မြေထောက်ပဲ စိုက်ပျိုးနည်း
စိုက်ချိန်
- အောက်တိုဘာလ အတွင်း
- မြန်မာနိုင်ငံတွင် အောင်သီးနှံအဖြစ် စိုက်ပျိုးကြသည်။
မျိုး
- ဒေသမျိုး (မူရင်းနိုင်ငံ ပီရူးနိုင်ငံ)
- မြေထောက်ပဲကို kidney bean ဟု ခေါ်သည်။ မြေထောက်ပဲနီဟုလည်း ခေါ်ကြသည်။
- မစိုက်မီ မိမိမျိုးကို စမ်းသပ်စိုက်ပျိုးပြီးမှ စိုက်ခင်းတွင် စိုက်သင့်သည်။
- အပင်ပေါက်ချိန် (၇၅ %)ပေါက်သင့်သည်။ တစ်ဧကကို ၁ တင်းခွဲမှ ၂ တင်း စိုက်ကြသည်။ တိုင်ထောင်မျိုးနှင့် ပင်ထောင်မျိုးဟူ၍ (၂) မျိုး ရှိသည်။
မြေပြင်ပုံ
- ထယ် ၂ စပ်၊ စက်ထွန် ၂ စပ်၊ ဂျက် ၂ စပ်၊ အနည်းဆုံး ထွန်ယက် စိုက်ပျိုးသင့်သည်။
- အစိုဓာတ် ၅၀% အထိ ရအောင် ထွန်ယက်ပါ။ (မြေနုကျွန်းပေါ်များ) မြေချဉ်ငံဓာတ် ၅.၅ - ၇ အတွင်း ဖြစ်ထွန်းသည်။ မြေအပူချိန် (၇၀ – ၈၀) ဒီဂရီဖာရင်ဟိုက်) (၂၁ – ၂၇ ဒီဂရီစင်တီဂရိတ်) အတွင်း ဖြစ်သည်။
- လေထုအပူချိန် (၆၅ – ၈၀ ဒီဂရီဖာရင်ဟိုက်) (၁၈ – ၂၇ ဂီဂရီစင်တီဂရိတ်) အတွင်းဖြစ်သည်။
စိုက်စနစ်
- တန်းကြား ၁၂ လက်မ x ပင်ကြား ၂ လက်မ (သို့မဟုတ်) တန်းကြား ၁၅ လက်မ x ပင်ကြား ၂ လက်မ ကြား သင့်တော်သလို အမျိုးမျိုးစိုက်ပျိုးကြသည်။
- ဒေသ၊ မြေအမျိုးအစားပေါ်လိုက်၍ တန်းကြား ၁ ပေ x ပင်ကြား ၁ ပေ အကွာ ၂ စေ့ မှ ၃ စေ့ စိုက်ပျိုးကြသည်။
အပင်ပြုစုခြင်း
- အပင်ပေါက်ပြီး ၁၅ ရက်လောက်တွင် ပေါင်းထယ်ရေးလိုက်ခြင်း (ပေါင်းပေါက်ခြင်း)၊ ပေါင်းသတ်ဆေးမဖျန်းခြင်းများ ပြုလုပ်ကြသည်။
- ၁၅ ရက်နောက်ပိုင်း ပေါင်းကင်းစင်ရေး အပင်အားဆေး၊ မှိုသတ်ဆေး၊ ပိုးသတ်ဆေး၊ ဟိုမုန်းဆေးများကို လိုအပ်သလို ဆေးများ ဖျန်းပေးရသည်။
ပိုး
- မြေထောက်ပဲတွင် လှေး၊ ပျပိုး၊ ပဲထောင့်ထိုးပိုး၊ သီးလုံးဖောက်ပိုး၊ ငမြှောင်တောင်ပိုးများကျရောက်တတ်သည်။
ရောဂါများ
- မြေထောက်ပဲတွင် ခါးရိ၊ မှဲ့ပြောက်စွန်း၊ ရွက်ပြောက်၊ သံချေး၊ ပင်ခြေပုပ်၊ မှိုဖြူ စသည် ရောဂါများ ကျရောက်တတ်သည်။
ပါဝင်သည့်ဓာတ်
- ဖောလစ်အက်စစ်၊ ဗီတာမင်ဘီစစ်နှင့် မန်ဂနီစီယမ်ဓာတ်၊ ဇင့်၊ ပရိုတင်းများစွာ ပါတင်သည်။
အသုံးပြုပုံ
- သီးတောင့်နုများကောက်၍ ဟင်းသီးဟင်းရွက်အဖြစ် ကြော်ချက်စားသောက်ကြသည်။
