အပင်စိုက်မယ်ဆိုရင်

16/01/2018 17:19 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

အပင္ဆိုတာ ဘာလဲ။
အပင်ဆိုတာ လူသားများ၊ သတ္တဝါများနဲ့ ကမ္ဘာမြေအတွက် အကောင်းဆုံးသော၊ သစ္စာအရှိဆုံးသော မိတ်ဆွေဖြစ်ပါတယ်။

ဘာကြောင့် အပင်စိုက်ရတာလဲ။

  • လေညစ်ညမ်းမှုကိုလျော့ချဖို့
  • ရေသယံဇာတကို ထိန်းသိမ်းဖို့
  • မြေဆီလွှာပျက်ဆီးမှုကို ကာကွယ်ဖို့
  • လူနဲ့ တိရိစ္ဆာန်တို့အတွက် နားခိုရာနေရာတစ်ခုဖန်တီးဖို့
  • လူနဲ့ တိရိစ္ဆာန်တို့အတွက် အစားအစာရရှိဖို့
  • သဘာဝဘေးအန္တရာယ်မှ ကာကွယ်ဖို့
  • ထင်းလောင်စာရရှိဖို့
  • အခြားရည်ရွယ်ချက်များစွာ………..

လိုအပ်သောပစ္စည်းများ

  • ပေါက်ပြား (သို့) တူရွင်း - အပင်စိုက်ရန်အတွက် မြေကြီးကျင်းတူးရန်။
  • တောင်း (သို့) ပုံး - ပျိုးပင်နှင့် မြေဆွေးသယ်ရန်
  • ရေပုံး - စိုက်ပြီးအပင်များကို ရေလောင်းရန်
  • ၀ါးခြမ်းတိုင် - စိုက်ပြီးသစ်ပင်အား မယိုင်လဲအောင် ချည်နှောင်ထားရန်

ဘာအပင္စိုက္မွာလဲ
စိုက်ပျိုးမည့်အပင် ရွေးချယ်ရာတွင် မိမိစိုက်ပျိုးမည့် ရည်ရွယ်ချက်အပေါ်တွင် မူတည်ပါတယ်။ အချို့မှာ အရိပ်ရဖို့အတွက် ရည်ရွယ်သော်လည်း အချို့မှာ အသီးစားရန်အတွက် ရည်ရွယ်ပါသည်။ ထို့ကြောင့် အပင်စိုက်ပျိုးရသည့် ရည်ရွယ်ချက်ကို အရင်ဦးစွာ ဖော်ထုတ်ပြီးမှသာ စိုက်ပျိုးမည့် အပင်ကိုရွေးချယ်သင့်ပါသည်။

အပင်အမျိုးအစားဘယ်လိုရွေးမှာလဲ

  • အပင်စိုက်ပျိုးမည့် မြေအမျိုးအစားနှင့် ပတ်ဝန်းကျင်အခြေအနေကို နှစ်သက်သည့် အပင်အမျိုးအစားကို ရွေးချယ်စိုက်ပျိုးပါ။ ( သို့မှသာ ထိန်းသိမ်းစောင့်ရှောက်ရာတွင် ပိုမိုလွယ်ကူ အဆင်ပြေမည်ဖြစ်သည်။ )
  • မိမိဒေသနှင့် မိမိပတ်ဝန်းကျင်တွင် ပေါက်ရောက်လေ့ရှိသောမျိုးကို ဦးစားပေးရွေးချယ်ပါ။ (ထိုအပင်များသည် မိမိဒေသ၊ ရေ၊ မြေ၊ ရာသီဥတုနှင့် ကိုက်ညီပြီးဖြစ်သောကြောင့် ရှင်သန်မှုသေချာ၍ ကြီးထွားမှုမြန်စေပါသည်။ ထို့အပြင် ထိုဒေသတွင်နေထိုင်သော အခြေချသတ္တဝါများအတွက် ကောင်းမွန်သောပတ်ဝန်းကျင်တစ်ခုကို ထိန်းသိမ်းပေးခြင်း ဖြစ်ပါသည်။)
  • ရွက်ကြွေပင်ထက် အမြဲစိမ်းပင်များကို ဦးစားပေးရွေးချယ်စိုက်ပျိုးပါ။ ( အမြဲစိမ်းပင်များ သည် ရှင်သန်မှုပိုမိုသေချာ၍ ထိန်းသိမ်းစောင့်ရှောက်မှု အနည်းငယ်သာလိုအပ်ပါသည်။)
  • ကိုင်းကူး၍စိုက်သော အပင်ထက် အစေ့မှပေါက်သော အပင်ကိုစိုက်ပျိုးပါ။ (ကိုင်းကူး၍စိုက်သောအပင်များသည် ရေသောက်မြစ်မပါသောကြောင့် လေပြင်း တိုက်ခတ်ပါက အစေ့စိုက်အပင်ထက် လျင်မြန်စွာ ယိုင်လဲစေနိုင်ပါသည်။)

