ငါးအဆီစားသုံးခြင်း၏ အကျိုးကျေးဇူးများ
ငါးများ၏ဗိုက်မှာပါရှိသည့်အဆီမှာ တခြားသတ္တဝါများ၏အဆီလို လူကို ဝစေတာမျိုးမဟုတ်ပဲ ဆန့်ကျင်ဘက်အကျိုးအာနိသင်ရှိစေပါသည်။ ငါးအဆီနှင့် ငါးဗိုက်သားအဆီတို့ကို အမျိုးသား၊ အမျိုးသမီး၊ သက်ကြီးရွယ်အို၊ ကလေး၊ ကိုယ်ဝန်ဆောင်ပါမကျန် စားသုံးသင့်ပါသည်။
အထူးသဖြင့် ငါးအဆီ (Fish Oil) က belly fat လို့ခေါ်သည့် လူသားများ၏ဝမ်းဗိုက်က အဆီတွေကို ချေဖျက်နိုင်စွမ်းရှိသည်။ Fitness သမားတွေ၊ ဝိတ်ချသူတွေပါ ဈေးကြီးပေးဝယ်သောက်နေကြသည့် Omega-3 Fatty Acid ဆိုသည့် ငါးကြီးဆီဆေးလုံးလေးများမှာ ငါးဗိုက်သားအဆီကနေ ထုတ်လုပ်ထားသည်ဟု သိရသည်။ ပိုက်ဆံအကုန်ခံပြီး supplement တွေဝယ်သောက်နေမည့်အစား ကြိုက်နှစ်သက်ပါက ငါးဗိုက်သားအဆီကို ခဏခဏချက်ပြီး စားနိုင်ပါသည်။ ဗိုက်ပူနေသူများလည်း ငါးဗိုက်သားကို စားသုံးသင့်ပေသည်။
ပင်လယ်ငါး၏ ဗိုက်သားအဆီက ကျန်းမာရေးအတွက်ပိုကောင်းပါသည်။ မြစ်ငါးတန်ထက် ရေချိုရေငန်စပ်ငါးတန်မှရသည့်အဆီက ကျန်းမာရေးအတွက် ပိုကောင်းပါသည်။ ငါးမုတ်က ရေချိုရေငန်စပ်ငါးဖြစ်၍ စားသင့်ပါသည်။ ရေချိုငါးများမှာ အဆီမရှိသလောက်နည်းပါးကြပါသည်။ ငါးကြင်းက လူကိုဝစေနိုင်ပါသည်။ ဝမှာကြောက်သူများ ငါးကြင်းလျှော့စားပါ။ ငါးသလောက်၊ ငါးအိုက်၊ ငါးတန်တို့က သွေးတက်စေပါသည်။ ကိုယ်အလေးချိန်လျှော့ချလိုသူများ တီလားဗီးယား၊ ငါးမုတ်၊ ငါးမြစ်ချင်း စတဲ့ငါးတွေကို ဆီမပါ ကြက်သွန်ဖြူ၊ ချင်းတို့နှင့် ငါးကို ပေါင်း၍ဖြစ်စေ အရည်သောက်ဖြစ်စေ တစ်ပတ်ကို လေးငါးကြိမ်စားပေးပါ။ သိသိသာသာ ကိုယ်အလေးချိန်လျော့ကျစေပါသည်။ ငါးကွမ်းရှပ်နှင့် ဆယ်လ်မွန်ငါးတွေကတော့ အကောင်းဆုံးငါးများဖြစ်ပါသည်။
ဗီယက်နမ်နိုင်ငံတွင် အသားအရေလှပကျန်းမာဖို့ ငါးတန်ဗိုက်သားကရတဲ့အဆီနဲ့ အလှကုန်ပစ္စည်းများဖော်စပ်ကြသည်။ ဒါ့အပြင် ငါးများများစားခြင်းက ဝက်ခြံပေါက်ခြင်းကိုလည်း နည်းပါးစေသည်ဟုသိရသည်။