- သီးတောင့်နုများကို စျေးကွက်တွင် ဘိုစားပဲကဲ့သို့ စားသုံးနိုင်သည်။
- သီးတောင့်များ ရင့်မှည်လျှင် ကောက်ပြီး ပြုတ်၍ ချက်၍ ကြော်၍ အမျိုးမျိုးချက်ပြုတ်စားကြသည်။
ပြည်ပနိုင်ငံတင်ပို့မှု
- တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ စင်္ကာပူ နိုင်ငံများနှင့် အခြားနိုင်ငံများသို့လည်းတင်ပို့ကြသည်။ နှစ်စဉ်တန်ချိန် ၂၅၀၀ ကျော်တင်ပို့ရသည်။
စိုက်ပျိုးသည့် ဒေသ
- နှစ်စဉ်စိုက်ဧက နှစ်သောင်းခန့် စိုက်ပျိုးပါသည်။ စျေးကောင်းလျှင်တိုး၍ စိုက်ပျိုးကြသည်။
- ကချင်၊ ရခိုင်ပြည်နယ်၊ ရှမ်းပြည်နယ်တောင်ပိုင်း၊ ရှမ်းပြည်နယ်မြောက်ပိုင်း၊ စစ်ကိုင်းတိုင်းဒေသကြီးနှင့် မန္တလေးတိုင်းဒေသကြီးတို့တွင် စိုက်ပျိုးကြသည်။
ခုတ်သိမ်းခြင်း
- မျိုးနှင့် စိုက်ပျိုးသည့် နေရာဒေသအပေါ်မူတည်၍ (၁၀၀ -၁၄၀) ရက်အတွင်း ခုတ်သိမ်းရသည်။
- အတောင့်များ ခြောက်သွေ့ပြီး အစိမ်းရင့်ရောင်အတောင့်များ မကျန်မှ စိုက်သိမ်းရမည်။
အကိုးအကား - စိုက်ပျိုးရေးဦးစီးဌာန၊ ဇော်ဝင်းထွန်း၊ The Farmer media၊ awba၊ အင်တာနက်
အစိမ်းရောင်လမ်း၏ အမေးအဖြေကဏ္ဍမှ ဝင်ရောက်ဆွေးနွေးပေးသော တောင်သူဦးကျော်ကျော်ဝင်း၏ စာစောင်ကို ဂုဏ်ယူစွာဖြင့် ပြန်လည် ဖော်ပြပါသည်။ တောင်သူ ဦးကျော်ကျော်ဝင်းသည် မန္တလေးတိုင်းဒေသကြီး သပိတ်ကျင်းမြို့နယ်မှ တောင်သူတစ်ဦးဖြစ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
မြေပြန့်ဒေသဆောင်းသီးနှံ
Kyaw Kyaw Oo
လွန်ခဲ့သော ၂ နှစ် ကအောင်တိုဘာလ၊နိုဝင်ဘာလ တွေမှာ စိုက်ကြပါတယ်...။
Said Pine Harn
လွန်ခဲ့သော ၄ နှစ် ကဘယ်ရာသီမှာ စိုက်လေ့ရှိလဲခဗျ
ဆက်စပ်ဆောင်းပါးများ
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မြစ်ကြီးနားမှာမိုးရာသီက မိုးအရမ်းများလို့ ခရမ်စိုက်မယ်ဆိုရင် ဘယ်မျိုးကို စိုက်သင့်လဲ
Wai Linn • ဖြေကြားချက် 1 ခု
သဲဆန်တဲ့မြေမှာမတ်ပဲကိုခုတ်ဖုံးလုပ်တာပိုကောင်းလား ထယ်ရေးနဲ့လုပ်တာပိုကောင်းလား
Sawsamson • ဖြေကြားချက် 1 ခု
