ဘာကာနေရောဂါကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

26/05/2020 12:30 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ရောဂါလက္ခဏာများ

    ဒီရောဂါဟာ မျိုးစေ့ဆောင်ရောဂါဖြစ်ပါတယ်။ ဒီရောဂါဟာ အမြစ် ဒါမှမဟုတ် မြစ်ဆုံကတစ်ဆင့် စပါးပင်တွေကို တိုက်ခိုက်ပါတယ်။ နောက်တော့ ၄င်းတို့ဟာ စပါးပင်အတွင်းမှာ စနစ်တကျကြီးထွားလာကြပါတယ်။ ရောဂါကျစပါးပင်တွေဟာ ဖျော့တော့ပါးလွှာတဲ့စပါးရွက်တွေနဲ့အတူ ပုံသဏ္ဌာန်မမှန်ဘဲရှိကြပြီး ပင်ပွားအနည်းငယ်နဲ့ တစ်ဝက်တစ်ပျက်အဆံရှိတဲ့ စပါးစေ့ ဒါမှမဟုတ် စပါးဖျင်းတွေကိုသာ ထုတ်လုပ်ပေးပါတယ်။

တွေ့ရှိရသည့်နေရာ

    ဒီရောဂါကို ရောဂါကျမျိုးစေ့တွေကို စိုက်ပျိုးတဲ့အခါမှာ အများဆုံးတွေ့ရပေမဲ့ စပါးပင်စိုက်ရာမှာအသုံးပြုတဲ့ ပစ္စည်းတွေနဲ့ မြေကြီးထဲမှာရှိနေရင်လည်း တွေ့ရပါတယ်။ ၄င်းဟာ စပါးပင်တစ်ပင်ကနေ အခြားတစ်ပင်ဆီကို မှိုရောဂါစပိုးတွေကို သယ်ဆောင်တဲ့လေ ဒါမှမဟုတ် ရေကတစ်ဆင့်လည်း ပျံ့နှံ့ပါတယ်။ ဒီရောဂါဟာ စပါးပင်ကို ရိတ်သိမ်းစဉ်မှာလည်း ကူးစက်နိုင်ပါတယ်။ 

ရောဂါခွဲခြားနည်း

    • ရောဂါကျနေပုံရတဲ့ စပါးပျိုးပင်တွေရှိမရှိ စပါးပျိုးဘောင်တွေကို စစ်ဆေးပါ။ ရောဂါကျ ပျိုးပင်တွေက အမြစ်တွေပေါ်မှာ ဒဏ်ရာတွေရှိကြပြီး စပါးပြောင်းရွှေ့မစိုက်မီ ဒါမှမဟုတ် စပါးပြောင်းရွှေ့စိုက်ပြီးတာနဲ့ စပါးပျိုးပင်တွေ သေသွားနိုင်ပါတယ်။

    • ပုံသဏ္ဌာန်မမှန်တဲ့ စပါးပင်တွေရှိမရှိ စစ်ဆေးပါ။ ရောဂါကျစပါးပင်တွေဟာ ပုံမှန်စပါးပင်တွေထက် လက်မပေါင်းများစွာ ပိုမြင့်ကြပါတယ်။ ၄င်းအပင်များဟာ စိမ်းဝါရောင်နဲ့ စိမ်းဖျော့ရောင် စပါးရွက်များနဲ့အတူ ပါးလွှာကြပါတယ်။

    • ရောဂါကျစပါးပင်တွေရဲ့အခြေ ဒါမှမဟုတ် အောက်ဖက်ပိုင်းတွေမှာ အဖြူရောင်မှိုမျှင်စု ကြီးထွားမှုရှိမရှိ စစ်ဆေးပါ။

    • မြေကြီးအထက်မှာ  စပါးပင်စည်ပေါ်က အဆစ်တွေမှာ အမြစ်တွေထွက်နေတာရှိမရှိ စစ်ဆေးပါ။ 

    ဒါပေမဲ့ ရောဂါကျအပင်အားလုံးမှာ မျက်စိနဲ့မြင်နိုင်တဲ့ ဘာကာနေရောဂါလက္ခဏာမပြကြပါဘူး။ တစ်ခါတလေမှာ ရောဂါကျအပင်တွေဟာ ပုကောင်းပုနေနိုင်ပါတယ် ဒါမှမဟုတ် ပုံမှန်စပါးပင်တွေအတိုင်း ရှိနေနိုင်ပါတယ်။ စောစောစီးစီး ရောဂါကျတာဟာ အစောပိုင်းစပါးပင်ပွားအဆင့်မှာ ပျိုးပင်တွေကို သေစေနိုင်ပါတယ်။ နောက်ကျမှ ရောဂါကျရင်တော့ စပါးပင်ပွားနည်းသွားပြီး စပါးရွက်ခြောက်တွေ ရှိလာပါတယ်။ ရင့်မှည့်တဲ့အဆင့်အထိ စပါးပင်တွေ အသက်ရှင်ပါက ၄င်းတို့မှာ အဆံတစ်ဝက်တပျက်ရှိတဲ့ စပါးစေ့တွေ၊ မြုံနေတဲ့ ဒါမှမဟုတ် စပါးဖျင်းတွေအဖြစ် ဖွံ့ဖြိုးလာကြပါတယ်။

