အဖိုးနည်းပေမယ့် အကျိုးများတဲ့ ငုံးဥ

13/08/2021 12:45 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား

    ငုံးဥက အရွယ်အစားအားဖြင့် ကြက်ဥ၊ ဘဲဥတို့ထက် သေးငယ်သော်လည်း အာဟာရဓာတ်ပါဝင်မှုမှာတော့ ငုံးဥကပိုများပါတယ်။ ငုံးဥမှာဆိုရင် ဗီတာမင်ဓာတ်တွေ၊ သတ္တုဓာတ်တွေနဲ့ အန်တီအောက်ဆီဒန့်ဓာတ်တွေ ကြွယ်ဝစွာပါဝင်တာမို့ ခန္ဓာကိုယ်ခုခံစွမ်းအားကို ကောင်းမွန်စေပါတယ်။ ဒါပေမယ့်လည်း ခုလိုကာလကြီးမှာ ကိုယ်ခံအားကောင်းဖို့အတွက် ကြက်ဥ ကြက်ဥဆိုတာကြီးပဲ ဖြစ်နေကြပြီး ငုံးဥစားသုံးဖို့တော့ မေ့လျော့နေကြတာကို တွေ့ရပါတယ်။  တချို့ကလည်း ငုံးဥအကြောင်းသိကြပေမယ့် ဝယ်ယူဖို့ခက်ခဲတာကြောင့်လည်း ဖြစ်နိုင်ပါတယ်။ ငုံးဥမှာ ဘယ်လိုအာဟာရဓာတ်တွေ ပါဝင်သလဲဆိုရင်…

ပျမ်းမျှအားဖြင့် ငုံးဥတစ်လုံးမှာ ပါဝင်တဲ့အာဟာရဓာတ်ပမာဏများ

ကယ်လိုရီ (calories)- ၁၄ ဂရမ် 

ပရိုတင်း (protein) - ၁ ဂရမ် 

အဆီဓာတ် (fat)-  ၁ ဂရမ်

ကိုလက်စထရော (Cholesterol) - ၂၅ ရာခိုင်နှုန်း

ရိုက်ဘိုဖလာဗင်  (Riboflavin) - ၆ ရာခိုင်နှုန်း

ဗီတာမင်ဘီ၁၂ (Vitamin B12) - ၆ ရာခိုင်နှုန်း

ဗီတာမင်အေ (VitaminA) - ၂ ရာခိုင်နှုန်း

သံဓာတ် (Iron)- ၂ ရာခိုင်နှုန်း

ဆိုဒီယမ် ( Sodium)- ၁ ရာခိုင်နှုန်း

ဖော့စပါးရပ် (Phosphorus)- ၂ ရာခိုင်နှုန်း

ဆီလီနီယံ ( Selenium) - ၅ ရာခိုင်နှုန်း

ချိုလိုင်း (Choline) - ၄ ရာခိုင်နှုန်း

ဖိုလိတ် (Folate) - ၂ ရာခိုင်နှုန်း

ကယ်ဆီယမ် (Calcium)- ၀.၄ ရာခိုင်နှုန်း

Pantothenic acid- ၃ ရာခိုင်နှုန်း စတဲ့ အဟာရဓာတ်များ စုံလင်စွာပါဝင်ပါတယ်။

ငုံးဥ၏ ကျန်းမာရေးကောင်းကျိုးများ

၁။ ခုခံစွမ်းအားကောင်းမွန်စေခြင်း

- ငုံးဥမှာ ဗီတာမင်ဓာတ်၊ သတ္တုဓာတ်နဲ့ အန်တီအောက်ဆီဒန့်တွေ ကြွယ်ဝခြင်းကြောင့် ခုခံအားကောင်းမွန်စေသလို ရောဂါဖြစ်နေတဲ့သူတွေ စားသုံးမယ်ဆိုရင်လည်း နလန်မြန်မြန်ထူစေနိုင်ပါတယ်။ 

 ၂။ ခန္ဓာကိုယ်ရဲ့  ဇီဝအတွင်းပြောင်းလဲမှုဖြစ်စဉ်ကို တိုးတက်စေခြင်း

- ဗီတာမင်ဘီပါဝင်ခြင်းကြောင့် ခန္ဓာကိုယ်အတွင်းရှိ ဇီဝတွင်းဖြစ်ပျက်မှုတွေကို မြှင့်တင်ပေးပြီး ကိုယ်အလေးချိန်ကျစေပါတယ်။ အစာချေဖျက်တဲ့စနစ်ကို ပိုမိုကောင်းမွန်စေပါတယ်။

