စောင်းလျားသီး၏ အံ့ဖွယ်ဆေးဖက်ဝင်မှုများ
မြန်မာနိုင်ငံ၏ ကျေးလက်နေသူအများစုသည် စောင်းလျားသီးကို အကွင်းလိုက် လှီးဖြတ်ကာ ငါးပိရည်၊ ငံပြာရည်တို့နှင့် တွဲဖက်၍ စားလေ့ရှိကြပါသည်။ တစ်ချို့ကတော့ စောင်းလျားသီးအစိမ်းကို အိမ်သုံးဆားနှင့်တို့စားပေးခြင်း၊ ဟင်းလျာအသုပ်တစ်ပွဲအဖြစ် ပုစွန်ခြောက်နှင့် သုပ်စားတတ်ကြပါသည်။ အချို့မှာ ချဉ်ဖတ်ပြုလုပ်၍စားပေးခြင်း အသီးကိုခပ်ပါးပါးလှီးဖြတ်၍ ချဉ်ဟင်းတွင်ထည့်ပြိး လက်ဖက်ရည်ကြမ်းနှင့် တွဲစားပေးလေ့ရှိကြပါသည်။ ဆီစိမ်၍ပါးပါးလှီးဖြတ်၍ သနပ်အဖြစ်၊ လက်သုပ်အဖြစ် စားကြသည်။ အချိုစောင်းလျားသီးတွေက ချဉ်၍ ချိုစေရန်အတွက် အိမ်သုံးသကြားနှင့် တို့စားတတ်ကြပါသည်။ စောင်းလျားသီးယိုများ၊ ဂျယ်လီများအဖြစ်လည်း စားသုံးနိုင်ပေသည်။ အချို့သော ဖွယ်ဖွယ်ရာရာများအဖြစ် ကျေးလက်ဒေသနေ ရွာသူရွာသားများ စားသုံးမှုများလည်းကျန်ရှိနေပါသည်။ အန်တီ ဦးကြီးတို့ စားလေ့ရှိကြတဲ့ပုံစံကိုလည်း ဝင်ရောက်ဆွေးနွေးခဲ့ကြပါဦး။
သရေစာအဖြစ်စားလို့ကောင်းတဲ့ စောင်းလျားသီးသည် ကျန်းမာရေးကိုအထောက်အကူပြုတဲ့အချက်များစွာရှိပါသည်။ ဆေးဖက်ဝင်တဲ့အချက်များကို လေ့လာကြည့်လိုက်ရအောင်။
စောင်းလျားသီးသည် ခံတွင်းမြိန်စေတဲ့အတွက် အစာလမ်းကြောင်းရောဂါငယ်များဖြစ်သည့် မစားချင် မသောက်ချင် ဖြစ်နေသူများ၊ ရင်ပြည့်ရင်ကယ်ဖြစ်ခြင်းတို့ကို သက်သာစေပါသည်။
ဝမ်းပျက်ဝမ်းလျောရောဂါဖြစ်လျှင် စောင်းလျားသီးအစိမ်းကို ငါးကြင်းကျပ်တိုက်ခြောက်နှင့် ကြော်စားပေးလျှင် သက်သာပျောက်ကင်းစေသည်ဟု သိရပါသည်။ ဒီနည်းလမ်းသည် မီးတွင်းဝမ်းသက်ခြင်း၊ သကျည်းကိုက်ခဲခြင်းနှင့် မိခင်နို့နာခြင်းများကို သက်သာစေနိုင်ပါသည်။
စောင်းလျားသီးအစိမ်းနှင့် အမှည့်တို့၏ ဆေးဖက်ဝင်အာနိသင်မှာ အနည်းငယ်ကွာခြားပါသည်။ စောင်းလျားသီးမှည့်ကို အလွတ်စားလျှင် အိပ်ရေးပျက်သောရောဂါ၊ မအီမသာဖြစ်သောရောဂါ၊ သလိပ်ခဲသောရောဂါ၊ အစားအစာမတင်းတိမ်သောရောဂါ၊ လေထိုးခြင်း၊ အစာဝင်လျှင် အန်ခြင်း၊ လေပွေလေကယ်ခြင်း၊ ရေငတ်အော့အန်ခြင်းတို့ကို သက်သာပျောက်ကင်းစေနိုင်ပါသည်။
ဝမ်းချုပ်ခြင်း၊ ဆီးချုပ်ရောဂါ၊ ဆီးပူရောဂါတို့အတွက် စောင်းလျားသီးချဉ်ရည်ဟင်းတစ်ခွက်သည် ဘဘာဝဆေးတစ်လက်ဖြစ်ပါသည်။ စောင်းလျားသီးဖျော်ရည်ကို နံနက်တစ်ကြိမ်၊ ညတစ်ကြိမ်သောက်ပေးခြင်းဖြင့် ပူလောင်ခြင်း၊ ရေငတ်ခြင်း၊ နှလုံးတုန်ခြင်း၊ ရင်တုန်ခြင်းတို့ကိုသက်သာစေပါသည်။
ဆက်လက်ပြီးစောင်းလျားသီးတွင်ပါဝင်သောအာဟာရဓာတ်များမှာ...
