ရိုးပြတ်တွေ မဆွေးမြည့်ဘဲ ပဲစိုက်လိုက်မယ်ဆိုရင်..

26/10/2023 13:00 PM တွင် ဒို့ဦး​လေး ဒို့ဦး​လေး မှ ရေးသား

 

သီတင်းကျွတ် မိုးလေကင်းသည်နှင့် တပြိုင်နက် မိုးစပါးအပြီးတွင် လယ်သီးထပ်အဖြစ် မတ်ပဲ၊ ပဲတီစိမ်းစသည့် ပဲမျိုးစုံသီးနှံစိုက်ဖို့ တောင်သူမိတ်ဆွေတို့ ထွန်ရေးပြင်ကြရပါတော့မယ်။

ပဲခူးတိုင်း၊ ရန်ကုန်တိုင်းနဲ့ ဧရာဝတီစသည့်ဒေသအချို့၌ ပြီးခဲ့တဲ့ မိုးစပါးများမှာ မိုးရေချိန်များ၍ ရေနင်းပြီးသကာလစပါးအထွက်နှုန်းနဲ့ အရည်အသွေးများစွာ အထိနာခဲ့ကြတဲ့အတွက် ဆုံးရှုံးမှုတွေ ကာမိစေဖို့ နောက်စိုက်မည့် မတ်ပဲ၊ ပဲတီစိမ်းကိုအဓိကအားထားရမည့် အနေအထားရောက်နေပါတယ်။

ပဲအများဆုံးဝယ်ယူနေတဲ့ အိန္ဒိယမှာလည်း ပဲသီးနှံတွေအထွက်နှုန်းကျဆင်းနေတယ်လို့ ကြားသိရတဲ့အတွက် မြန်မာ့ပဲစျေးကွက်အလားလာ အလွန်ကောင်းနေပါတယ်။

သို့သော် ရေနင်းခံလယ်များ၊ စပါးရိုးပြတ်များ၊ ပေါင်းမြက်များနှင့် အမှိုက်သရိုက်များကို ကောင်းစွာမရှင်းလင်း မသုတ်သင်ဘဲ အလွယ်တကူ ထွန်းရေးပြင်ပြီး တက်သုတ်ရိုက် ပဲကြဲလိုက်မှာကို အထူးတလည်စိုးရိမ်မိသည့်အတွက် ဤစာစုကို ရေးသားတင်ပြလိုက်ရပါတယ်။

 

မတ်ပဲ၊ ပဲတီစိမ်းသီးနှံများ အထွက်နှုန်းထိခိုက်စေသောအချက်များတွင်

  •  အပင်ငယ်စဉ် အသေအပျောက်များခြင်းနှင့်
  •  ပိုး/ရောဂါ ကျရောက်ဖျက်ဆီးခြင်းကြောင့် ၉၀ % ဆုံးရှုံးခြင်းတို့ကြောင့်ဖြစ်ပါတယ်။

အဖြစ်များဆုံးက အပင်ငယ်စဥ်မှာဖြစ်တဲ့ ညှိုးသေရောဂါ (Damping off disease)ပါ။ ဒီရောဂါဖြစ်မှ ကုသမယ်ဆို အချိန်မရနိုင်ပါဘူး။

မြေဆောင်ရောဂါ (Soil borne diseases) ဖြစ်လို့ ဓာတုမှိုသတ်ဆေးချည်း အားကိုးနေလို့ အပြည့်အဝ မကာကွယ်နိုင်ဘူးဆိုတာ နှစ်စဥ်ကြုံတွေ့နေရတဲ့ တောင်သူတွေ အသိဆုံးပါ။

ဒါ့ကြောင့် စပါးရိုးပြတ်တွေ  ဆွေးအောင်မလုပ်ဘဲ စက်ခုတ်/မြေမြှုပ်လိုက်ရင်၊ ပဲပင်လေးတွေ အပင်ပေါက်ပြီး ၁-၂ ပတ်အတွင်း အသေအပျောက်များစေပါတယ်။

(ရိုးပြတ်အစိမ်းတွေ မြေမြှုပ်လိုက်မယ်ဆို မြေထဲမှာ အော်ဂင်းနစ်အက်ဆစ်တွေ အက်ဆစ်အချဥ်ပေါက်ကာ မြေဆောင်မှိုရောဂါတွေကို ပွားများစေပါတယ်)

နဂို မြေဆီလွှာဟာလည်းပဲ ပီအိပ်ချ်နိမ့်(pH 5.0 အောက်)ရှိနေမယ်ဆိုရင် ပဲစိုက်ခင်းတွေမှာ ပိုဆိုးစေပါတယ်။

ဒါဆိုဘယ်လိုတွေ လုပ်ဆောင်သင့်လဲ?