ပျိုးပင်ကို ကိုယ်တိုင်ပျိုးမယ်
လိုအပ်သောပျိုးပင်ကို အချိန်မရွေးလိုသလောက်ရရှိနိုင်ရန်အတွက် တစ်နိုင်တစ်ပိုင်ပျိုးထား နိုင်ပါသည်။ ပထမဦးစွာ မိမိစိုက်ပျိုးလိုသောမျိုးကို သစ်စေ့ (သို့) ပျိုးပင် အနေဖြင့် စုဆောင်းပါ။

သစ်စေ့စုချိန် စဉ်းစားမယ်
ရင့်မှည့်ချိန်တွင် အသီးကွဲ၍ အစေ့လွင့်စင်ထွက်တတ်သောအသီးများကို အက်ကွဲချိန် မတိုင်မီ ကြိုတင်စုဆောင်းထားရန် လိုအပ်ပါသည်။
သစ်စေ့အပင်ပေါက်မြန်အောင် ပြုလုပ်ခြင်း
အချို့သောသစ်စေ့များသည် အညှောင့်ပေါက်ရန်ကာလတိုတောင်းသော်လည်း အချို့မှာ အလွန်ကြာတတ်ပါသည်။ အညှောင့်ပေါက်ရန် လိုအပ်သောအချိန်ကာလကို ငုတ်လျှိုးကာလဟု ခေါ်ပါသည်။ ငုတ်လျှိုးရသည့်အကြောင်းအရင်းမှာ-

  • သစ်စေ့အခွံထူလွန်းခြင်း၊ သန္ဓေသားလောင်းကြီးထွားရန် အခက်အခဲရှိခြင်း၊ ရေနှင့် လေကောင်းစွာမရနိုင်ခြင်း။ (ဥပမာ- အော်ရီးရှား)
  • သစ်သီးရင့်မှည့်သော်လည်း သစ်စေ့အတွင်းမှ သန္ဓေသားအရွယ် မဖွံ့ဖြိုးသေးခြင်း၊ (ဥပမာ- မယ်ဇလီ)
  • လုံလောက်သော အလင်းရောင်မရခြင်း၊ (ဥပမာ- ထင်းရှုးမျိုးများ)
  • သစ်သီး၏ အစိတ်အပိုင်းတစ်ခုခုကြောင့် အနှောက်အယှက်ဖြစ်ခြင်း (ဥပမာ- ကျွန်းသီး၏ ကတ္ထီပါလွှာ)

ငုတ်လျှိုးချိန်ကို ဘယ်လိုဖျက်ဆီးမလဲ။

  • သစ်စေ့ကို ရေအေးနှင့်စိမ်ခြင်း၊ (ဥပမာ- မယ်ဇလီ)
  • ရေစိုအဝတ်ဖြင့် သစ်စေ့များကိုထုပ်၍ ထားခြင်း၊ (ဥပမာ- သင်္ဘော)
  • ရေစိမ်-နေလှမ်း အလှည့်ကျပြုလုပ်ခြင်း၊ (ဥပမာ- လက်ဖက်)
  • သစ်စေ့အညှောင့်ပေါက်မည့်နေရာနှင့် ဆန့်ကျင်ဘက်နေရာကို ဓား (သို့) ကတ်ကြေးဖြင့် ဖြတ်ခြင်း (ဥပမာ- သင်္ဘောကုက္ကိုလ်၊ စိန်ပန်း၊ အော်ရီးရှား)
  • သစ်စေ့အပြင်နံရံကို မီးမြိုက်၍ မီးလောင်ကျွမ်းစေခြင်း၊ (ဥပမာ- ကျွန်း)
  • အစေ့ခွံတစ်ခုလုံးကို ခွာပစ်ခြင်း၊ (ဥပမာ- သရက်)
  • အလင်းရောင်စူးစူး ပေးခြင်း၊ (ဥပမာ- ယမနေ)
  • အမှောင်ခန်းထဲတွင် ထားပေးခြင်း၊ (ဥပမာ- စစ်)