ပထမဦးစွာ ဆရာကြီးဒို့ဦးလေးနှင့် ဆရာ ကိုသော်ဇဥ်တို့အား ဝန်ချတောင်းပန်ခြင်း.. ဖြစ်ပုံကဒီလိုပါဆရာတို့ မိုးရာသီစတော့မယ် ပျိုးပင်တွေ ပျိုးဖို့ 15 ရက်လောက်အလိုမှာ ဒီ Green Way app မှာ ခရမ်ချဥ်နဲ့ပတ်သတ်ပီး ကျွန်တော်တို့ရာသီနှင့် ကိုက်ညီမည့် မည့်သည့်မျိုးစေ့ စိုက်ပျိုးရမလဲ လို့ မေးလိုက်တော့ ဆရာနှစ်ဦးလုံးက 909 ကိုပဲ စိုက်ဖို့အကြံပေးပါတယ် မနှစ်က ပံ 111 စိုက်ခဲ့တာကို အထွက်လဲကောင်းခဲ့ပါတယ် ဒါမဲ့ ဒီမှာမေးလိုက်တော့ 909 ကိုစိုက်ဖို့အြကံပေးပါတယ် ကိုယ့်စိတ်ထဲမှာတော့ မဟုတ်သေးဘူးပေါ့ ပံ 111 ကောင်းရဲ့နဲ့မညွှန်ပဲ ဘာလို့ 909 ကိုညွှန်ရလဲပေါ့ အတာနဲ့ စိတ်ထဲကတိကအောက်ဖြစ်တာနဲ့ ထပ်မေးခဲ့ပါတယ် ဆရာတို့ကလဲ ထပ်ဖြေပါတယ် 909 ပဲစိုက်ဖို့ အကြံပေးပါတယ် ကဲ ထားတော့ပေါ့ မေးပီးမှတော့မထူးတော့ဘူးပေါ့😄 909 ပဲမှာပီးပျိုးလိုက်တယ် အတာနဲ့အိမ် အမေအဒေါ်တွေကိုလဲ ပြောပြလိုက်တာပေါ့ဒီနှစ်မနှစ်ကမျိုးမဟုတ်ဘူး ဒီနှစ်မျိုးပြောင်းထားတယ်လို့ သူတို့ကလဲ ပြောတာပေါ့ " မနှစ်ကမျိုး အလုံးကကြီးသေးအလုံးကလှသေး ရေရှည်လဲအဆွတ်ခံသေး " အတာကိုနင်က ဘာလို မျိုးပြောင်းတာလဲ ဘာညာပြောတာပေါ့ ကျွန်တော်လဲ ဘာမှမပြောပဲ ငြိမ်ခံရတာပေါ့ ဒါမဲ့အခုသိလိုက်ရပါပြီ သီးလိုက်တာကလဲအဆုတ်လိုက် အလုံးကလဲ ကြီးသေးတယ်ဗျာ လှလိုက်တာသီးထားတာ ရောဂါကလဲကင်း ပိုးလဲရှင်းနေရော့ ဒီချိန်မှပဲ အသက်ရှူချောင်တော့တယ်ဆရာတို့ရေ အိမ်ကအေဒါ်တွေအမေကလဲ ဟုတ်သားပဲ လှလိုက်တာ ချောလိုက်တာနဲ့ အသီးကလဲအတော်သီးတယ် ဒါလောက်ပူလိုက် မိုးပြတ်သွားလိုက်ကို. အသီးက ကျမသွားပဲ သီးလိုက်တာဗျာ ပိုး / မှိုမျကအောင်လဲ ဆက်လက် စောင့်ကြည့်နေပါမယ်ခင်ဗျ ဒါကြောင့် ဆရာတို့ကဆရာပါပဲဗျာ ဆရာတို့အပေါ်မှာ သံသယတွေ ထားမိတဲ့အတွက် တောင်းပန်ပါတယ်လို့ ပြောကြားပါရစေခင်ဗျ..... 909 ခရမ်းချဥ်
U Yan • ဖြေကြားချက် 5 ခု
မြေပဲခင်း ရက်40သားရပီ ဘာဆေးဖြန်းပေးရမလည်းဆရာတို့
Win Min • ဖြေကြားချက် 2 ခု
ရွှေပန်းပင်ကိုစိုက်ပျိုးတဲ့အခါပင်ကြား အတန်းကြားဘယ်လောက်အကွာအဝေးစိုက်သင့်ပါသလဲဆရာတို့ခင်ဗျာ
ဦးခိုင်မင်းဇော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....