စပါးရိုးပြတ်များကို ပဲ အတွက် ထွန်ရေးပြင်တော့မည် ဆိုပါလျှင်..

ရိုးပြတ်များကို ထယ်ထိုး/ထွန်မွှေမပြုခင် အီးအမ်(EM)နဲ့ ထရိုင်ကိုဒါးမား(Trychodama)ကို အရင်ဦးစွာဖျန်းပါ။

(အီးအမ်အပြင်း ၁ လီတာကို တင်လဲရည် ၁ လီတာနဲ့ ရေ ၁၈ လီတာ ရောပြီး အသင့်သုံးအီးအမ်ဖြစ်အောင်ဖျော်ပါ။ ပြီးနောက် ၄ ဂါလံဆန့် ဆေးဖျန်းပုံး ၁ ပုံးမှာ အသင့်သုံး (ဖျော်ပြီးသားအီးအမ်) ၃၀၀စီစီ နှင့် ထရိုင်ကိုဒါးမား ၁၀၀ ဂရမ် ထည့်ပြီး လယ်၁ဧက ကို ၅-၆ပုံးဖျန်းပါ။)

ဖျန်းပြီး ၂ ပတ်ကြာလျှင် ထယ်ထိုးထွန်မွှေပြုလုပ်နိုင်ပါပြီ။

ရရှိနိုင်မည့် အကျိုးကျေးဇူးများ

အီးအမ်နဲ့ ထရိုင်ကိုဒါးမားရဲ့ လုပ်ဆောင်ချက်တွေဖြစ်တဲ့ ပဲပင်ရောဂါဖြစ်စေတဲ့  သက်ရှိများကို ကာကွယ်နှိမ်နင်းပေးနိုင်ခြင်း

မြေဆောင်ရောဂါများကိုကာကွယ် နှိမ်နင်းပေးနိုင်ခြင်း

အပင်အကြွင်း အကျန်များကို မြေဆွေးပြုလုပ်ရာတွင် လျင်မြန်စွာဆွေးမြည့်စေနိုင်ခြင်းတို့အပြင်

သီးနှံများရိတ်သိမ်းပြီး ရိုးပြတ်များကို  လျင်မြန်စွာဆွေးမြည့်စေရန်လည်းကောင်း၊ အပင်ကြီးထွားမှုကိုအားပေးသော  ပဋိဇီဝပစ္စည်း  (Anti- biotics) အဖြစ်လည်းကောင်း  အကျိုးပြုနိုင်ခြင်းနှင့် Soil-borne fungus diseases မြေအောင်းမှိုများဖြစ်သည့် Sclerotium spp ကြောင့်ဖြစ်သော   ခါးရိရောဂါများ၊ Rhizoctonia spp  ကြောင့်ဖြစ်သော မြစ်ခြောက်ဆွေး ရောဂါများ၊ Pythium spp  ကြောင့်ဖြစ်သော ပင်ညှိုးရောဂါများ၊ Aspergillus spp  ကြောင့်ဖြစ်သော ပင်ရင်းပုပ်ရောဂါများကို ထိရောက်စွာ ကြိုတင်ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။

လိုအပ်သောပစ္စည်း(EM, Trichodama)တွေကိုလည်း ဒေသတွင်း လွယ်ကူစွာရနိုင်တဲ့အပြင်ကုန်ကျစရိတ်လည်းသက်သာသဖြင့် မဖြစ်မနေ ပြုလုပ်သုံးစွဲသင့်ပါကြောင်း တိုက်တွန်း နှိုးဆော်တင်ပြလိုက်ပါတယ်။

စေတနာများစွာဖြင့်..

ဒို့ဦးလေး

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်