မြန်မာ့မိတ်ကပ် (သို့မဟုတ်) သနပ်ခါး အကြောင်း သိကောင်းစရာ

30/03/2020 17:00 PM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

အင်္ဂလိပ်အမည် = Chinese Box Tree, Wood Apple, Thanakha

    မြန်မာ့ရိုးရာသနပ်ခါးကို နှစ်ပေါင်းများစွာမှ စတင်ကာ မြန်မာအမျိုးသမီးများ၏ သဘာဝအလှကုန်ပစ္စည်းအဖြစ် သုံးစွဲလာခဲ့ကြပါသည်။ ထို့အပြင် သနပ်ခါးအား အသားအရေထိန်းသိမ်းပေးသည့် သဘာဝပစ္စည်းအဖြစ်လည်း လူသိများပါသည်။ သနပ်ခါးကို မြန်မာနိုင်ငံတွင် လွယ်ကူစွာဝယ်ယူရရှိနိုင်ပါသည်။ သနပ်ခါးအတုံးကို ကျောက်ပျဉ်ပေါ်တွင် ရေအနည်းငယ်နှင့် သွေးကာ ရရှိလာသော အနှစ်အား မျက်နှာနှင့် ခန္ဓာကိုယ်တွင် လွယ်ကူစွာလိမ်းခြယ် အသုံးပြုနိုင်ပါသည်။

ပေါက်ရောက်ရာ ဒေသ 

    သနပ်ခါးပင်ကို သီရိလင်္ကာနိုင်ငံ၊ အိန္ဒိယနိုင်ငံ အနောက်ပိုင်း၊ ထိုင်းနိုင်ငံ၊ ပါကစ္စတန်နှင့် မြန်မာနိုင်ငံအလယ်ပိုင်း အညာဒေသတို့တွင် တွေ့ရှိရပါသည်။ သနပ်ခါးသည် အပူပိုင်းဒေသများတွင် ဖြစ်ထွန်းအောင်မြင်သည့် သီးနှံဖြစ်သဖြင့် မြန်မာနိုင်ငံ၏ အပူပိုင်းဒေသများဖြစ်သည့် စစ်ကိုင်းတိုင်း၊ မန္တလေးတိုင်းနှင့် မကွေးတိုင်းဒေသများတွင် စီးပွားဖြစ် စိုက်ပျိုးကြရုံတင်မက အိမ်ခြံဝင်းအတွင်းတွင်လည်း စိုက်ပျိုးလေ့ရှိကြသည်ကို တွေ့မြင်နိုင်ပါသည်။ သနပ်ခါးပင်သည် နှစ်ရှည်ပင်ဖြစ်ပြီး သက်တမ်းအားဖြင့် ၃၅ နှစ်ဝန်းကျင်ရှိကာ ၎င်းအချိန်သည် သနပ်ခါးပင်၏ အရည်အသွေးအကောင်းဆုံးအချိန်လည်း ဖြစ်ပါသည်။ 

ထင်ရှားသော သနပ်ခါးများ 

    မြန်မာနိုင်ငံအလယ်ပိုင်းမှ ထွက်ရှိသော သနပ်ခါးများအနက် ထင်ရှားသောသနပ်ခါးများမှာ စစ်ကိုင်းတိုင်းမှထွက်ရှိသော ရွှေဘိုသနပ်ခါးနှင့် မကွေးတိုင်းမှထွက်ရှိသော ရှင်မတောင်သနပ်ခါးများ ဖြစ်ပါသည်။ ထို့အပြင် သနပ်ခါးကို ခရင်မ် (သို့မဟုတ်) အနှစ်အဖြစ်ပြုလုပ်ကာ ဈေးကွက်ထဲတွင် လူသိများသော သနပ်ခါးများမှာ ရွှေပြည်နန်းသနပ်ခါးနှင့် တောင်ကြီးမောက်မယ်သနပ်ခါးတို့ ဖြစ်ပါသည်။ သနပ်ခါးကို ယခင်ကဆိုလျှင် အပင်မှခုတ်ပြီး အတုံးလိုက် (သို့မဟုတ်) အစည်းလိုက် ရောင်းချကြပြီး ယနေ့အချိန်တွင် ဈေးကွက်လိုအပ်ချက်အရ သနပ်ခါးကို ခရင်မ် (သို့မဟုတ်) ပေါင်ဒါအမှုန့်အဖြစ် ပြုလုပ်ကာ ထုတ်လုပ်ရောင်းချနေကြပြီ ဖြစ်ပါသည်။

