မြေမဲ့အစက်ချစိုက်ပျိုးနည်း ( Hydroponic)

25/03/2020 17:00 PM တွင် မောင်ချမ်းသာဦး မောင်ချမ်းသာဦး မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

 လိုအပ်သော ပစ္စည်းများ

 - စင်ဆောက်ရန် တိုင်များ၊ဝါးများ၊သံများ

 - ရေပုံးနှစ်ပုံး

 - PVC ပိုက် ၁၀ ပေ () လုံး (သုံးမတ်ပိုက်)

 - ဆီပိုက် ၄၀ ပေ (၈မီလီမီတာ)

 - ပိုက်ပိတ် () ခု

- PVC ပိုက်ထိန်းကွင်း () ခု

- အဖိုရစ် တစ်ခု 

- အမရစ် တစ်ခု

 - ရေဘား တစ်ခု

- အစက်ချခေါင်း (၁၄) ခု

 - ဆင်ကော် (Super glue) နှစ်ဘူး

စိုက်ပျိုးစရာမြေမရှိလို့ပဲဖြစ်ဖြစ်၊ အိမ်ဝိုင်းထဲတွင် တစ်နိုင်တစ်ပိုင်စိုက်ပျိုးလိုသည်ဖြစ်ဖြစ် မြေမဲ့အစက်ချစိုက်ပျိုးနည်းသည် အသင့်တော်ဆုံးဖြစ်ပါသည်။ ပထမဦးစွာ စင်ဆောက်ရပါမည်။ အလျား ၁၀ ပေခွဲ၊ အနံ ၇ ပေရှိရပါမည် ( အလျားနှင့် အနံသည် နေရာအဆင်ပြေ သလိုဆောက်နိုင် ပါသည်)။ စင်ကို လျှောစောက် ၂၀ ဒီဂရီစောင်း၍ ဆောက်ရပါမည်။ စင်တွင် ရေသန်ဗူး၉လုံးဆက် ၁၄ တန်းရှိရပါမည်။ စင်၏ အကျယ်ပေါ်တွင်မူတည်၍ ရေသန့်ဗူးများကို အဆင်ပြေသလိုထည့် နိုင်ပါသည်။ အလယ်တွင် လူဝင်ရန် ချန်ထားရပါမည်။ ရေသန်ဗူးများကို ပုံတွင်ပြထားသည့်အတိုင်း တစ်ဗူးရဲ့ဖင်ပေါက်ထဲကို တစ်ဗူးရဲ့ခေါင်းသွတ်ပြီး ဆက်ရပါမည်။ ထို့အပြင် ရေသန်ဗူး တစ်ဗူးတွင် ဝမ်းဗိုက်ကို ၄၀ မီလီမီတာ အကျယ် အပေါက်နှစ်ပေါက် ဖောက်ရပါမည်။ ထိုအပေါက် ထဲတွင် စပါးခွံဖွဲပြာကို ရေးဆေး၍ ထည့်ရပါမည်။ သဲများမပါစေရန် ဖြစ်ပါသည်။ စပါးခွံ ဖွဲပြာအစား လွှစာမှုန့်များ အသုံးပြုနိုင်ပါသည်။ ထို့နောက် ရေသန့်ဗူးများကို ဝါးခြမ်းတန်းပေါ်တွင် ကပ်၍ ချည်ထားရပါမည်။

 ကော်ပုံးတစ်ပုံးကို အောက်ခြေတွင် အပေါက်ဖောက်၍ အဖိုရစ် အမရစ်နဲ့ ပြန်ပိတ်ရပါမည်။ PVC ပိုက်တွင် ဆီပိုက်တပ်ရန် () လက်မခွာ၍ အပေါက်(၁၄)ပေါက်ဖောက်ရပါမည်။ ပိုက်၏ တစ်ဖက်ကို ပိုက်ပိတ်ဖြင့် ပိတ်ထားရပါမည်။ ဆီပိုက်ကို () လက်မအရှည် (၂၈)ချောင်းဖြတ်ပါ။ ၁၄ ချောင်းကို အစက်ချခေါင်း ၁၄ ခုတပ်ပါ။ ထိုဆီပိုက်များကို PVC ပိုက်တွင် ဖောက်ထားသော အပေါက်ထဲသို့ထည့်၍ ဆက်ပါ။ ကော်ပုံးထဲက ရေကို ဆီပိုက်မှ တစ်ဆင့် ရေသန့်ဘူးများဆီသို့ တစ်ဆင့်ချင်း ရောက်သွားပါမည်။ ရေကို တစ်စက်ချင်းစီချ ရပါမည်။ ပုံးထဲသို့ထည့်သော ရေထဲ တွင် အမှိုက်များ၊ သဲများ မပါစေရန် အလွန်အရေးကြီးပါသည်။ ပါခဲ့လျှင် အစက်ချခေါင်းတွင် ပိတ်နေနိုင်ပါသည်။ 

