အစိမ်းရောင်လမ်း

အစိမ်းရောင်လမ်း အက်ပ်

အမေးအဖြေနှင့် အသိပေးချက်များကို ပိုမြန်မြန် ရယူနိုင်ပါသည်။

ရယူရန် ရယူရန်
ဆေးဖက်ဝင် ကြက်သဟင်းပင်

ဆေးဖက်ဝင် ကြက်သဟင်းပင်

Nyan Lynn Htet
Nyan Lynn Htet • Greenovator • 02/07/2020

ကြက်သဟင်းပင်၏ ဆေးဖက်ဝင်မှုများကို ကျန်းမာရေးဝန်ကြီးဌာနမှ ထုတ်ဝေထားသော လက်တွေ့အသုံးချဆေးဖက်ဝင်အပင်များပေါင်းချုပ်စာအုပ်တွင်အောက်ပါအတိုင်းဖော်ပြထားပါသည်။

ကြက်သဟင်းပင်သည် ပင်မတ်ချုံပင်အမျိုးအစား ဖြစ်ပါသည်။ ၁-၇ ပေအထိမြင့်သည်။ အရွက်မှာ ရွက်လွှဲထွက်သည်။ အရွက်မှာ ဌက်မွှေးရွက်ပေါင်း ဖြစ်သည်။ အပွင့်မှာသေးငယ်သည်။ အပွင့်ရောင်မှာ လိမ္မော်ရောင်ဖြစ်ပြီး ရိုးတံကပ်ပြီးအပွင့် ပွင့်သည်။ အသီးမှာ ညှာတံမဲ့သည်။

ပေါက်ရောက်ပုံ

စားသုံးပင်အဖြစ် နေအိမ်ခြံဝင်းများတွင် တပိုင်တနိုင်စိုက်ပျိုးကြသည်။ မြန်မာနိုင်ငံအနှံ့အပြားတွင် စိုက်ပျိုးကြပါသည်။ မရှော့ရွက်ပင်နှင့် မျိုးရင်းတူသောကြောင့် အပင်ပုံစံ ဆင်တူရိုးမှားဖြစ်တတ်ပါသည်။

အကျိုးအာနိသင်

အရွက်မှာ အေး၏။ ချိုသော အရသာရှိ၏။ လေလမ်းကိုဖြောင့်၍ ဝမ်းမီးကိုတောက်စေ၏။

ပိုးနာ၊ အဆိပ်နာကို နိုင်၏။ ကိုယ်ပူနာနှင့်သင့်၏။ အသည်းရောဂါများနှင့် အထူးသင့်လျော်၏။

အသုံးပြုပုံ

ကြက်သဟင်းရွက်အား ဟင်းချိုချက်၍လည်းကောင်း၊ ကြော်ချက်စားခြင်း၊ အတို့အမြုပ် အဖြစ် လည်းကောင်း၊ အရွက်ကိုကြက်ဥဖြင့်ကြော်စာခြင်းဖြင့်လည်းကောင်း အလွန်ပင်စားကောင်းပါသည်။ 

ကြက်သဟင်းမြစ်ကို သွေးသောက်ခြင်း၊ ပြုတ်သောက်ခြင်းဖြင့် သွေးတိုးရောဂါ ကျစေနိုင်ပါသည်။

နှလုံးတုန်၊ ရင်တုန်ခြင်းကို သက်သာစေနိုင်ပါသည်။

အဆိပ်ရှိသော ပိုးမွှားများ ကိုက်ခံရပါက ကြက်သဟင်းမြစ်ကို သွေးလိမ်းနိုင်ပါသည်။

ကြက်သဟင်းမြစ်ကို ဆန်ဆေးရည်နှင့် သွေးလိမ်းပါက ကြပ်သမာနှင့် အဖုအကျိတ်၊ အနာပေါက်ရောဂါများကို သက်သာပျောက်ကင်းစေနိုင်ပါသည်။

ကြက်သဟင်းရွက်ကို ဟင်းခါးချက်သောက်၍လည်းကောင်း သုံးပုံတစ်ပုံ ကြွင်းပြုတ်သောက်ခြင်းအားဖြင့်လည်းကောင်း အဖျားရောဂါကို သက်သာစေပါသည်။ အဖျားကျစေပါသည်။

