အိမ်မှာ အလွယ်တကူပြုလုပ်နိုင်တဲ့ မြေဩဇာ ၆ မျိုး

13/07/2022 11:00 AM တွင် ဇင်ထူးနိုင် ဇင်ထူးနိုင် မှ ရေးသား

 

မိမိစိုက်ပျိုးထားတဲ့ အပင်တွေကို မြေဩဇာတော့ ကျွေးချင်ပါရဲ့။ ဒါပေမယ့်လည်း ငွေအများကြီးသုံးပြီး ဓာတ် မြေဩဇာတွေ ဝယ်ယူအသုံးပြုတာမျိုးလည်း မလုပ်ချင်ဘူးဆိုရင်တော့ ယခုဆောင်းပါးက သင့်အတွက်ပါပဲ။

ယခုဆောင်းပါးမှာတော့ အိမ်မှာ အလွယ်တကူရရှိနိုင်တဲ့ ပစ္စည်းတွေကို အသုံးပြုပြီး မြေဩဇာပြုလုပ်နိုင်မယ့် နည်းလမ်း ၆ ခုကို လေ့လာရမှာ ဖြစ်ပါတယ်။ အောက်ဖော်ပြပါ နည်းလမ်းတွေဟာ မိမိရဲ့ လိုအပ်ချက်နဲ့ ကိုက်ညီမှု ရှိ /မရှိ ဆုံးဖြတ်နိုင်ဖို့အတွက် ညွှန်ကြားချက်တွေကို ဂရုတစိုက်လေ့လာဖတ်ရှုကြည့်ဖို့ အကြံပြုလိုပါတယ်။ ဘာ့ကြောင့်လဲဆိုတော့ အချို့သော မြေဩဇာတွေက အက်စစ်ဓာတ်ဆန်တဲ့ မြေမှာ အသုံးမပြုသင့်တာမျိုး၊ အယ်ကာလီဆန်တဲ့ မြေမှာ အသုံးမပြုသင့်တာမျိုး စသည်ဖြင့် အနည်းငယ်ကွဲပြားမှု ရှိနိုင်တာကြောင့်  ဖြစ်ပါတယ်။  

(၁) ဆားခါး (Epsom salt) 

ဆားခါးမှာ မဂ္ဂနီစီယမ်ဆာလ်ဖိတ် (မဂ္ဂနီစီယမ်နဲ့ ဆာလ်ဖာ) ဓာတ်တွေ ပါဝင်နေတာဖြစ်ပြီး အပင်တွေ ကျန်းမာသန်းစွမ်းဖို့ အထောက်အကူပြုပေးနိုင်ပါတယ်။ ဆားခါးမှာ ပါဝင်နေတဲ့ မဂ္ဂနီစီယမ်ဓာတ်ဟာ အပင်အတွက် အရေးကြီးတဲ့ အာဟာရဓာတ်တွေဖြစ်တဲ့ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်စီယမ်နဲ့ ဆာလ်ဖာ ဓာတ်တွေကို အပင်ကနေ ပိုမိုစုပ်ယူနိုင်ဖို့ ကူညီပေးနိုင်ပါတယ်။ မဂ္ဂနီစီယမ်ဓာတ်ဟာ အပင်တွေအစာချက်လုပ်ရာမှာ အရေးကြီးတဲ့ ကလိုရိုဖီးဖြစ်ပေါ်ဖို့ ကူညီပေးနိုင်သလို ပန်းပွင့်နဲ့ အသီးတွေ ဖြစ်ပေါ်မှုကိုလည်း တိုးတက်စေနိုင်တာ ဖြစ်ပါတယ်။ ဆားခါး အသုံးပြုခြင်းဖြင့် မျိုးညှောင့်ပေါက်မှုကိုလည်း အားပေးပြီး အပင်ရဲ့ ဆဲလ်နံရံတွေကိုလည်း တောင့်တင်းခိုင်မာစေပါတယ်။ ဆားခါးကို အပင်ခြေမှာပုံပေးတာမျိုး၊ ရေနဲ့ရောစပ်လောင်းပေးတာမျိုး စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ ရေ ၁ ဂါလံကို  ဆားခါး ထမင်းစားဇွန်း ၂ ဇွန်းနှုန်းနဲ့ တစ်လကို တစ်ကြိမ် အပင်တွေကို လောင်းပေးနိုင်ပါတယ်။  မကြာခဏ အသုံးပြုချင်တယ်ဆိုရင်တော့ ရေ ၁ ဂါလံကို  ဆားခါး ထမင်းစားဇွန်း ၁ ဇွန်းနှုန်းနဲ့ ၂ ပတ် ၁ ကြိမ် အသုံးပြုနိုင်ပါတယ်။ မဂ္ဂနီစီယမ်ဓာတ်ကို ကြိုက်နှစ်သက်တဲ့ အပင်တွေဖြစ်တဲ့ အိမ်တွင်းအလှစိုက်အပင်များ၊ နှင်းဆီပင်၊ ငရုတ်ကောင်း၊ ခရမ်းချဥ်၊ အာလူး စတဲ့ အပင်တွေမှာ ဆားခါး အသုံးပြုခြင်းဖြင့် ကောင်းကျိုး ရရှိစေမှာ ဖြစ်ပါတယ်။ 

