‌ဂေါ်ဖီထုပ်နှင့် ကျန်းမာရေးကောင်းကျိုးများ

14/01/2021 19:00 PM တွင် နှင်းဖြူဖြူ နှင်းဖြူဖြူ မှ ရေးသား

     ဂေါ်ဖီထုပ်ကို အင်္ဂလိပ်လို Cabbage ဟု‌ခေါ်ဆိုပြီး ရုက္ခဗေဒအမည်မှာ Brassica oleracea ဟုခေါ်ပါသည်။ ဂေါ်ဖီကို အချို့သော‌‌ဒေသများတွင် မုန်လာထုပ် ဟုခေါ်ကြပါသည်။ မည်သည့်ဒေသတွင်မဆို အလွယ်တကူဝယ်ယူရရှိနိုင်ပြီး ဈေးနှုန်းချိုသာသော ဟင်းသီးဟင်းရွက်တစ်မျိုးလည်း ဖြစ်ပါသည်။ 

     ဂေါ်ဖီထုပ်သည် ဈေးနှုန်းသိပ်မကြီးသော်လည်း သကြားဓာတ် ၊ အမျှင်ဓာတ် ၊ ပရိုတင်း ၊ ဗီတာမင်စီ၊ ဖောလ်လစ်အက်စစ် ၊ ဗီတာမင်ဘီ ၊ ကယ်လ်ဆီယမ် ၊ ပိုတက်ဆီယမ် ၊ ဗီတာမင်အေ ၊ သံဓာတ် ၊ အန်တီ‌အောက်ဆီဒန့် စသော အာဟာရဓာတ်များပါဝင်သည့်အတွက် ကျန်းမာရေးကို များစွာအထောက်အကူပြုနိုင်ပါသည်။ 

     ဂေါ်ဖီထုပ်ကို ဟင်းချိုချက်ခြင်း ၊ အသားတစ်မျိုးမျိုးနှင့် ရောကြော်ခြင်း ၊ အသုပ်ထဲထည့်ခြင်း၊ အစိမ်းကြော်ခြင်း ၊ ကော်ပြန့် ၊ စမူဆာ စသော သရေစာမုန့်များထဲတွင် အဆာပလာအနေဖြင့်ထည့်ခြင်း၊ ဂေါ်ဖီအချဉ်တည်ခြင်းနှင့် တို့စရာအဖြစ် ငါးပိရည်နှင့် တို့စားခြင်း စသဖြင့် အမျိုးမျိုးလုပ်စားကြပါသည်။

ဂေါ်ဖီထုပ်စားခြင်းဖြင့် ရရှိနိုင်သော ကျန်းမာရေးအကျိုးကျေးဇူးများမှာ

၁။ ကိုယ်ခံစွမ်းအားကို ကောင်းစေခြင်း

   ဂေါ်ဖီထုပ်ကို မကြာခဏစားသုံးပါက ဗီတာမင်ဓာတ်များစွာရရှိနိုင်သည့်အတွက် ကိုယ်ခံအားစနစ် ကောင်းလာပြီး အအေးမိလွယ်ခြင်း ၊ နှာစေးချောင်းဆိုလွယ်တာမျိုး မဖြစ်အောင် ကာကွယ်ပေးနိုင်သည်။ 

၂။ ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားနိုင်ခြေကို လျော့ကျစေခြင်း

   သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင် Glucosinolates ဆိုသော ဓာတ်ပစ္စည်းများပါဝင်ပြီး ထိုဓာတ်ပစ္စည်းများသည် ကင်ဆာနှင့် နှလုံးရောဂါဖြစ်ပွားခြင်းကို ကာကွယ်ပေးနိုင်ကြောင်း သိရပါသည်။ 

၃။ ဝမ်းမှန်စေပြီး အစာအိမ်နှင့်  အူလမ်းကြောင်းကို အထောက်အကူပြုခြင်း

   ဂေါ်ဖီထုပ်တွင် အမျှင်ဓာတ်များစွာပါဝင်သောကြောင့် ဝမ်းချုပ်ခြင်းကင်းပြီး ဝမ်းမှန်စေကာ အူမကြီးကင်ဆာ ဖြစ်ပွားနိုင်ခြေကို လျော့နည်းစေပါသည်။ 

