စပါးရွက်လိပ်အိမ်ပိုးကို ဘယ်လိုကာကွယ်နှိမ်နင်းမလဲ

01/04/2020 17:00 PM တွင် ဒေါက်တာကိုကို ဒေါက်တာကိုကို မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဖျက်ဆီးပုံလက္ခဏာများ

   စပါးရွက်လိပ်အိမ်ပိုးဟာ စပါးရွက်အိမ်တွေလုပ်ဖို့ စပါးရွက်ထိပ်ဖျားတွေကို ဖြတ်ပါတယ်။ ၄င်းတို့ရဲ့ စားသောက်ဖျက်ဆီးမှုဟာ ကပ်ကြေးနဲ့ညှပ်သလိုပဲ စပါးရွက်တွေကို ထောင့်မှန်ကျကျ ညှပ်ပါတယ်။ 

   ဒီအင်းဆက်ဟာ ရေသေရှိတဲ့ လယ်မြေရော ဆည်ရေသောက်စပါးခင်းတွေမှာ အများဆုံး တွေ့ရလေ့ရှိပါတယ်။ ပျိုးပင်ငယ်တွေကို ရွှေ့ပြောင်းစိုက်တာဟာလည်း ဒီအင်းဆက်ဖွံ့ဖြိုးမှုကို အားပေးပါတယ်။

    အရွယ်ရောက်ကောင်တွေဟာ ညထွက်ကောင်တွေဖြစ်ကြပြီး အလင်းရောင်ထောက်ချောက်နဲ့ ဖမ်းနိုင်ပါတယ်။ လောက်ကောင်ဟာ စပါးရွက်အိမ်ထဲမှာ ပုန်းအောင်းနေပြီးနောက် နေ့ဖက်မှာ ရေပေါ်မှာပေါလောပေါ်နေပြီး ၄င်းရဲ့ စပါးရွက်အိမ်နဲ့အတူ စပါးပင်ပေါ်ကို တက်သွားပါတယ်။

    ဆိုးဝါးတဲ့ဖျက်ဆီးမှုကို မိုးရာသီအတွင်း စပါးပင်ပုပြီး သိပ်သည်းကာ ပင်ပွားအများကြီးထွက်ပြီး အထွက်ကောင်းစပါးမျိုးများမှာ မကြာခဏဆိုသလို တွေ့ရပါတယ်။

အမျိုးအစားခွဲခြားခြင်း

စပါးရွက်လိပ်အိမ်ပိုး ဖျက်ဆီးမှုရှိမရှိ အောက်ပါတို့ကို စစ်ဆေးပါ။

    • ရေပေါ်တွင်ပေါလောပေါ်နေသော စပါးရွက်အိမ်များ

    • ကပ်ကြေးနဲ့တိညှပ်ထားသလို ထောင့်မှန်ကျတဲ့ ရွက်ပြတ်များ 

    • စားသောက်ခံထားရတဲ့ စပါးအပေါ်ရွက်သား ပါးလွှာနေခြင်း

    • ရိုးတံကျဲစပါးရွက်တစ်ရှူးတွေဟာ လှေကားပုံစံဖြစ်နေလေ့ရှိခြင်း

    ၄င်းရဲ့ ဖျက်ဆီးမှုလက္ခဏာတွေဟာ အခြားရွက်စားပိုးတွေရဲ့ဖျက်ဆီးမှုလက္ခဏာတွေနဲ့ ရောနှောလေ့ရှိပါတယ်။ ဒီဖျက်ပိုးဖျက်ဆီးမှုဟုတ်မဟုတ် အတည်ပြုရန် လှေကားပုံ စပါးရွက်တစ်ရှူး ရှိမရှိ၊ ဖြတ်တောက်ခံထားတဲ့ စပါးရွက်များရှိမရှိနဲ့ စပါးရွက်တွေမှာ ကပ်နေတဲ့ စပါးရွက်အိမ်များရှိမရှိနဲ့ အလုံပိတ်ထားတဲ့ လောက်ကောင်တွေနဲ့အတူ ရေပေါ်တွင် ပေါလောပေါ်နေမှုရှိမရှိ မျက်မြင်စစ်ဆေးပါ။