ကာဗိုဟိုက်ဒရိတ်
ဗီတာမင်အေ
ကယ်လ်ဆီယမ်
ဗီတာမင်စီ ဓာတ်များစွာပါဝင်ပါသည်။
ခုလို စောင်းလျားသီးပေါတဲ့အချိန်မှာ ကျန်းမာရေးအတွက် ဆေးတစ်လက်ဖြစ်အောင် စားကြဖို့ မမေ့ပါနဲ့။
“သဘာဝသစ်သီးများ၏ အံ့ဖွယ်ဆေးဖက်ဝင်မှုများ” စာအုပ်မှ ကောက်နုတ်ဖော်ပြပါသည်။
Ko oo
လွန်ခဲ့သော ၄ နှစ် ကစောင်းလျားပင်ကို အကိုင်ကနေကူးယူလို့ရပါသလား
ဆက်စပ်ဆောင်းပါးများ
ဆက်စပ်မေးခွန်းများ
၁၃၅ရက်ရေဆင်းပေါ်ဆန်းစပါးမှိုကပ်ချိန်မြေဩဇာထည့်သွင်းချိန်သိချင်ပါတယ်
U Kyaw Win Htike • ဖြေကြားချက် 0 ခု
စပါးခင်းထဲမှာပုံထဲကမြက်တွေပေါက်နေလို့ဘယ်လိုပေါင်းသတ်ဆေးမျိုးဖျန်းသင့်လဲသိချင်ပါတယ်ဗျ
Kyaw Gyi • ဖြေကြားချက် 0 ခု
ပဲကျဲရာတွင် ငန်းကို ဘယ်လိုယူရမလဲ ဘယ်ညာယူရမလား တစ်ဖက်ချင်းစီယူရမလား
ဦးစောမောင်ဌေး • ဖြေကြားချက် 0 ခု
မြေချဉ်ငန်ကိန်း5.1မြေကို ပြင်ချင်လို့ ဒိုလိုမိုက်ဘာ်လောက်kgသုံးရမလဲ
phyo lay • ဖြေကြားချက် 2 ခု
ဆရာဒို့ဦးလေး ပြောပြတဲ့အတိုင်း ချဉ်ပေါင်ပင်လေးတွေကို ပြာထည့်ပေး၊ မြေဆွေးထည့်ပေးလိုက်တာ အသစ်ထွက်လာတဲ့အရွက်တွေ ပြန်စိမ်းလာပြီး ။ ရောဂါကျတာမဟုတ်ဘဲ အဟာရချို့တဲ့တာတဲ့။ စိုက်တဲ့သူတွေကတော့ ပုံမှန်မဟုတ်တော့ရင် ရောဂါလို့ယဆလိုက်တော့တာပဲ ဆရာရေ။
Nova Nova • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
မြန်မာနိုင်ငံတွင် အဖြစ်များဆုံးသော ရောဂါ - ခံတွင်းကင်ဆာ
18/09/2026
ရှမ်းတောင် ခရမ်းချဉ်ဈေးကွက် အောက်တိုဘာနှင့် နိုဝင်ဘာတွင် ဈေးမြင့်တက်လာနိုင်ကြောင်း ကုန်သည်များသုံးသပ်
17/09/2026
တိုင်းနှင့်ပြည်နယ်များအလိုက် လာမည့် ၇ ရက်အတွင်း မိုးရွာသွန်းနိုင်ချေ ခန့်မှန်းချက်
16/09/2026
အသံ
အစာဈေးမြင့်ပြီး တွက်ချေမကိုက်တော့သဖြင့် ငါးမွေးမြူသူတွေ လျော့ကျလာ
16/09/2026
အသံ
ဘိုင်အိုချာလား.. ပြာလား..
15/09/2026
More from Green Way
အားလုံး
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
24/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....