ပျိုးမြေစပ်မယ်
ပျိုးမြေစပ်ဖို့အတွက် နုန်းမြေ (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ တို့ လိုအပ်ပါသည်။
မြေစေးလွန်းပါက မြေစေး (၁)ဆ + နွားချေး (၁)ဆ + စက်ဖွဲပြာ (၁)ဆ + သဲ (၁)ဆ နှုန်းဖြင့် ပျိုးမြေစပ်ရပါမည်။
ပျိုးအိတ်မြေသွပ်မယ်
အရင်ဆုံး မိမိစိုက်ပျိုးလိုသော အပင်မျိုး၊ ပျိုးပင်ကြီးထွားနှုန်း နဲ့ ပျိုးထုပ်ထဲတွင်ထားမည့် အချိန်ကာလပေါ်တွင်မူတည်၍ သင့်တော်မယ့်ပျိုးအိတ်ကို ရွေးမယ်။ ယေဘူယျဆိုရင်တော့ (၆)လအတွင်း စိုက်မယ့်ပျိုးပင်အတွက် (၇)လက္မ x (၃) လက္မ ပျိုးအိတ်ကို ရွေးချယ်သင့်ပါတယ်။
ပျိုးပင်အတွက် ရေဝင်ရေထွက် ကောင်းစေရန်နှင့် လေဝင်လေထွက် ကောင်းစေရန် ပျိုးအိတ်အောက်ခြေ (၂) လက်မခန့်အကွာမှ အပေါက် (၃-၄) ပေါက်ခန့်ကို ဖောက်ပေး သင့်ပါသည်။
ထို့နောက် ပျိုးအိတ်အတွင်းသို့ စပ်မြေကို ထည့်ပေးရပါမည်။ စပ်မြေကို ပျိုးအိတ်တစ်ဝက်ခန့်တွင် တစ်ကြိမ်၊ ပျိုးအိတ်လေးပုံသုံးပုံခန့်တွင် တစ်ကြိမ်၊ ပျိုးအိတ်တစ်ခုလုံး မြေထည့်ပြီးလျှင် တစ်ကြိမ် ပျိုးအိတ်ကို လက်နှစ်ဖက်ဖြင့်ကိုင်၍ မြေကြီးနှင့် (၂-၃) ကြိမ် ဆောင့်ပေးရပါမည်။ မြေသိပ်စေရန်ဆောင့်ပေးခြင်း မပြုလုပ်ပါက ရေလောင်းချိန်တွင် မြေများအောက်သို့သိပ်သည်းသွားပြီး တစ်လက်မခန့် ခွက်ဝင်သွားလျှှင် မြေထပ်ထည့်ပေးရမည်။ မြေထပ်မထည့်ပါက မျိုးအိတ်အတွင်း ရေဝပ်ပါလိမ့်မည်။ ထိုအခါ ပျိုးပင်များသန်စွမ်းမှုလျော့ကာ ပိုးမွှားရောဂါကျရောက်မှု လွယ်ကူပြီး ပျိုးပင်များသေဆုံးတတ်ပါသည်။

