၂၀၂၀ နှစ်ကုန် နှမ်းနက်စမုံဈေးကွက် ကောင်းမွန်မည့်အလားအလာများရှိနေကြောင်း နှမ်းနက်စမုံစိုက်တောင်သူများထံမှ သိရသည်။
နှမ်းက စရိတ်နေပါပြီ။ ဒီနှစ်တော့ ဈေးကွက်ကောင်းမယ်လို့ ထင်ပါတယ်။ နှမ်းရဲ့အထွက်နှုန်းကတော့ ကျဆင်းမယ့်သဘောရှိတယ်။ အထွက်နည်းတဲ့အတွက် ရောင်းမယ့်လူလည်းနည်းမယ်။ ဈေးကွက်တင်သွင်းတာနည်းတဲ့အခါ ဝယ်လိုအားများမှာဖြစ်တဲ့အတွက် နှမ်းဈေးတက်ဖို့ ရှိပါတယ်။
ဟု စစ်ကိုင်းတိုင်း၊ ဝက်လက်မြို့နယ်၊ အင်ကြင်းပင်ကျေးရွာမှ နှမ်းနက်စမုံစိုက်တောင်သူ ဦးဟန်ထွန်းက ပြောသည်။
နှမ်းခင်းများ အသီးအပွင့်ဝင်ချိန် တစ်လသားဝန်းကျင်ကာလမှစပြီး မိုးမရွာဘဲ နေအပူဒါဏ်ခံခဲ့ရသည့်အပြင် အဆံပြည့်ခါနီး ရက် ၆၀ ခန့်တွင် မိုးကြီးသည့်ဒဏ်ကို ခံခဲ့ရသည့်အတွက် အထွက်နှုန်းကျဆင်းခြင်းဖြစ်ကြောင်း သိရသည်။
အချိန်မစောင့်တော့ဘဲ စောပြီးရိတ်သိမ်းနေကြရတာမို့ အသီးနည်းပြီး အောင်မြင်မှုလည်း နည်းလောက်ပါတယ်။ တစ်ဧကအထွက်နှုန်းကတော့ အရင်နှစ်တွေကထွက်ခဲ့တဲ့ နှမ်းအထွက်နှုန်းတွေထက်တော့ လျော့နည်းမှာ သေချာတယ်။
ဟု ၎င်းက ဆက်လက်ပြောသည်။
ဈေးကွက်အတွင်း နှမ်းနက်စမုံ ထိပ်စ တစ်တင်းလျှင် (၇၀,၀၀၀) ကျပ် ဝန်းကျင် ပေါက်ဈေးရှိနေသည်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️
❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော်
✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more