စီးပွားရေးအရအရေးပါပုံ

    စပါးရွက်လိပ်အိမ်ပိုးကို အများအားဖြင့် စပါးခင်းတွေမှာ အကောင်ရေနည်းနည်းပဲ တွေ့ရ ပါတယ်။ ၄င်းဟာ အကောင်ရေများလာနိုင်ပြီး စပါးခင်းကို အကွက်လိုက် အရွက်တွေကို ကြွေစေကာ စပါးပင်ကိုပုစေပြီး ပိုးသတ်ဆေးအသုံးပြုမှု၊ ကာကွယ်နှိမ်နင်းရေးအလေ့အထနဲ့ ရာသီဥတု၊ ဂေဟဆိုင်ရာ ပျက်ယွင်းမှုတွေကြောင့် စပါးပင်တွေကို သေစေပါတယ်။

    အခြားရွက်စားပိုးတွေမရှိရင် စပါးပင်တွေဟာ ပြန်လည်နလံထလာနိုင်ပါတယ်။ ဒါပေမဲ့ စပါးရင့်မှည့်မှု ၇ − ၁၀ ရက် နောက်ကျသွားနိုင်ပါတယ်။

ကာကွယ်နှိမ်နင်းနည်း 

    • မြေသြဇာကို သင့်တင့်မျှတစွာကျွေးပါ။

    • စပါးစိုက်ရာသီအတွင်း စောစောစိုက်ကာ ပင်ကြားတန်းကြား ၃၀ x၂၀ စင်တီမီတာ (၁၀ x ၈) လက်မဖြင့် စိုက်ပါ။

    • စပါးခင်းထဲကရေတွေကို ထုတ်ပစ်ပါ။ 

    • သက်တမ်းရင့် စပါးပျိုးပင်တွေကို ရွှေ့ပြောင်းစိုက်ပါ။ ခပ်ကျဲကျဲစိုက်တာဟာလည်း ပျက်စီးမှုကို လျော့နည်းစေပါတယ်။

    • စပါးလမိုင်းထားပါ။ 

    • စပါးရွက်လိပ်အိမ်ပိုးရဲ့ ဥတွေကိုစားတဲ့ ခရုတွေ၊ လောက်ကောင်တွေကိုစားတဲ့ ဟိုက်ဒြိုဖီးလစ်နဲ့ ဒိုင်တစ်စစ်ရေနေကျိုင်းတွေ၊ အကောင်ကြီးတွေကိုစားတဲ့ ပင့်ကူတွေ၊ ပုစဉ်းတွေနဲ့ငှက်တွေလို ဇီဝထိန်းချုပ်ပိုးမွှားတွေကို ပွားမြားလာအောင်အားပေးပါ။ 

    • ရွက်ဖျန်းကာဘာမိတ်ပိုးသတ်ဆေးများကို အသုံးပြုပြီး ဆေးဂန္ဓမာအသုံးပြုခြင်းကို ရှောင်ရှားပါ။ 

    • အောက်ပါပိုးသတ်ဆေးတစ်မျိုးမျိုးကို ဆေးဘူး/အိတ်ပါ အညွှန်းစာအတိုင်း အသုံးပြုပါ။

        ◦ ကာတက်ပ်ဟိုက်ဒြိုကလိုရိုဒ် (Cartap hydrochloride)

        ◦ ကလိုပိုင်ရီဖော့စ် (Chlorpyrifos)

        ◦ လန်ဘ်ဒါဆိုင်ဟာလိုသရင် (Lambda - cyhalothrin)

ဒေါက်တာကိုကို (စိုက်ပျိုးရေး)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်