ငါးများသည် သွေးအေးသတ္တဝါများဖြစ်ကြပြီး ရေထဲတွင်နေသည့်အတွက် သူတို့၏ ခန္ဓာကိုယ်အပူချိန်မှာ ရေနှင့်အတူတူဖြစ်နေပါသည်။ လူထက် ကိုယ်အပူချိန် အများကြီးနိမ့်ပါသည်။ ငါးများတွင် အဆီရှိကြပြီး ငါး၏အဆီက သူ့ခန္ဓာကိုယ်ထဲတွင် ပျော်ဝင်နေပါသည်။ ၉၈.၆ ဒီဂရီဖာရင်ဟိုက်လောက်ရှိသည့် လူ့ခန္ဓာကိုယ်ထဲသို့ ငါးအဆီတွေရောက်လာသောအခါ အပူပေးထားသကဲ့သို့ အရည်ပျော်လာပါသည်။ ငါးအဆီကိုစားတဲ့အခါမှာ ငါးအဆီတွေက သွေးထဲရောက်လာပြီး သွေးကိုကျဲသွားစေပါသည်။ သွေးကြောထဲတွင် အရင်ကရှိနေေပြီးသား မကောင်းတဲ့ ကိုလက်စထရောတွေကိုလည်း တိုက်စားရှင်းလင်းပေးပါသည်။ သွေးလည်ပတ်မှုကိုလည်း မြန်ဆန်သွက်လက်စေပါသည်။
ဒါ့ကြောင့်ငါးအဆီ (Fish Oil) ကို စားပေးခြင်းဖြင့် အသက်ဘယ်လောက်ပဲကြီးကြီး သွေးကြောနှင့်ပတ်သက်သော ရောဂါများနှင့် ကင်းဝေးရပါလိမ့်မည်။ နှလုံးရောဂါ၊ ဦးနှောက်သွေးကြောပြတ်ခြင်းနှင့် လေဖြတ် လေဖြန်းရောဂါများအတွက် မကြောက်ရတော့ပေ။
ငါးအဆီ၏ အကျိုး (၁၀) မျိုးမှာ
၁) ကင်ဆာကာကွယ်ပေးသည်။
၂) နှလုံးကျန်းမာရေး ကောင်းမွန်စေသည်။
၃) စိတ်ကျရောဂါကို သက်သာစေသည်။
၄) အာရုံစူးစိုက်မှုကောင်းစေသည်။
၅) အသားအရေ လှပစေသည်။
၆) ရောင်ရမ်းခြင်းကို လျှော့ချပေးသည်။
၇) အယ်ဇိုင်းမားဖြစ်နိုင်ချေနည်းစေသည်။
၈) ဒူး၊ အဆစ်နာခြင်းကို သက်သာစေသည်။
၉) ဂေါက်ရောဂါအတွက် ကောင်းမွန်သည်။
၁၀) ဆံပင်သန်စွမ်းထူထပ်စေသည်။
ပင်လယ်ပြာ (ငါးဦးစီး)
အောင်စီ
လွန်ခဲ့သော ၄ နှစ် ကဘယ်ငါးဆီမျိုးကိုပြောတာလဲဆရာ
ဆက်စပ်ဆောင်းပါးများ
စိုက်ပျိုး၊ မွေးမြူသူများ ဖြစ်လေ့ရှိသော အရေပြားရောဂါ (၃) မျိုး
နှင်းလား၊ မြူလား... သတိထားစရာ PM2.5 လေထုအဆိပ်ငွေ့များ
အသံ
မွေးမြူရေး တိရစ္ဆာန်များ ကိုက်ခံရပြီးနောက် ဆိုးရွားသည့် အမာရွတ်မဖြစ်အောင် ကာကွယ်နည်း
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မှော်ဘီ၂ဘယ်စျေးပေါက်လဲဗျ
thiha • ဖြေကြားချက် 0 ခု