စီးပွားရေးအရ အရေးပါပုံ

    ဒီရောဂါအဆမတန်ကျရင် စပါးအထွက်ဆုံးရှုံးမှုဟာ ၂၀% အထိ ရှိနိုင်ပါတယ်။ ဂျပန်နိုင်ငံမှာ စပါးအထွက် ၂၀% ​ကနေ ၅၀% အထိရှိတယ်လို့ မှတ်သားရပါတယ်။ အိန္ဒိယနိုင်ငံမှာ စပါးအထွက်ဆုံးရှုံးမှု ၁၅% နဲ့ ထိုင်းနိုင်ငံမှာ ၃.၇% ရှိတယ်လို့ အစီရင်ခံထားပါတယ်။  

ကာကွယ်နှိမ်နင်းခြင်း

    • ရောဂါကျကျရောက်မှုနည်းအောင် ရောဂါကင်းသောမျိုးစေ့ကို စိုက်ပါ။ 

    • ရောဂါကျစပါးမျိုးစေ့တွေကိုခွဲခြားရန် ဆားရေစိမ်ပါ။ 

    • အောက်ပါဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။ 

    • ပရိုပီကိုနာဇိုးလ် (Propiconazole)

    • ဘီနိုမိုင်း (Benomyl)

    • ဟက်ဇာကိုနာဇိုးလ် (Hexaconazole)

    • မန်ကိုဇက်ဘ် (Mancozeb)

ဒေါက်တာကိုကို (စိုက်ပျိုးရေး) 

ဒေါက်တာကိုကို၏စိုက်ပျိုးရေးဆောင်းပါးများလေ့လာရန်


Farm Link Co.,Ltd ကြော်ငြာ
စပါးခင်းထဲက ပေါင်းပင်တွေကြောင့် စိတ်ညစ်နေရတဲ့ ဦးကြီးတို့အတွက် သတင်းကောင်း စရိတ်လည်းသက်သာ၊ လူလည်းမပင်ပန်းရတော့ဘူးဗျို့....ဦးကြီးတို့ရေ စပါးခင်းထဲမှာ ပေါင်းသတ်ဆေးတွေ ခဏခဏဖျန်းနေရလို့ ကုန်ကျစရိတ်တွေတက်၊ လူလည်း ပင်ပန်းနေပြီလား အနှောင့်အယှက်ပေးနေတဲ့ ပေါင်းပင်တွေကို အစိုသမန်းမှာတင် အပြတ်ရှင်းဖို့ ဒီမှာ Farm Link ရဲ့ #အစိုသမန်းပေါင်းအုပ်ဆေးErase (အီရေစ့်) ရှိတယ်လေ Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ ဘာကြောင့် "အီရေစ့်" ကိုမှ ရွေးချယ်သင့်တာလဲ? အခြားဆေးတွေမှာ Pretilachlor 30% ပဲ ပါဝင်ပေမယ့် #Erase (အီရေစ့်) မှာတော့ Pretilachlor 50% EC အထိ အချိုးအစား ပိုမိုမြင့်မားစွာ ပါဝင်ပါတယ်။ မြက်မျိုးရင်း၊ မြက်မုန်ညှင်းနဲ့ ရွက်ပြန့်ပေါင်းမှန်သမျှကို တစ်ခါတည်းနဲ့ အမြစ်ပြတ်အောင် နှိမ်နင်းပေးနိုင်ပါတယ်။ တစ်ကြိမ်ဖျန်းထားရုံနဲ့ ပေါင်းပင်ပေါက်ရောက်မှုကို သိသိသာသာ လျှော့ချပေးလို့ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင် စိတ်ချရပါတယ်။ "အီရေစ့်" ကို ဘယ်လိုသုံးရင် အထိရောက်ဆုံး ဖြစ်မလဲ စပါးခင်းထဲမှာ ပေါင်းပင်အစအနတောင် မကျန်အောင် ဒီနည်းလမ်းလေးအတိုင်း သုံးပေးပါနော် တိုက်ရိုက်အစေ့ချစိုက်ခင်းဆိုရင် စပါးစေ့ချပြီး (၄) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။ ပျိုးထောင်ရွှေ့ပြောင်းစိုက်ခင်းဆိုရင်တော့ စိုက်ပျိုးပြီး (၅) ရက်အတွင်း အီရေစ့်ကို ဖျန်းပေးပါ။ ဒီအချိန်အတွင်းမှာသာ အမိအရဖျန်းပေးမယ်ဆိုရင် ဦးကြီးတို့ရဲ့ စပါးခင်းဟာ ပေါင်းကင်းစင်ပြီး အားကောင်းမောင်းသန်နဲ့ ကြီးထွားလာမှာ အသေအချာပါပဲဗျာ။ ဆေးနှုန်းထားအနေနဲ့ကတော့ ဆေးဖျန်းပုံးတစ်ပုံးလျှင် ၇၀ - ၈၀ စီစီ နှုန်း ထည့်ပါ။ အီရေစ့် (၁) လီတာ တစ်ဘူးလျှင် (၃) ဧက အထိ စနစ်တကျ အသုံးပြုနိုင်ပါတယ်။ ကဲ... ဦးကြီးတို့ရေ "အချိန်မီဖျန်းမှ အထွက်နှုန်းသေချာ ပေါင်းပင်တွေနေရာ... အီရေစ့် (Erase) နဲ့ အမြန်ဦးအောင် ရှင်းလိုက်ပါ စရိတ်သက်သာ၊လူသက်သာပြီး အထွက်နှုန်းအတွက် စိတ်အေးရဖို့... စပါးခင်းထဲက ပေါင်းမှန်သမျှ အကုန် "ရွေ့" သွားစေမယ့် အီရေစ့် (Erase) ကို အခုပဲ အပြေးလေး ဝယ်ယူလိုက်တော့နော်
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်