သစ်တောစိုက်ခင်း တည်ထောင်ချင်သူများ၊ ပျိုးထောင်ရောင်းချသူများအတွက် ဆောင်ရန်၊ ရှောင်ရန် အချက်(၉)ချက်

10/06/2020 12:30 PM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    သစ်တောစိုက်ခင်း တည်ထောင်ချင်သူများ၊ ပျိုးထောင်ရောင်းချသူများအနေနဲ့ စဉ်းစားလုပ်ဆောင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အသိပညာများစွာရှိပြီး၊ အကျိုးအမြတ်ရလိုဇောနဲ့ အလျင်စလိုလုပ်ကိုင်ပါက အဘက်ဘက်မှာ နစ်နာဆုံးရှုံးမှုများစွာ ဖြစ်စေတတ်ပါတယ်။ 

    ဒီလိုမျိုး နစ်နာဆုံးရှုံးမှုတွေကနေ ကာကွယ်နိုင်ဖို့အတွက် နှစ်ရှည်သစ်တောစိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်း လက်တွေ့လုပ်ဆောင်နေသူတစ်ဦးထံ မေးမြန်းစူးစမ်း၍ တင်ပြလိုက်ရပါတယ်။

လိုင်းပေါ်မှာ သစ်ပင်မျိုးတစ်မျိုး နံမည်ကြီးပြီဆိုတာနဲ့ ရောင်းတဲ့သူကလည်း ပျိုးထောင်ရောင်းမယ်၊ စိုက်ချင်တဲ့လူကလည်း စိုက်မယ်ဆိုတာချည်းပဲ။ သေချာမလေ့လာ လောဘကြီးပြီး၊ ပျိုးပင်တွေပျိုးတယ်။ မကုန်နိုင်တော့ ရတဲ့ဈေးနဲ့ ရောင်းကြပြန်တယ်။ အရင်းအမြတ် ဘာမှန်းမသိ၊ ဈေးကွက်တွေပျက်၊ အချိန်ကုန်လူပန်း ဖြစ်နေကြတယ်။ ကိုယ့်မိတ်နဲ့ကိုယ် ဒေသလိုအပ်ချက်တွေကို သေချာတွက်ချက်ပြီး ပျိုးထောင်ပါ။ အဓိကက ပြောချင်တာက စေတနာထားကြပါ။

ဟု သစ်နေခြည် နှစ်ရှည်သစ်တောစိုက်ပျိုးရေးဝန်ဆောင်မှုလုပ်ငန်းမှ စီမံအုပ်ချုပ်သူ ဦးထင်လင်းအောင်က ပြောပါတယ်။

    သစ်တောစိုက်ခင်း တည်ထောင်ချင်သူများ၊ ပျိုးထောင်ရောင်းချသူများအနေနဲ့ စဉ်းစားလုပ်ဆောင်သင့်တဲ့ ဆောင်ရန်၊ ရှောင်ရန် အချက်အလက်များစွာရှိတဲ့အနက် အခြေခံသိထားသင့်တဲ့ အချက် (၉) ချက်ရှိပါတယ်။

(၁) မိမိပျိုးထောင်မယ့် ပျိုးပင်၊ မျိုးစေ့မှန်မမှန် မျိုးကောင်းမျိုးသန့် ဟုတ်မဟုတ်ကို ကြိုတင်လေ့လာပြီးမှ ဝယ်ယူပါ။ 

(၂) မိမိဒေသနဲ့ ကိုက်ညီတဲ့မျိုးဖြစ်ဖို့ အလွန်အရေးကြီးပါတယ်။ ဒေသရာသီဥတု၊ အပူချိန်၊ မြေချဉ်ငံကိန်းတို့နဲ့ ကိုက်ညီတဲ့မျိုးများကိုသာ ပျိုးထောင်ပါ။

(၃) မိမိပျိုးထောင်မယ့်ပျိုးပင်က ဈေးကွက်ဝယ်လိုအားရှိရဲ့လား အရင်ဆုံးလေ့လာပါ။ 

(၄) မိမိပျိုးထောင်မယ့်ပျိုးပင်က ဒေသတွင်း စိုက်ပျိုးထားပြီးသား စိုက်ဧက ဘယ်လောက်ပမာဏရှိနေသလဲ သေချာလေ့လာပါ။ 

(၅) မိမိနဲ့ လက်လမ်းမီသလောက်၊ မိမိလုပ်နိုင်စွမ်းရှိသလောက် အပင်အရေအတွက်ကိုသာ တွက်ချက်ပျိုးထောင်ပါ။ 

(၆) မိမိပျိုးထောင်တဲ့ ပျိုးပင်တွေကို နေပူဒဏ်၊ အကြမ်းခံအောင် လေ့ကျင်ပြုစုပေးပါ။ (ဒါမှသာလျှင် ပျိုးပင်ကြံ့ခိုင်မှုအပိုင်းကို အာမခံရောင်းချနိုင်ပါလိမ့်မယ်။)

(၇) မိမိရောင်းချမယ့် ပျိုးပင်အတွက် မျိုး၊ အရည်အသွေး အပြည့်အဝအာမခံပြီး ရောင်းချပါ။ (ကုန်အောင် မရောင်းနိုင်ရင် ထိန်းသိမ်းစရိတ်က ကြီးပါတယ်။ )

(၈) နှစ်ဟောင်းက အပင် ပျိုးအိတ်ကို အသစ်မလဲထားပဲ ရောင်းမယ်ဆိုရင် ဝယ်ယူသူကို သေချာရှင်းပြပြီးမှ ရောင်းချပါ။ (ရောင်းရရင်ပြီးရော မရောင်းပါနဲ့။)

(၉) ခရီးဝေးသယ်မယ့်အပင်တွေကို ပျိုးဘောင်ကနေ အရင်ထုတ် သန့်စင်ထားပါ။ ခရီးပန်း ခံနိုင်အောင် လုပ်ထားပါ။ (ကားတင်ခါနီးမှ အပင်အမြစ်ဆွဲဖြတ်ရတဲ့ အပင်မျိုးမဖြစ်အောင် ကြိုတင်ပြင်ဆင်မှုထားပါ။)


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်