောင်သန်း

ဦးအောင်သန်း

လွန်ခဲ့သော ၅ နှစ် က

လိုအပ်တဲ့အဟာရဖြည့်စွပ်ပုံလေးပြေ

You

ဆက်စပ်ဆောင်းပါးများ

ဆက်စပ်မေးခွန်းများ

ဘာဆေးသုံးရင်ကောင်းမလည်း

အောင်သန်းဦး • ဖြေကြားချက် 0 ခု

ပြောင်စိုက်ဖို့ထယ်ကြောင်းဆွဲပြီး..သဘာဝမြေသြဇာရယ်..ဂျစ်ဆပ်ကျောက်မှုန့်ရယ်..ငါးအမိုင်နို.အာ့သုံးမျိုးရေပြီးမြေခံအဖြစ်ထည့်သုံးလို့ရလားဗျ..

kyaw min latt • ဖြေကြားချက် 1 ခု

အမေးကဏ္ဌတော့မဟုတ်ပါဘူးကျေးဇူးတင်ကြောင်းလေးပြောခြင်လို့ပါ..သိခြင်တာလေးတွေမေးပြီးပတ်တာအထွက်နုန်းသိသိသာသာတိုးလို့ပါ...မေးသမျှဖြေကြားပေးတဲ့စိုက်ပျိုးရေးအသိပညာရှင်များကိုကျေးဇူးအထူးတင်ပါတယ်ဗျာ....

သန်းထိုက်အောင် • ဖြေကြားချက် 0 ခု

ပဲစင်းငုံကို.အင်းဇိုင်းဆေးပတ်တာနဲ့.ငါးအမိုင်နိုပတ်တာဘယ်ဟာပိုပြီးအဆင်ပြေနိင်လဲဗျ...1မျိုးဆီပတ်တာနဲ့...2မျိုးရောပတ်တာကော​ကောင်းလားဗျ...ပဲစင်းငုံပင်အဓိကလိုအပ်တဲ့အဟာရဘာလဲဗျ...

သန်းထိုက်အောင် • ဖြေကြားချက် 0 ခု

နွားမျက်စိတဘက်ဝယ်လာထဲကမျက်ရည်ကျနေ10ရက်ကျော်ပြီးကြည့်ကြည့်တာတော့ဘာမှထိခိုက်ဒဏ်မတွေ့ရဘာလုပ်သင့်လဲဘာဖြစ်တာလဲရှင်းပြပြောပြပေးပါဗျ

zin Phyo naung • ဖြေကြားချက် 3 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။