ပျော်စရာ ပဟေဠိ (၅၄)

23/12/2020 19:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ဗုဒ္ဓဟူးနေ့ညချမ်းလေးမှာ ပဟေဠိအသစ်လေးရောက်ရှိလာပါပြီ

ဖြေဆိုသူတွေထဲကမှ ဆု (၃)ဆုကို မဲနှိုက်ရွေးချယ်သွားမှာပါနော်..

၄၀၀၀ ကျပ်

၃၀၀၀ ကျပ်

၂၀၀၀ ကျပ် စတဲ့ ဆုကြေးငွေတွေကို ဖုန်းဘေလက်ဆောင်ယူမလား

E moneyအနေနဲ့ယူမလား စိတ်ကြိုက်ရွေးချယ်နိုင်ပါသေးတယ်

ကံစမ်းခွင့်ရဖို့ကိုတော့ ဖေ့ဘုတ်မှာဆိုရင် ဒီပို့စ်ကို like and shareလုပ်ထားတဲ့ စခရင်ရှော့လေးနဲ့တကွ အဖြေမှန်ကို commentမှာရေးခဲ့ရုံပါပဲ..

Commentမှာဖြေဆိုသူတွေထဲက (၁) ဆု

ဆော့ဝဲထဲမှာ ဖြေဆိုသူတွေထဲက (၂) ဆု 

ဒီလိုလေးပေးတာမို့ ကံစမ်းဖို့ အခွင့်အရေးက (၂)နေရာတောင်ရှိတာနော့် 

ဆော့ဝဲထဲမှာဆိုရင်တော့ စစ်တမ်းမှာသွားဖြေရမှာပါနော်။ အောက်ကလင့်ကိုနှိပ်ပြီး တိုက်ရိုက်သွားရင်လည်းရပါတယ်။

 ပျော်စရာ ပဟေဠိ (၅၄)

ဆိုးဝါးတဲ့ဖျက်ပိုးတစ်ကောင်အကြောင်းလေ့လာရင်း ဗဟုသုတတွေလည်းရ ဆုငွေလက်ဆောင်တွေလည်းရ 

ဒီထက်ကောင်းတာတောင် ဒီလောက်မကောင်းနိုင်ဘူးနော် အမျိုးတို့..

အစိမ်းရောင်လမ်းဆော့ဝဲထဲမှာ ဆောင်းပါးတွေပုံမှန်ဖတ်ဖြစ်တဲ့သူဆိုရင်တော့ ချက်ချင်းဖြေနိုင်မှာပါနော်..

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်