ပျိုးပင်လေးတွေကို ထိန်းသိမ်းစောင့်ရှောက်မယ်
ပျိုးကူးခြင်း
ပျိူးကူးခြင်းဆိုတာ အစေ့မှပေါက်လာသော အပင်ငယ်များကို ပျိုးအိတ်အတွင်းသို့ ထည့်သွင်းခြင်းကိုခေါ်ပါသည်။ စေ့ရွက်အပြင် အရွက်တစ်စုံကောင်းစွာဖွံ့ဖြိုးသော အချိန်တွင် ပျိုးကူးသင့်ပါသည်။ ပျိုးပင်မနာစေရန် အထူးဂရုစိုက်သင့်ပါသည်။
ရေလောင်းခြင်း
တစ်ရက်တွင် ရေဘယ်နှစ်ကြိမ်လောင်းရမည်ဆိုသည်မှာ ဒေသ၏ အပူချိန်နှင့် လေတိုက်နှုန်းပေါ်တွင် မူတည်ပါသည်။ ယေဘူယျအားဖြင့် ပျိုးပင်ပေါက်အဆင့်တွင် မနက်နှင့် ညနေ (၂)ကြိမ်စီ လောင်းပေးသင့်ပါသည်။ ပျိုးပင် (၄၀-၆၀)ရက်သားမှစ၍ နံနက်နှင့် ညနေ (၁) ကြိမ်စီ ရေလောင်းလျှင်လုံလောက်ပါသည်။
ပေါင်းရှင်းခြင်း
ပျိုးအိတ်အတွင်းတွင်ပေါက်ရောက်နေသော ပေါင်းပင်များကို တွေ့သည့်အခါတိုင်း ဖယ်ရှားပေးသင့်ပါသည်။ သို့မှသာ ပေါင်းပင်များမှ အစာများကို လုယက်စားသောက်ခြင်းမှ ကာကွယ်ပေးနိုင်မည်ဖြစ်ပါသည်။ တစ်ဆက်တည်း ပိုးမွှားနှင့် ရောဂါကိုလည်း သေသေချာချာ ကာကွယ်သင့်ပါသည်။
ပျိုးပင်များခံနိုင်ရည်ရှိအောင် ပြုပြင်ခြင်း
ပျိုးပင်များ စိုက်ခင်းသို့ ထုတ်စိုက်သည့်အချိန်တွင် ရှင်သန်မှုရာခိုင်နှုန်းအမြင့်ဆုံးရစေရန် ပျိုးပင်များကို အကြမ်းတမ်းခံနိုင်အောင်လေ့ကျင့်ပေးရပါသည်။ စိုက်ခင်းထဲသို့ ပြောင်းရွေ့မစိုက်ခင် (၁-၂)လခန့်အလိုတွင် ပျိုးပင်များကို နေပူဒဏ်ခံနိုင်အောင် စတင်လေ့ကျင့်ပေးသင့်ပါသည်။ အစပိုင်းတွင် ပျိုးပင်များကို နံနက်ခင်းနေရောင်အောက်တွင်ထားပေးရပါမည်။ ထို့နောက် ရက်ကြာလာသောအခါ ပျိုးပင်များကို နေရောင်အောက်တွင် တစ်နေကုန်ထားပေးခြင်းဖြင့် နေပူဒဏ်ကို ခံနိုင်ရည်ရှိအောင်လေ့ကျင့်ပေးပြီးဖြစ်ပါသည်။
ရေငတ်ဒဏ်ကိုခံနိုင်ရည်ရှိအောင်လည်း လေ့ကျင့်ပေးသင့်ပါသည်။ စိုက်ခင်းထဲသို့မစိုက်မီ (၁)လအလိုတွင် စတင်၍ ရေကို ပုံမှန်အကြိမ်ရေထက်လျော့လောင်းခြင်း၊ ရေပမာဏကို လျော့ချခြင်း နှင့် နောက်ဆုံးတွင် ရေမလောင်းဘဲထားခြင်းတို့ကို ပြုလုပ်ပေးသင့်ပါသည်။
ပျိုးပင်များကို မနာအောင်ဘယ်လိုသယ်မလဲ။
ပျိုးပင်များမနာအောင် ပင်စည်မှမကိုင်ဘဲ ပျိုးအိတ်မှ ညင်သာစွာ ကိုင်တွယ်သယ်ဆောင် ခြင်းဖြင့် ပျိုးပင်များဒဏ်ရာရခြင်းမှ လျော့နည်းစေပါသည်။

ဘယ်အချိန်မှာစိုက်မလဲ။
သစ်ပင်စိုက်ရန်အသင့်တော်ဆုံးအချိန်သည် ဇူလိုင်လ ပထမအပတ်ဖြစ်ပါသည်။ နွေရာသီတွင် စိုက်ပျိုးမည်ဆိုပါ ရေလုံလောက်အောင် ပေးသွင်းနိုင်ရပါမည်။ ပျိုးပင်များကို ညနေပိုင်းနေအေးချိန်တွင် ရွေ့ပြောင်းစိုက်ပျိုးသင့်ပါသည်။
မြေနေရာရွေးချယ်မယ်
မြေနေရာရွေးချယ်ရာတွင်အောက်ပါအချက်များကို စဉ်းစားသင့်ပါသည်။