ကြက်သဟင်းပဉ္စငါးပါးကို သုံးပုံတစ်ပုံကြွင်းကျန်အောင်ပြုတ်သောက်ခြင်းအားဖြင့် အသည်းရောင် အသားဝါရောဂါများကို သက်သာစေနိုင်ပါသည်။ ကြက်သဟင်းရွက်ဟင်းချိုအဖြစ်လည်း စားသုံးနိုင်ပါသည်။

ကြက်သဟင်းကို လက်တွေ့စမ်းသပ်သုတေသနပြုမှုများအရ

၁။ ဆီးလမ်းကြောင်းတွင် ကျောက်တည်ခြင်းကို စမ်းသပ်ချက်

ဆီးလမ်းကြောင်းတွင် ကျောက်တည်မှု အဖြစ်အများဆုံးသည် ကယ်စီယမ်အောက်ဆီလိတ် ကျောက်တည်ခြင်းဖြစ်သည်။ ကြက်သဟင်းဖြင့် ဆီးအိမ်ထဲရှိ ကယ်စီယမ်အောက်ဆီလိတ် ကျောက်များ ရှိသော ကြွက်သားများကို စမ်းသပ်ခဲ့ပါသည်။ ကြက်သဟင်း အဆီအနှစ် ၅ မီလီဂရမ်ကို ၃၀ ရက်တိုက်ကျွေးခဲ့ရာ ကြီးသောကျာက်များသေးငယ်၍ သေးငယ်သောကျောက်များ အရည်ပျော်ကျစေကြောင်း ၂၀၀၆ ခုနှစ်တွင် ဘရာဇီးနိုင်ငံတွင် စမ်းသပ်ခဲ့ခြင်း ဖြစ်ပါသည်။

    • ကျောက်ကပ်ကျောက်နှင့် သည်းခြေကျောက်များကို ပျော်ကျစေခြင်း၊ ကျောက်များထပ်မတည်ရန် ကာကွယ်ပေးခြင်း (expelsstones)

    • ဆီရွှင်စေခြင်း၊ ယူရစ်အက်ဆစ်ကိုလျော့နည်းသွားစေနိုင်သည့်အပြင် ဆီးပိုသွားစေ၏။

    • ကိုက်ခဲနာကျင်မှု ပျောက်စေခြင်း၊

    • အသည်းသန်မာစေ၏၊ အရည်များကိုအချိုးမျှတစေခြင်း၊ အရည်အသွေးကောင်းမွန်ခြင်း၊ (အသည်းအင်ဇိုင်းဇီဝဓာတ်ကူပစ္စည်းများ မျှတမှုဖြစ်စေခြင်း၊)

    • တက်ခြင်းကို လျော့နည်းစေခြင်း။

    • ရောင်ရမ်းခြင်းကို လျော့နည်းစေခြင်း

    • ရေယုန်ရောဂါနှင့် ခုခံမှုအားကျဆင်းစေခြင်း၊ ဗိုင်းရပ်စ်ပိုးများကို သေစေခြင်း။

    • အစာကြေလွယ်ခြင်း၊

    • သွေးထဲတွင် သကြားဓာတ်လျော့နည်းစေခြင်း၊

    • ဌက်ဖျားကာကွယ်ပေးခြင်း

ဒီလိုဆေးဖက်ဝင်ပုံများကြောင့် မြန်မာနိုင်ငံတွင်သာမက ကမ္ဘာတစ်ဝန်းတွင် ကြက်သဟင်းပင်ကို အသုံးပြုနေကြပါသည်။

ဉာဏ်လင်းထက်

(ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးရန် မေတ္တာရပ်ခံအပ်ပါသည်) 

 

You

ဆက်စပ်မေးခွန်းများ

ပဲပုပ်ကို အသီးအားကောင်းဖို့အတွက် သြဘာထဲကဘာဆေးဖျန်းရမလဲ နှင့် ပဲပုပ်အရွက်ဝါအပြောက်လောင်မဲအတွက် ဘာမှိုဆေးသုံးရမလဲ သြဘာထဲက ဖြစ်ဖြစ် ပြောပြပေးပါ