(၂) ကော်ဖီမှုန့် (Coffee ground) 

ကော်ဖီသောက်ပြီးလို့ ကျန်ရှိတဲ့ ကော်ဖီအမှုန့်တွေကို လွှင့်မပစ်ဘဲ အပင်တွေကို ထည့်ပေးမယ်ဆိုရင်လည်း ကောင်းကျိုးရရှိစေမှာ ဖြစ်ပါတယ်။ ကော်ဖီမှုန့်တွေကို စာရွက်ပေါ်မှာ လုံးဝခြောက်သွေ့အောင်ထားပြီးမှ အပင်ခြေ အပေါ်ယံမြေသားပေါ်မှာ ပုံထားနိုင်သလို ရေနဲ့ ၁ ပတ်လောက်အထိ စိမ်ထားပြီးမှ အပင်တွေကို လောင်းပေးတာမျိုးလည်း ပြုလုပ်နိုင်ပါတယ်။ ကော်ဖီအမှုန့်ထဲမှာ နိုက်ထရိုဂျင်၊ ပိုတက်စီယမ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေ ကြွယ်ဝစွာ ပါဝင်နေတာဖြစ်ပါတယ်။ ဒါ့အပြင် ကော်ဖီမှုန့်မှာ သဘာဝအတိုင်း အက်စစ်ဓာတ် ပါဝင်နေတာကြောင့် မြေဆီလွှာရဲ့ အက်စစ်ဓာတ်ကိုလည်း  မြှင့်တင်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အက်စစ်ဓာတ်ရှိတဲ့ မြေတွေမှာ ကောင်းစွာ ရှင်သန်နိုင်တဲ့ နှင်းဆီ၊ ခရမ်းချဥ်၊ တောင်ဇလပ်နဲ့ အိမ်တွင်းအလှစိုက် အပင်တွေမှာလည်း ကော်ဖီမှုန့်ကို အသုံးပြုနိုင်ပါတယ်။ 

(၃) ကြက်ဥခွံ (Eggshell) 

မီးဖိုချောင်က ထွက်ရှိတဲ့ ကြက်ဥခွံတွေဟာလည်း အပင်တွေအတွက် အကျိုးရှိစေတဲ့ သဘာဝစွန့်ပစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ကြက်ဥခွံတွေမှာ ကယ်လ်စီယမ်ဓာတ် (ထုံးဓာတ်) ပါဝင်ပြီး အက်စစ်ဓာတ် (အချဥ်ဓာတ်) ကို ကြိုက်နှစ်သက်ခြင်း မရှိတဲ့အပင်တွေမှာ အက်စစ်ဓာတ်လျော့နည်းစေပြီး အပင်အတွက် ကယ်လ်စီယမ်ဓာတ်ကို ထောက်ပံ့ပေးနိုင်တာ ဖြစ်ပါတယ်။ ကြက်ဥခွံတွေမှာက ကယ်လ်စီယမ် ကာဗွန်နိတ် ၉၃ ရာခိုင်နှုန်းအထိ ပါဝင်ပါတယ်။ ထုံးကို အလွယ်တကူ ဝယ်ယူနိုင်ပေမယ့်လည်း တစ်နိုင်တစ်ပိုင်စိုက်ပျိုးတဲ့ အပင်လေးတွေမှာ အသုံးပြုချင်တယ်ဆိုရင်တော့ ငွေကုန်ကြေးကျသက်သာအောင် ကြက်ဥခွံတွေကို အသုံးပြုနိုင်ပါတယ်။ ဒါ့ကြောင့် အိမ်က မီးဖိုချောင်မှာ ကြက်ဥခွံလေးတွေရှိတယ်ဆိုရင် သေချာဆေးကြောကာ လေသလပ်ခံထားပြီး လိုအပ်တဲ့အချိန်မှာ ကြိတ်ချေပြီး အပင်ခြေမှာ ထည့်ပေးနိုင်ပါတယ်။ ကြက်ဥခွံတွေကို အိမ်တွင်းအလှစိုက်အပင်တွေအပြင် ခရမ်းချဥ်၊ ခရမ်းသီးပင်နဲ့ ငရုတ်ကောင်း အပင်တွေမှာလည်း အသုံးပြုနိုင်ပါတယ်။ 