 

ကျန်သော ဆီပိုက် ၁၄ ချောင်းကို ရေသန့်ဗူးတန်းအဆုံးတွင် ပုံတွင်ပြထားသည့်အတိုင်း ရေသန့်ဗူးပိတ်နှင့် ဆီပိုက်တပ်ဆင်၍ ရေများကို ကော်ပုံတစ်ပုံးနှင့် ခံယူထားရပါမည်။ ထိုရေများ ကို အပေါ်ရေပုံးထဲသို့ ပြန်ထည့်ပေးပါ။ ထို့သို့ပြုလုပ်ခြင်းအားဖြင့် ရေနည်းနည်းဖြင့် ဟင်းသီးဟင်းရွက်များကို စိုက်ပျိုးနိုင်ပါသည်။

ရေသန့်ဗူးပေါ်ရှိ အပေါက်တစ်ပေါက်တွင် အပင်တစ်ပင်စီ စိုက်ပျိုးပါ။ ရေကို မနက် ၆ နာရီမှ ညနေ ၆ နာရီထိ လွှတ်ပေးရပါမည်။ အာဟာရဖျော်ရည်အနေနှင့် မြေသြဇာ ၁၅ ပတ်လည် ၂၀၀ ဂရမ်ကို အပေါ်ပုံးထဲသို့ ရေနှင့်ရော၍ တစ်ပတ်တစ်ကြိမ်ထည့်ပေးပါ။ ထို့အပြင် တီကျစ်စာ ရည်၊ ငါးအမိုင်နိုအက်စစ်၊ EM စသည့်တို့ကိုလည်း အာဟာရ ဖျော်ရည် အနေနှင့် အသုံးပြုနိုင်ပါ သည်။

 ရေရှားလို့ပဲဖြစ်ဖြစ်၊ မြေညံ့လို့ပဲဖြစ်ဖြစ် စိတ်ပူရန် မလိုတော့ပါ။ Hydroponic နည်းနဲ့ တစ်အိမ်ဝိုင်းလုံးအပြည့် စိမ်းလန်းစိုပြေစွာ စိုက်ပျိုးနိုင်ပါသည်။

 ချမ်းသာဦး

 

 


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ပြောင်ခင်းမှာ ပေါင်းရှင်းဖို့ ဘူဒိုဇာ လာပြီ ဒိုး... ပြောင်းခင်း စိုက်နေရင်း ပေါင်းခင်းမဖြစ်သွားရအောင် မအပ်စပ်တဲ့ ပေါင်းတွေအကုန်ဒိုးဖို့ "ဘူဒိုဇာ" လာပြီဗျို့။ ပြောင်းခင်းထဲက ပေါင်းတွေကို အမြစ်ပြတ် သုတ်သင်ပေးမယ့် အစွမ်းထက်ထက် ဆေးတစ်လက် ဆိုရင် ပေါင်းမနိုင်ခင် "ပြောင်း" နိုင်ဖို့ ပြောင်းအထူး ရွေးချယ်ပေါင်းသတ်ဆေး "ဘူဒိုဇာ" နဲ့ဆိုရင် ဘယ်ပေါင်းတွေ ခံနိုင်ပါ့မလဲ? အဓိကပေါက်တတ်တဲ့ "မြေဇာ၊ မြက်ယား၊ ဆင်ငို၊ လက်သဲခွ၊ ဝမ်းဘဲစာ၊ လေးခွမြက်၊ ဝက်ကျွတ်၊ တောဟင်းနုနွယ်၊ မှိုချဥ်၊ ဟင်းဂလာ၊ ခွေးသေးပန်း၊ ဗောက်ပင်၊ ဗောက်လောက်ညို၊ ဆေးပုလဲ၊ ပရန္နဝါ၊ မြက်မုန်ညင်း" တို့ကို အမြစ်ပြတ် အထူးနှိမ်နင်းဖို့ "ဘူဒိုဇာ" ရှိရင် စိတ်သာချလိုက် ဦးကြီးတို့ရေ။ ပြောင်းဖူးပင် တစ်လသားမပြည့်မီ ပေါင်းအရွက် (၂-၄) ရွက် ထွက်ချိန်မှာ အချိန်မှန်မှန်နဲ့ မြန်မြန် သုံးထားဖို့ပဲ တိုက်တွန်းလိုက်ချင်တယ်ဗျ။ လက်မနှေးဘဲ အခုပဲ ပြောင်းခင်းထဲကပေါင်းတွေ "ဘူဒိုဇာ" နဲ့ ရှင်းလိုက်ရအောင်။
Read more Facebook page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်