၄။ သွေးအတွင်း မကောင်းသောအဆီဓာတ်များကို လျော့နည်းစေခြင်း၊ 

    သုတေသနစမ်းသပ်ချက်များအရ ဂေါ်ဖီထုပ်တွင် ကြွယ်ဝစွာပါဝင်သော ပိုလီဖီနော (Polyphenols) သည် သွေးတွင်းမကောင်းသော ကိုလက်စထ‌ရောဓာတ်ကို လျော့နည်းစေပြီး သွေးဖိအား ပုံမှန်ဖြစ်စေရန် အထောက်အကူဖြစ်ကြောင်းသိရသည်။ 

၅။ ဓါတ်ရောင်ခြည်ကြောင့် ဖြစ်လာနိုင်သော ဆိုးကျိုးများကို လျော့နည်းစေနိုင်ခြင်း

   ဂေါ်ဖီထုပ်တွင်ပါဝင်သော 3,3-diindolyl methane ( DIM ) သည် ကင်ဆာရောဂါကြောင့် ဓာတ်ရောင်ခြည် ကုသမှု့ခံယူနေသူများတွင် ဓါတ်ရောင်ခြည်ကုထုံးကြောင့်ဖြစ်သော နုံးပြီးအားမရှိသလိုခံစားရပြီး အစားအသောက်ပျက်ခြင်း ၊ ရင်ပူခြင်း၊အရေပြားယားယံခြင်း ၊ ခြောက်သွေ့ခြင်း ၊ အရည်ကြည်ဖုဖြစ်ခြင်း စသော ဘေးထွက်ဆိုးကျိုး ဖြစ်နိုင်ခြေကို လျော့နည်းစေသည်။ 

၆။ မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ခြေကို လျော့နည်းစေခြင်း 

   ဂေါ်ဖီထုပ်တွင် ဘီတာကယ်ရိုတင်းဓာတ်ကြွယ်ဝစွာ ပါရှိခြင်းကြောင့် မျက်လုံးအားကောင်းစေပြီး မျက်စိတွင်ရှိသော ဆဲလ်များကို ကျန်းမာစေပါသည်။ ဂေါ်ဖီထုပ်ကိုမကြာခဏစားခြင်းဖြင့် အသက်ကြီးလာသောအခါ ဖြစ်တတ်သော မျက်စိတိမ်စွဲရောဂါဖြစ်နိုင်ချေကို လျော့နည်းစေပါသည်။ 

၇။ ဆံပင်ကျန်းမာရေအတွက်အထောက်အကူပြုခြင်း

   ဂေါ်ဖီထုပ်တွင်ပါဝင်သော ဆာလ်ဖာနှင့် ဆီလီကွန်ဓာတ်ဟာ ဆံပင်ခြောက်သွေ့ခြင်းကို ကာကွယ်ပေးပြီး ဗီတာမင်အေဓာတ်ဟာ ဆံပင်များပေါက်ရန်၊ ဆံပင်အုံထူရန်အတွက် အထောက်အကူပြုသည်။ 

သတိပြုရန်မှာ -

- ဂေါ်ဖီထုပ်ကိုစားသောအခါ တစ်ခါစားလျှင် အနည်းဆုံး (၁၀၀) ဂရန်သာ စားသင့်ပါသည်။ အစိမ်းစားမည်ဆိုပါက ရေစင်အောင်သေချာဆေးပါ။ 

- ဂေါ်ဖီထုပ်ကို ကြော်ခြင်း ၊ ချက်ခြင်းကို မီးပြင်းပြင်းဖြင့် အချိန်ကြာကြာ ချက်ခြင်း၊ ကြော်ခြင်းကို ရှောင်ကြဉ်သင့်ပါသည်။ မီးပြင်းပြင်းဖြင့် အချိန်အကြာကြီး ချက်ပါက ဂေါ်ဖီထုပ်တွင်ပါဝင်သော ကျန်းမာရေးအကျိုးပြုသော အာဟာရဓာတ်များ ပျက်စီးပျောက်ဆုံးသွားနိုင်ပါသည်။

Ref; Dr. သီတာနွယ်၏ ကျန်းမာရေးကောင်းကျိုးပြုဂေါ်ဖီထုပ် အကြောင်းမှ ထုတ်နှုတ်ထားပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်