(၄) ရှာလကာရည် (Vinegar) 

ရှာလကာရည်မှာ အက်စစ်ဓာတ်ပါဝင်ပြီး အပင်တွေရဲ့ ဆဲလ်ကွဲပွားခြင်း၊ ဆဲလ်ကြီးထွားခြင်း စတဲ့ အရေးကြီးသော ဇီဝကမ္မဖြစ်စဥ်တွေကို ကူညီပေးနိုင်တာ ဖြစ်ပါတယ်။ ရှာလကာရည်ဟာ မြေဆီလွှာရဲ့ အက်စစ်ဓာတ်ကိုလည်း တိုးစေနိုင်တာကြောင့် အက်စစ်ဓာတ် ကြိုက်နှစ်သက်တဲ့ အိမ်တွင်းအလှစိုက် အပင်များ၊ နှင်းဆီပင်နဲ့ ခြောက်လပန်းပင်တွေမှာ အသုံးပြုနိုင်ပါတယ်။ အသုံးပြုပုံကတော့ ရှာလကာရည်  ထမင်းစားဇွန်း ၁ ဇွန်းကို ရေ ၁ ဂါလံနဲ့ ရောစပ်ပြီး အပင်တွေကို ၃ လ လျှင် ၁ ကြိမ် လောင်းပေးခြင်းဖြင့် ကြီးထွားသန်မာစေမှာ ဖြစ်ပါတယ်။ ဒါ့အပြင် ရှာလကာရည်ကို သဘာဝပေါင်းသတ်ဆေး ပြုလုပ်ရာမှာလည်း အသုံးပြုနိုင်ပါသေးတယ်။ ပေါင်းနှိမ်နင်းဖို့ အသုံးပြုမယ်ဆိုရင်တော့ အက်စစ်ဂုဏ်သတ္တိပမာဏ ၂၀ ကနေ ၃၀ ရာခိုင်နှုန်းရှိတဲ့ ရှာလကာရည်တွေကို ရွေးချယ် အသုံးပြုသင့်ပါတယ်။ 

(၅) သစ်သားပြာ (Ashes) 

သစ်သားပြာမှာ ကယ်လ်စီယမ်ဓာတ် အများဆုံးပါဝင်နေတာဖြစ်ပြီး ၂၀ ရာခိုင်နှုန်းနဲ့ အထက်မှာ ရှိနေတာ ဖြစ်ပါတယ်။ ဒါ့အပြင် သစ်သားပြာမှာ ပိုတက်စီယမ်ဓာတ်လည်း ပါဝင်နေပါသေးတယ်။ ပိုတက်စီယမ် ပါဝင်မှုကတော့ ၅ ရာခိုင်နှုန်းခန့် ဖြစ်ပါတယ်။ သစ်သားပြာမှာ နောက်ထပ်တွေ့ရှိရတဲ့ အာဟာရဓာတ်တွေကတော့ မဂ္ဂနီစီယမ်၊ ဆာလ်ဖာ၊ ဖော့စဖောရပ်စ် တို့ဖြစ်ကြပြီး ၎င်းအာဟာရဓာတ်တွေကတော့ ၂ ရာခိုင်နှုန်းဝန်းကျင်ခန့် ပါဝင်နေတာ ဖြစ်ပါတယ်။ ဒါ့ကြောင့် အက်စစ်ဓာတ်လွန်ကဲနေတဲ့ မြေဆီလွှာတွေမှာ သစ်သားပြာအသုံးပြုခြင်းဖြင့် မြေဆီလွှာရဲ့ ချဥ်ငံကိန်းကို သမမျှတအောင် ကူညီပေးနိုင်မှာဖြစ်သလို အာဟာရဓာတ်တွေကို ပိုမိုစုပ်ယူနိုင်အောင်လည်း ထောက်ပံ့ပေးမှာ ဖြစ်ပါတယ်။ သစ်သားပြာကို အသုံးပြုရာမှာ သတိပြုရမယ့်အချက်က အပူဓာတ် လုံးဝမရှိတဲ့ ပြာကိုအသုံးပြုဖို့  ဖြစ်ပါတယ်။ ကြီးမားတဲ့သစ်ပင်တွေနဲ့ သစ်သီးပင်တွေအတွက် အသုံးပြုမယ်ဆိုရင်တော့ အပင်ခြေရင်းမှာ ၁ လက်မခန့် ပုံပေးနိုင်ပါတယ်။ အလှစိုက်ပန်းပင်တွေမှာ အသုံးပြုချင်ရင်တော့ အပင်ခြေမှာ လက်မဝက်ခန့် ထည့်သွင်းပေးနိုင်ပါတယ်။ သစ်သားပြာကို ကညွတ်၊ ခရမ်းချဥ်၊ ပန်းဂေါ်ဖီ၊ ပန်းဂေါ်ဖီစိမ်း စတဲ့ အပင်တွေမှာ အသုံးပြုနိုင်ပါတယ်။  