၃။ အမြင်အာရုံကောင်းမွန်စေခြင်း

- ဗီတာမင်အေကြွယ်ဝခြင်းကြောင့် အမြင်အာရုံကောင်းမွန်စေပြီး မျက်စိကြည်လင်စေပါတယ်။ အတွင်းတိမ်မဖြစ်အောင်လည်း ကာကွယ်ပေးပါတယ်။

၄။ စိတ်ဖိစီးမှုကို သက်သာစေခြင်း

- ကျွန်တော်တို့ဟာ နေမကောင်းတဲ့အခါဖြစ်ဖြစ်၊ အခြားအဆင်မပြေတာတစ်ခုခုကြောင့်ဖြစ်ဖြစ် စိတ်ဖိစီးမှုတွေ ဖြစ်စေတတ်ပါတယ်။ ငုံးဥမှာပါတဲ့ ဟော်မုန်းတစ်မျိုးက စိတ်ဖိစီးမှုကို ကန့်သတ်ပေးနိုင်သလို အမျိုးသမီးတွေမှာရှိတဲ့ menopausal syndrome ကိုလည်း တိုက်ခိုက်ပေးနိုင်စွမ်းရှိပါတယ်။ 

၅။ ဓာတ်မတည့်မှုကိုသက်သာစေခြင်း

- ငုံးဥမှာ ဓာတ်မတည့်ခြင်းကို ချေဖျက်ပေးတဲ့ သဘာဝဓာတ်ပစ္စည်းတစ်မျိုး ပါဝင်တာကြောင့် ရောင်ရမ်းခြင်းနဲ့ အခြားဓာတ်မတည့်မှုများစွာကို သက်သာပျောက်ကင်းစေနိုင်ပါတယ်။

၆။ အရိုးအဆစ်တွေကို သန်မာစေခြင်း

- ငုံးဥမှာ ကယ်ဆီယမ်၊ ဖော့စပါးရပ် ဓာတ်တွေကြွယ်ဝတာမို့ အရိုးအဆစ်တွေကို သန်မာစေပါတယ်။

၇။ သွေးအားနည်းသောရောဂါကို လျော့ချပေးခြင်း

- သွေးအားနည်းတယ်ဆိုတာက သွေးနီဥဆဲလ်ပမာဏနည်းတာဖြစ်ပြီး အများအားဖြင့်  သံဓာတ်ချို့တည့်ခြင်းကြောင့် ဖြစ်စေတာပါ။ ငုံးဥမှာ သံဓာတ်ကြွယ်ဝတာမို့ စားပေးမယ်ဆိုရင် သွေးအားနည်းခြင်းကို သက်သာစေနိုင်ပါတယ်။

    ဒါ့အပြင် အသက်ရှူစွမ်းရည်ကောင်းမွန်စေခြင်း၊ ခန္ဓာကိုယ်ကြီးထွားဖွံ့ဖြိုးအောင် လှုံ့ဆော်ပေးခြင်း၊ ကိုယ်တွင်းအဆိပ်တောက်တွေပြေစေခြင်း၊ အရည်ပြားကျန်းမာရေးကို တိုးတက်စေခြင်း၊ ဆံပင်ကျွတ်ခြင်းကို ကာကွယ်ပေးခြင်း၊ ကိုလက်စထရောပမာဏကို ထိန်းညှိပေးခြင်း စသောကောင်းကျိုးများစွာကို ငုံးဥစားသုံးခြင်းဖြင့် ရရှိနိုင်မှာဖြစ်ပါတယ်။

    ဒါပေမယ့် တန်ဆေးလွန်ဘေးဆိုတာလည်းရှိသေးတော့ ကလေးငယ်တွေနဲ့ သက်ကြီးရွယ်အိုတွေကို အလွန်အကျွံမကျွေးသင့်ပါဘူး။ ကျောက်ကပ်နဲ့ အသည်းရောဂါရှိသူတွေအပြင် ငုံးဥနဲ့ဓာတ်မတည့်သူတွေလည်း မစားသုံးသင့်ပါဘူးဗျ။ 

Ref: https://www.healthline.com/nutrition/quail-eggs-benefits

https://www.conserve-energy-future.com/benefits-of-quail-eggs.php

https://www.organicfacts.net/health-benefits/animal-product/quail-eggs.html

https://www.stylecraze.com/articles/health-benefits-of-quail-egg/


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်