ဦးမောင်ကျော် • ဖြေကြားချက် 1 ခု

မိဘတွေလက်ထပ်ကတည်းက စပါးစိုက်ခဲ့တာပါ ရလည်းရပါတယ် ဒါပေမယ့် အဖေမရှိတော့တဲ့နောက်ပိုင်း နားမလည်လို့ ဖြစ်သလို လုပ်ခဲ့ရပါတယ် ဒီနှစ်တော့ နည်းစနစ်မှန်မှန်လေး စိုက်ပျိုးပြီး အကျိုးဖြစ်ထွန်းချင်ပါတယ် ဒါကြောင့် စပါး ၃မျိုး ဆင်းသုခ မနောသုခ ဧရာမင်း ဘယ်နှရက်သားမှာ NPK ဘယ်လောက်ထည့်သင့်တယ်ဆိုတာလေး ဖြေပေးစေချင်ပါတယ်ရှင်

လဲ့လဲ့လွင် • ဖြေကြားချက် 2 ခု

ဥစားကြက်စတင်မွေးမြူချင်တာဘယ်ကစရမလဲမသိလို့အကြံလေးပေးပါဦး ခြံငှားမယ်ဆိုလည်းဘေးပတ်ဝန်ကျင်ရဲ့အဆင်ပြေတာဘယ်လိုရှာရမလဲအကြံလေးပေးပါခဗျာ

ဟံ • ဖြေကြားချက် 1 ခု

ဆရာ 909 ခရမ်းချဥ်ပါဆရာ ဂွသီးတွေအရမ်းသီးပီး အပေါ်သီးသိပ်မလိုက်လို့ပါဆရာ မိုးကလဲများထားပါတယ်ဆရာ မနေ့ညနေက ဝိဇာရက ဒိုင်ဇီ မှိုသတ်ဆေးနဲ့ ဘီတာစီ ဖျန်းထားပါတယ်ဆရာ မိုးကအဆက်မပြတ်ရွာထားတော့ အားဆေးမလိုက်ဖြစ်ပဲ မှိုးဆေးနဲ့ပိုးသတ်ဆေး ပြန်လိုက်နေရပါတယ်ဆရာ ၁။ ထွက်တိုး 17 ပတ်လည်နဲ့ ကယ်စီပလပ် အစီတာမီ+ လန်ဘဒါ ၂ ကြိမ် ၂။ ထွက်တိုး + ရှယ်ပီကေ နဲ့ မင်းသား ၊အဘာမက်တင် ၁ ကြိမ် ၃ ။ မန်ကိုဇက် ၁ ကြိမ် ၄။ ဂရမ်း + မင်းသား တစ်ကြိမ် ၅ ။ ဒိုင်ဇီ + ဘီတာစီ ၁ ကြိမ် အမိုင်နိုနဲ့ ကယ်စီပလပ် သို့ မင်းသား ဝင်လို့ရပီလားဆရာ ဆေးကြိမ်ရေများနေတော့ ဘယ်ကနေ ပြန် စ ဝင်လို့ ဝင်ရမှန်းမသိလို့ပါဆရာ 909 က ဆရာ နောက်အသုတ်တွေ ထပ်သီးအူးမလားဆရာ အဆုံးမရှိ ပန်းခိုင်မဟုတ်တော့ ဒါနဲ့တင်ရပ်တော့မလားဆရာ ခရမ်းချဥ်က ၂ လသားကျော်ပါပြီဆရာ 15 ပတ်လည် ၁ ကြိမ် မော်နီတာဂျစ်ဆမ် ၂ ကြိမ် ရှိပါပြီဆရာ အခုတော့ ဂွသီးလေးတွေ မှည့်စ ပြုနေပါပြီဆရာ

U Yan • ဖြေကြားချက် 3 ခု

မွေးမြူရေး/စိုက်ပျိုးရေး ပညာရှင် ဆရာများခင်ဗျာ... တမာစေ့ကနေ တမာဆီကို စီးပွားဖြစ် အရည်အသွေးမီ ညှစ်ထုတ်နည်း သို့မဟုတ် Bulk ဝယ်ယူနိုင်မည့် နေရာကို လမ်းညွှန်ပေးပါရှင်

wai wai oo • ဖြေကြားချက် 2 ခု

Farm Link Co.,Ltd
Farm Link Co.,Ltd

Farm Link Co.,Ltd

ကြော်ငြာ

ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....

မတင်ဘဲ ထွက်မှာ သေချာပါသလား။

သင်ရေးထားသည်များကို မတင်ရသေးပါ။ ဤစာမျက်နှာမှ ထွက်ပါက ပျောက်ဆုံးသွားပါမည်။