ရွှေဘိုပေါ်ဆန်းသက်လတ်စပါးသက် 77ရက်ရှိပါပီ။ဒီလ 13/14 ရက်က ဆစ်ပိုးကာကွယ်ဖို့ Profenofos+Lambda cyhalothrin ဆေးတွဲကို ဖြန်းခဲ့ပါတယ် ဒါမဲ့ ခုဆစ်ပိုးက လောက်ကောင်အဆင့်ရောက်ပီး ပင်စည်တွင်းဝင်ရောက်ဖျက်စီးနေကြလို့ပါ။ Acetamiprid20%+Fipronil 20% ပါတဲ့ဆေးထပ်ဖြန်းမလို့ပါဗျ။ သင့်တော်လားဗျ။တစ်ပတ်စောင့်ပီးမှဖြန်းရမလားဗျ။ဖြန်းဆေးဖြန်းပီး နဲ့ 3Gနဲ့ပိုတက် ရောပက်သုံးရင်ရော ပိုပီးအာနိသင်ထိနိုင်လားဗျ။
ko naing phyo wai • ဖြေကြားချက် 1 ခု
ယင်ဖြူ အရမ်းများနေပါတယ် ဖြုတ်စိမ်းလဲရှိတယ် Thiamethoxam -20 WDG (10 g) + Lambda Cyhalothrin -5W/ V(15 cc)ဖျန်းပါတယ် ယင်ဖြူ မပျောက်ဘူးဖြစ်နေပါတယ် Abamectin -1.8% W/ V (20cc) လဲဖျန်းပါတယ် ယင်ဖြူ အမြစ်ပျက် နှိပ်နှင်းရန် ဆေးနဲ့ မိုစေ့ ဗိုင်းရပ် ကာကွယ်ဆေးလေးသိချင်ပါတယ်ဗျာ
စည်သူလွင် • ဖြေကြားချက် 1 ခု
မတ်ပဲ ၁၅ .၂၀ရက်သားမှာ ဆာလ်ဖာ၈၀%ပါတဲ့ရွက်ဖျန်းဆေးဖျန်းလို့ရပြီလား ဆာလ်ဖာကို အလူမီနီယမ်မှိုသတ်ဆေးနဲ.ရောဖျန်းလို့ရလား
Sawsamson • ဖြေကြားချက် 2 ခု
စပါးရွက်မာ အမဲစက်များ ရှိနေတာဘာဖစ်လို့လဲ ဘယ်လိုကုသရမလဲဗျ
kyaw khaing oo • ဖြေကြားချက် 1 ခု
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
နောက်ဆုံး ဆောင်းပါးများ
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
ဆီအုန်းနှင့် ကျန်းမာရေးအတွက်စားသုံးဆီ (အပိုင်း-၂)
15/09/2026
More from နှင်းဖြူဖြူ
အားလုံး
ကွက်ဆန်း ဂုံးကောင် သို့မဟုတ် ပြောက်ကျားဂုံး၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
09/09/2026
အသံ
ရေငန်ငါးတစ်မျိုးဖြစ်တဲ့ ငါးပုလဲ(ခေါ်) ဆင်နားရွက်ငါး၏ ထူးခြားသောသဘာဝ
07/08/2026
ဇီဝမျိုးစုံမျိုးကွဲများ ပေါကြွယ်ဝသော လန်ပိအဏ္ဏဝါအမျိုးသားဥယျာဉ်
27/03/2026
ငါးဝမ်းပူ၏ ထူးခြားသောသဘာဝနှင့် အသုံးဝင်ပုံ
23/03/2026
ကင်ဆာကိုပျောက်စေနိုင်သည်ဟု သိပ္ပံပညာရှင်များတွေ့ရှိထားသည့် ရေပုတ်သင်၏ ထူးခြားသဘာဝ
19/02/2026