  •  မြေသားတိမ်သော၊ အောက်ခံမြေကျောက်ခဲများသောနေရာများကို ရှောင်ရှားပါ။
  • မြေသားအနက် အနည်းဆုံး (၃)ပေခန့်ရှိရပါမည်။ မြေသားအနက် (၃)ပေခန့် မရှိသောနေရာကို မရွေးချယ်သင့်ပါ။ ထိုနေရာတွင် စိုက်ပျိုးပါက အပင်အမြစ်ဖွံ့ဖြိုးမှု အားနည်းပြီး အပင်သန်စွမ်းမှုကို လျော့နည်းစေပါသည်။
  • ရေမဝပ်သောနေရာ ဖြစ်စေရပါမည်။ (ရေဝပ်သောနေရာတွင် ရေဝပ်ဒဏ်ခံနိုင်သော ကုက္ကိုလ်၊ ယမနေ၊ ပျဉ်းမ စသော အပင်များ ကို စိုက်ပျိုးနိုင်ပါသည်။)
  • မြေချဉ်ငန်ဓာတ် သင့်လျော်သောနေရာ ဖြစ်သင့်ပါသည်။ (အပင်အများစုမှာ မြေချဉ်ငန်ဓာတ် ၅.၅ အောက်ကို ကျရောက်ပါ ရှင်သန်ကြီးထွားမှု လျော့နည်းစေပါသည်။ မြေချဉ်ကို ကြိုက်နှစ်သက်သော သစ်ပင်များလည်း များစွာရှိပါသည်။)

အပင္ကိုဘယ္လိုစိုက္မလဲ။

  • စိုက်ပျိုးမည့်နေရာတွင်ရှိသော ပေါင်းမြက်အမှိုက်များကို ရှင်းလင်းပစ်ပါ။
  • (၂)ပေအကျယ်၊ (၂)ပေအနက်ရှိသောကျင်းတူးပါ။ (ကျင်းအကျယ်အနက်မှာ ပျိုးထုပ် ပေါ်တွင်မူတည်ပါသည်။ ပျိုးထုပ်ကြီးပါက ပို၍ကျယ်ကျယ်နက်နက် တူးပေးရပါမည်။) အပေါ်ယံမြေသားတစ်ပေခန့်ကို သီးသန့်တစ်နေရာတွင်ထားပါ။ ထို့နောက် ကျင်းအောက် ခြေတွင် (၁)ပေအကျယ်၊ (၆)လက်မအနက်ရှိသော ကတော့ပုံစံ ချက်ကျင်း တူးပါ။ နွားချေး၊ ဖွဲပြာ၊ သဲ ဆတူရောထားသော စပ်မြေကို စိုက်ပျိုးမည့်အပင်အမြစ်နှင့် တိုက်ရိုက်မထိတွေ့စေရန် စိုက်ကျင်း၏အောက်ခြေတွင် ထည့်ပါ။

  • ပျိုးထုပ်အိတ်ကို အောက်ခြေမှ ဓားဖြင့်စက်ဝိုင်းပုံသဏ္ဍာန် လှီးဖြတ်ပါ။ ပြီးနောက် အပေါ်မှအောက်သို့ အရာပေးပါ။ ပျိုးပင်ကို ကျင်းထဲသို့ ညင်သာစွာထည့်ပါ။
  • အပေါ်ယံမြေကြီးကို ပျိုးထုပ်ဘေးမှ ထည့်ပေးပါ။ ထို့နောက် ပျိုးထုပ်မှ ပလပ်စတစ်ကို ဆွဲထုတ်ပစ်ပါ။ ပျိုးပင်၏ မြေစိုင်ခဲမကွဲစေရန် သေသေချာချာဂရုစိုက်ရပါမည်။ မြေစိုင်ခဲများကွဲသွားပါက ပျိုးပင်အမြစ်များပျက်ဆီး၍ အပင်သန်စွမ်းမှု အားနည်းလာပါမည်။
  • အပင်စိုက်ပျိုးရာတွင် ပင်စည်နှင့် အမြစ်စပ်ကြားနေရာကို မြေလွန်ကဲစွာဖုံးမပစ်ရပါ။ မြေဖုံးပစ်ပါက ပင်စည်ပုပ်ရောဂါဝင်လာတတ်ပြီး အပင်ကိုသေစေနိုင်ပါသည်။
  • နွေရာသီတွင်စိုက်ပျိုးပါက အပင်ခြေကိုကောက်ရိုး၊ မြက်ခြောက်တို့ဖြင့် ဖုံးအုပ်ထား နိုင်ပါသည်။ ထိုကဲ့သို့လုပ်ဆောင်ပေးခြင်းဖြင့် ရေကိုထိန်းသိမ်းထားနိုင်၍ ပေါင်းမြက် ပေါက်ရောက်မှုကို လျော့နည်းစေပါသည်။
  • မိုးရာသီတွင်လည်း ပေါင်းမြက်ပေါက်ရောက်မှုလျော့နည်းစေရန် အပင်ခြေကိုဖုံးအုပ်ထား နိုင်ပါသည်။ သို့သော် ပေါင်းမြက်များသည် ပင်စည်ကို ထိမနေစေရန် အထူးဂရုပြုရပါမည်။ ထိနေပါက ပင်ခြေပုပ်၍ သေသွားနိုင်ပါသည်။
  • အပင်အားမယိုင်လဲစေရန် တိုင်ထောင်၍ တည့်မတ်ပေးရန်လိုအပ်ပါသည်။ အပင်ထိခိုက်မှု မရှိစေရန် အပင်နှင့်တိုင်ကို တိုက်ရိုက်မချည်နှောင်ဘဲ ( ∞ ) ပုံသဏ္ဍန်ချည်နှောင်ပေးပါ။

