ကျန်းမာ‌ရေး အတွက် အကျိုးရှိတဲ့ လိမ္မော်သီးယိုနဲ့ နာနတ်ယို

04/05/2022 15:30 PM တွင် နန်းအောင် နန်းအောင် မှ ရေးသား

   လိမ္မော်သီး၊ နာနတ်သီးတို့ကို ရာသီပေါ်ချိန်မှာ ဝယ်ထားပြီး ကျန်းမာရေးအတွက် အကျိုးလည်းရှိ ကြာရှည်လည်းအထားခံ၊ အဆာပြေအနေနဲ့လည်းစားလို့ရတဲ့ နာနတ်ယို ၊ လိမ္မော်ယိုတို့ကို တန်ဖို့မြှင့်ထုတ်ကုန် အနေနဲ့ ထုတ်လုပ်ရောင်းချမယ်ဆိုရင်လည်း အဆင်ပြေ၊ စားသုံးသူတို့အနေနဲ့လည်း အကျိုးရှိတဲ့ အတွက် ကျန်းမာရေးကောင်းကျိုး တွေကို ဖော်ပြပေးလိုပါတယ်။ 

ပထမဉီးဆုံးကတော့ လိမ္မော်သီးယိုရဲ့ ကောင်းကျိုးတွေကိုပြောပြပေးလိုပါတယ်။ 

လိမ္မော်သီးရဲ့ အသားရော အခွံရောပါ သုံး၍ပြုလုပ်ကြတဲ့ လိမ္မော်သီးယိုမှာ သကြားဓာတ်ပါဝင်မှု မြင့်မား ပြီး ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ အဟာရဓာတ်တွေကို ထောက်ပံ့ပေးနိုင်ပါတယ်။ ကောင်းကျိုးတွေကတော့ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်ဓာတ်များပါရှိခြင်း၊ အဆီထိန်းပေးခြင်း၊ ကယ်လိုရီ ကျစေခြင်း တို့ဖြစ်ပါ တယ်။ 

၁။ ကယ်လိုရီကျစေခြင်း

လိမ္မောသီးယိုက ကယ်လိုရီပါဝင်မှုနည်းတဲ့အတွက်ကြောင့် ပေါင်မုန့်မီးကင်၊ ပေါင်မုန့်ဖုတ်များနဲ့ အခြားအရာများနဲ့တွဲဖက်စားသုံးဖို့ရန်အတွက် အဆင်ပြေတဲ့ တွဲဖက်အစားအစာဖြစ်ပါတယ်။ လိမ္မော်သီးယို စားပွဲတင်ဇွန်းတစ်ဇွန်းမှာဆိုရင် ၄၉ ကယ်လိုရီပဲရှိပါတယ်။ ဒီတော့ လူတစ်ယောက်ရဲ့တစ်နေ့တာလိုအပ်တဲ့ ကယ်လိုရီပမာဏ ၂၀၀၀ ကယ်လိုရီရဲ့ ၂.၄ ရာခိုင်နှုန်းလောက်ပဲရှိပါတယ်။ မနက်စာအတွက် လိမ္မော်သီးယိုကို ပေါင်မုန့်မီးကင်မှာ သုတ်ပြီး စားမယ်ဆိုရင်တောင် ၆၉ကယ်လိုရီပဲရှိပါသေးတယ်။ ကိုလမ်ဘီယာတက္ကသိုလ်ရဲ့ ကျန်းမာရေးဝန်ဆောင်မှု ဌာနက လူတစ်ယောက်ရဲ့ တစ်နေ့တာအလုပ်တွေလုပ်ဆောင်ဖို့အတွက် မနက်စာက ကယ်လိုရီ ၃၅၀နဲ့ ၅၀၀ အတွင်းစားသုံးရန်လိုအပ်ကြောင်းအကြံပြုထားပါတယ်။ ဒါကြောင့်မို့ မနက်စာအတွက် လိမ္မော်သီးယိုနဲ့ ပေါင်မုန့်မီးကင် ကိုစားသုံးပေးမယ်ဆိုရင် ဝိတ်ချနေသောသူများအတွက် အရမ်းကိုအဆင်ပြေပါ တယ်။ အဆီမပါဝင်တဲ့ အတွက်ကြောင့်လည်း ဝိတ်ချနေသောသူများအတွက် စားသင့်တဲ့ အစားအစာပဲဖြစ်ပါ တယ်။ 

၂။ ဆိုဒီယမ်ဓာတ်ကို လျှော့ချပေးခြင်း

ဆိုဒီယမ်ဓာတ်က ခန္ဓာကိုယ်အတွက် လိုအပ်တဲ့ အဟာရဓာတ် ဖြစ်ပါတယ်။ ဆိုဒီယမ်က ခန္ဓာကိုယ်ရဲ့ သွေးဖိအားကို လည်းထိန်းညှိပေးပြီး အာရုံကြော နဲ့ ကြွက်သားတွေရဲ့ လုပ်ဆောင်မှုကိုလည်း ကောင်းမွန်အောင်ထောက်ပံ့ပေးပါတယ်။ ဒါပေမယ့် ခန္ဓာကိုယ်မှာ ဆိုဒီယမ်ပမာဏ လိုအပ်တာထက်များနေမယ် ဆိုရင်တော့ ရေငတ်ခြင်း၊ ဆီးသွားနည်းခြင်း၊ အော့အန်ခြင်း၊ ဝမ်းလျှောခြင်း တို့ဖြစ်စေပါတယ်။ အသက်အရွယ်ကြီးတဲ့ လူတွေ အထူးသဖြင့် ဆေးရုံမှာကုနေရတဲ့လူတွေ၊ နာတာရှည်ရောဂါသည်တွေ မှာပိုဖြစ်တတ်တဲ့ ဆိုဒီယမ် ပမာဏ နည်းနေပြန်ရင်လည်း စိတ်ရှုပ်ခြင်း၊ အားအင်မရှိခြင်း၊ ထိုင်းမှိုင်းခြင်း၊ ဆိုးဆိုးဝါးဝါးဖြစ်မယ်ဆိုရင် ကိုမာ (ရေရှည်မေ့မြောခြင်း) ၊ ဝက်ရူးပြန်ခြင်း၊ သေတဲ့အထိပါဖြစ်နိုင်ပါတယ်။