အပင်၏ သွင်ပြင်လက္ခဏာ

    သနပ်ခါးပင်၏ ပုံသဏ္ဌာန်မှာ အပင် ပင်လတ်မျိုးဖြစ်သည်။ အမြင့်ပေ ၂၀ မှ ၃၀ ထိ ကြီးထွားနိုင်ပြီး ပင်စည်နှင့် အကိုင်းအခက်များတွင် တစ်လက်မခန့်ရှည်သည့် မာကျောသော ဆူးများပါရှိသည်။ အပင်ငယ်စဉ်တွင် အပွေးမဲ့ပြီး အပင်ရင့်လာသောအခါတွင် အပွေးထူလာပါသည်။ အရွက်ပုံသဏ္ဌာန်မှာ ရွက်ပေါင်းဖြစ်ပြီး ရွက်လွှဲထွက်သည်။ ရွက်မြွှာ ၂ စုံမှ ၃ စုံထိရှိပြီး ရွက်ထိပ်တွင် တစ်ရွက်ပါသည်။ အပွင့်ပုံသဏ္ဌာန်မှာ သေးငယ်ပြီး၊ အဝါနုရောင်ရှိသည်။ အဆုပ်လိုက်ပွင့်သည်။ ရေမြေရာသီဥတုအပေါ်မူတည်၍ တပေါင်း၊ တန်ခူး၊ ကဆုန်လများတွင် အပွင့်များပွင့်သည်။ ဝါဆို၊ ဝါခေါင်၊ တော်သလင်းလများတွင် အသီးရင့်မှည့်သည်။ ရေသောက်မြစ် ရှည်လျားသည်။ ဘေးမြစ်များလည်း ရှည်လျားပြီး ဖြန့်ထွက်သည်။ အမြစ်တွင်လည်း အပွေးအခေါက်ပါရှိသည်။ အမြစ်မှ သားတက်များလည်း ထွက်လေ့ရှိပါသည်။

မြေအမျိုးအစား နှင့် စိုက်ပျိုး ပြုစုခြင်းခြင်း

    သနပ်ခါးပင်သည် ရွှံ့စေးမြေ၊ ဆားပေါက်သောမြေနှင့် ရေဝပ်သောမြေများမှလွဲ၍ ကျန်မြေအမျိုးအစားများတွင် စိုက်ပျိုးနိုင်ပါသည်။ သနပ်ခါးစိုက်ပျိုးရန် အကောင်းဆုံးမြေမှာ ဂဝံ/ကျောက်စရစ်မြေ ဖြစ်ပါသည်။ အပင် ၂-၃ နှစ်သား အရွယ်မှစ၍ ပင်ခြေအတက်များနှင့် အကိုင်းအခက်များကို ရှင်းလင်းဖယ်ရှားပေးရပါမည်။ သားတက်စိုက်ခင်းများတွင် (-) တက်သာထား၍ ကျန်အတက်များအား ရှင်းလင်းဖယ်ရှားပေးရပါမည်။ ရာသီဥတုအခြေအနေနှင့် အပင်အခြေအနေပေါ် မူတည်၍ ပင်လုံးပျံ့ပိုးသတ်ဆေး၊ ထိသေပိုးသတ်ဆေး၊ မှိုသတ်ဆေးများကို ကြိုတင်ကာကွယ်သည့် အနေဖြင့် ပက်ဖျန်းပေးသင့်ပါသည်။

ရိတ်သိမ်းခြင်း

    သနပ်ခါးစိုက်ခင်းအသစ်များတွင် အပင်သက်တမ်း ၆ နှစ်၊ ၇ နှစ်သားမှစတင်၍ သနပ်ခါးအဖြစ် စတင်ရောင်းချနိုင်ပါသည်။ အများအားဖြင့် ၈ နှစ်မှ ၁၀ နှစ်သားအရွယ်သည် ဈေးကွက်တွင်း၌ အရောင်းအများဆုံး အရွယ်ဖြစ်ပါသည်။သားတက်သနပ်ခါးစိုက်ခင်းများတွင် အပင်သက်တမ်း ၅ နှစ်မှ ၆နှစ်တွင် စတင်ရောင်းချပြီး၊ ၆ နှစ်မှ ၈ နှစ်အရွယ် သက်တမ်းသည် ဈေးကွက်အဝင်ဆုံး ရောင်းချချိန်ဖြစ်ပါသည်။ အရည်အသွေးအကောင်းဆုံး သနပ်ခါးတစ်ပင်ရရှိရန်မှာ သက်တမ်း(၃၅)နှစ်ခန့် လိုပါသည်။ အခြားသောဒေသတွင်းနိုင်ငံများတွင် စိုက်ပျိုးဖြစ်ထွန်းသော်လည်း မြန်မာ့သနပ်ခါးသည် အရည်အသွေး အကောင်းဆုံးဖြစ်ပါသည်။

ဇင်ထူးနိုင်

ကိုးကားချက်

. https://en.wikipedia.org/wiki/Thanaka

. စိုက်ပျိုးရေး ဦးစီးဌာန ထုတ်၊ သနပ်ခါး အကြောင်း သိကောင်းစရာ နှင့် စိုက်ပျိုးနည်းစနစ် စာအုပ်မှ

 . Application of Myanmar traditional THANAKHA as cosmetic; Asian Institute of Technology. Food Engineering and Bioprocess Technology, School of Environment, Resources and Development.

 

(ယခုဆောင်းပါးက ဦးကြီးတို့အတွက် အကျိုးတစ်စုံတရာဖြစ်ထွန်းမှု ရှိ /မရှိ ပေါ်မူတည်ပြီး အောက်မှာဖော်ပြပေးထားတဲ့ "အသုံးဝင်ပါတယ်"  "အသုံးမဝင်ပါ" ဆိုတဲ့ စာတန်းလေးကို ရွေးချယ်နှိပ်ပေးဖို့ တောင်းဆိုပါရစေ)

 

 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်