(၆) ငှက်ပျောခွံ (Banana peel) 

ငှက်ပျောခွံဟာလည်း အပင်တွေအတွက် အကျိုးရှိစေတဲ့ စွန့်ပစ်ပစ္စည်းတစ်မျိုး ဖြစ်ပါတယ်။ ငှက်ပျောသီးစားတဲ့အခါ ခန္ဓာကိုယ်အတွက် ပိုတက်စီယမ်ဓာတ်ရရှိသလိုပဲ ငှက်ပျောခွံကနေလည်း  အပင်တွေအတွက် ပိုတက်စီယမ်ဓာတ်ကို ရရှိစေပါတယ်။ ငှက်ပျောခွံဟာ ဒြပ်ထုအားဖြင့် အသီးရဲ့ ၂၅ - ၃၅ ရာခိုင်နှုန်းအထိ နေရာယူထားတာလည်း ဖြစ်ပါတယ်။ ငှက်ပျောခွံတွေဟာ ဆွေးမြေ့ပြီးတဲ့နောက်မှာ  အပင်အတွက်အရေးကြီးတဲ့ ပိုတက်စီယမ်ဓာတ်ကို ပံ့ပိုးပေးတာ ဖြစ်ပါတယ်။ ငှက်ပျောခွံမှာ ပိုတက်စီယမ်ဓာတ်က ၄၂ ရာခိုင်နှုန်းအထိ ပါဝင်နေတာလည်း ဖြစ်ပါတယ်။ ဒါ့အပြင် ငှက်ပျောခွံကနေ နိုက်ထရိုဂျင်၊ ဖော့စဖောရပ်စ်နဲ့ မဂ္ဂနီစီယမ် ဓာတ်တွေကိုလည်း ပမာဏအနည်းငယ်စီ ရရှိနိုင်အုံးမှာ ဖြစ်ပါတယ်။ အသုံးပြုနိုင်တဲ့ နည်လမ်းကတော့ ငှက်ပျောခွံကို ၁ လက်မခန့်ရှိတဲ့ အစိတ်အပိုင်းလေးတွေ ပြုလုပ်ပြီး အပင်ခြေအနားမှာ ၃ လက်မအနက်ရှိတဲ့ တွင်းတူးကာ ထည့်ပေးနိုင်တာ ဖြစ်ပါတယ်။ ဒါ့အပြင် မြေဆွေးပြုလုပ်ရာမှာလည်း ထည့်သွင်း အသုံးပြုခြင်းဖြင့် ပိုတက်စီယမ်ဓာတ် ပါဝင်မှုကို  ပိုမိုအားကောင်းစေမှာ ဖြစ်ပါတယ်။ နောက်တစ်နည်းကတော့ ငှက်ပျောခွံတွေကို ရေနဲ့အတူရောကာ အာဟာရ ဖျော်ရည်အနေနဲ့ အပင်တွေကို လောင်းပေးခြင်းဖြင့်လည်း အကျိုးရှိစေမှာ ဖြစ်ပါတယ်။ 

ဇင်ထူးနိုင် 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်