၃။ ခန္ဓာကိုယ်အတွက်လိုအပ်တဲ့ ဗီတာမင်စီ ထောက်ပံ့ပေးခြင်း

ဗီတာမင်စီကို အက်စကော့ဘစ်အက်ဆစ်လို့လည်းခေါ်ပါတယ်။ ဗီတာမင်စီက ခန္ဓာကိုယ်ထဲရှိ တစ်ရှူးတွေ၊ ဆဲလ်တွေကို အသစ်ပြန်လည်ဖြစ်ပေါ်စေဖို့နဲ့ ကော်လာဂျင် ထုတ်လုပ်မှုအတွက်လည်း အရေးကြီးတဲ့ ဗီတာမင်တစ်ခုပဲဖြစ်ပါတယ်။ ဒါ့အပြင် အဝလွန်တဲ့ ကလေးတွေအတွက်လည်း အကျိုးအာနိဿင်ရှိပါတယ်။  

ဒုတိယတစ်ခုကတော့ နာနတ်သီးယို အကြောင်းပဲဖြစ်ပါတယ်ဗျ။ 

နာနတ်သီးမှာဆိုရင် ကယ်ဆီယမ် ၊ ပိုတက်ဆီယမ်၊ ဗီတာမင်စီ ၊ ကာဘိုဟိုက်ဒရိတ်၊ အမျှင်ဓာတ်၊ ရေဓာတ်နဲ့ အစာခြေစနစ်အတွက်ကောင်းမွန်တဲ့ အခြားအဟာရဓာတ်များပါရှိပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်အလေး ချိန် ထိန်းညှိပေးခြင်း၊ ခန္ဓာကိုယ်ရဲ့ အဟာရဓာတ်တွေကို မျှတစေခြင်း တို့အတွက်လည်း ကူညီပေးပါတယ်။ 

ဒီတော့ ကျန်းမာရေးအတွက် အကျိုးများတဲ့ နာနတ်ယိုမှာဆိုရင်လည်း

၁။ ခန္ဓာကိုယ် ခုခံအားကောင်းမွန်ရန်အတွက် လိုအပ်တဲ့ အန်တီအောက်ဆီးဒန့်ဓာတ်များ ကြွယ်ဝခြင်း

၂။ အမျှင်ဓာတ် ကြွယ်ဝတဲ့ အတွက်ကြောင့် အစာချေစနစ်ကိုပုံမှန်ကောင်းမွန်စေပြီး အူမကြီးရဲ့ လုပ်ဆောင်ချက်တွေကိုလည်း ကောင်းမွန်စေပါတယ်။ အစာချေလမ်းကြောင်းကိုလည်း ချောမွေ့အောင်လုပ် ဆောင်ပေးတဲ့ အတွက်ကြောင့် ဝမ်းချုပ်ခြင်းကိုလည်း ကာကွယ်ပေးပါတယ်။ 

၃။ နာနတ်သီးက ရေပါဝင်မှု များတဲ့အတွက်ကြောင့် ခန္ဓာကိုယ်အတွက် ရေဓာတ်ဆုံးရှုံးမှုကိုလည်း ကာကွယ်ပေးနိုင်ပါတယ်။ ရေဓာတ်က ခန္ဓာကိုယ်ရဲ့ လုပ်ဆောင်ချက်များ ပုံမှန်လျော်ညီစွာ လုပ်ဆောင်ရန်အတွက် အရေးပါပါတယ်။ ရေဓာတ်ဆုံးရှုံးနေပြီဆိုရင်တော့ အားအင်ကုန်ခမ်းခြင်း၊ မောပန်းခြင်း စတဲ့ လက္ခဏာရပ်တို့ကို ဖြစ်စေပါတယ်။ ဒီတော့ နာနတ်ယိုကလည်း တစ်နေ့တာအလုပ်တွေလုပ်ဆောင်ရန်အတွက် အားအင်များကို မြှင့်တင်ပေးနိုင်ပါတယ်။

နာနတ်ယိုနဲ့ လိမ္မော်ယိုဆိုတာ ခုခေတ်မှာတော့ တန်ဖိုးမြှင့်ထုတ်ကုန် ထုတ်လုပ်ရောင်းချကြပြီး တော်တော်များများအလွယ်တကူဝယ်ယူလို့ရနေပြီဖြစ်တာကြောင့် အိမ်တိုင်းအိမ်တိုင်းမှာ ရှိသင့်တဲ့ ကျန်းမာရေး အတွက်အကျိုးရှိတဲ့ အစားအသောက်တစ်မျိုးဖြစ်ပါတယ်။

Ref:https://www.livestrong.com/article/441069-health-benefits-of-orange-marmalade/

https://www.malagoshomegrowm.com/blogs/news/benefits-of-a-pineapple-jam

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်