ရေလောင်းခြင်း

  •  ရေလောင်းရာတွင် ရာသီဥတုအပူချိန်ပေါ်မူတည်၍ အနည်းအများ၊ အကြိမ်ရေ ချင့်ချိန်ပြီး လောင်းပေးရပါမည်။ နွေရာသီတွင် ရေကိုထိန်းသိမ်းထားနိုင်ရန် ကောက်ရိုး၊ မြက်ခြောက်တို့ဖြင့် မြေကိုဖုံးပေးရပါမည်။

မြေသြဇာကျွေးခြင်း

  • သစ်တောပင်များအတွက် ရွေ့ပြောင်းစိုက်ပျိုးရာတွင် ဓာတ်မြေသြဇာထည့်သွင်းပေးရန် မလိုအပ်ပါ။
  • အသီးစားပင်များစိုက်ပျိုးမည်ဆိုပါက တီစူပါနှင့် ပိုတက်မြေသြဇာကို ကျင်းအောက် ခြေတွင် အပင်အမြစ်နှင့်တိုက်ရိုက်မထိတွေ့စေရန် သေသေချာချာ ထည့်သွင်းပေးရပါမည်။
  • အပင်ကြီးများကို မြေသြဇာကျွေးရာတွင် သစ်ပင်များ၏ အမြစ်သွားလာပုံပေါ်မူတည်၍ ဓာတ်မြေသြဇာကျွေးပုံ ကွာခြားပါသည်။ မာလကာပင်ကဲ့သို့သော အပင်များကို ကျွေးရာတွင် အပင်ငယ်စဉ်တွင် ပင်စည်မှ (၁)ပေအကွာတွင် ပတ်လည်မြောင်းတူး၍ ဓာတ်မြေသြဇာထည့် မြေဖို့ပြီး ရေလောင်းပေးရမည်။ အပင်အရွယ်အစားကြီးလာပါက မြောင်းတူးရမည့်အကွာအဝေးမှာ တဖြည်းဖြည်းဝေးကွာလာပါမည်။ အုန်းပင်၊ ကွမ်းပင် ကဲ့သို့သော အပင်များကို မြေသြဇာကျွေးရာတွင် အပင်မှ (၃-၅) ပေအတွင်း ကျင်းပေါက်များ ပတ်ပတ်လည်တူး၍ ထိုကျင်းများထဲထည့်သွင်းနိုင်ပါသည်။

ကိုင်းချိုင်ပေးခြင်း

  • သစ်ပင်များကြီးထွားမှုမြန်စေရန် မလိုအပ်သောကိုင်းများ၊ သန်စွမ်းမှုအားနည်းသောကိုင်း များ၊ ခြောက်သွေ့နေသောကိုင်းများကို နှစ်စဉ်ဖယ်ရှားပေးရန်လိုအပ်ပါသည်။
  • သစ်ပင်များပေါ်တွင်တွယ်တက်နေသော နွယ်ပင်များကိုလည်း ဖယ်ရှားပေးရပါမည်။ ပင်မှည့်ကဲ့သို့သောနွယ်ပင်များ တွယ်တက်လာပါက သစ်ပင်တစ်ပင်လုံးကို ခြုံလွမ်း၍ သေစေပါသည်။

ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်