အော်ဂဲနစ်စနစ်နဲ့ လျှော်ဖြူစိုက်မယ်ဆိုရင်..

19/09/2019 14:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

   á€œá€ťá€žá€ąá€Źá€şá€–á€źá€°á€…á€­á€Żá€€á€şá€•á€ťá€­á€Żá€¸á€‘á€Żá€á€şá€œá€Żá€•á€şá€€á€źá€žá€°á€™á€ťá€Źá€¸á€Ÿá€Ź ပြည်တွင်းလျှော်ဖြူဈေးကွက် တည်ငြိမ်မှုမရှိတဲ့အခါမှာ တရုတ်နိုင်ငံအပြင် ဂျပန်နှင့် ဥရောပနိုင်ငံတွေအထိကို တင်ပို့ရောင်းချနိုင်ဖို့ ကြိုးစားလာကြပါတယ်။ 

   á€’ဎဥခဍမသဏ တစ်ဖက်ကုန်သည်တွေက အော်ဂဲနစ်ဖြစ်လား? အော်ဂဲနစ်လျှော်ဖြူရနိုင်မလား? ဆိုတဲ့ မေးခွန်းတွေကနေတဆင့် ပြည်တွင်းမှာလည်း လျှော်ဖြူကို အော်ဂဲနစ်ဖြစ်အောင် စိုက်ပျိုးထုတ်လုပ်ကြရမယ်လို့ ဆော်သြသူက ဆော်သြလာကြပါတယ်။

   á€Ąá€˛á€ˇá€’á€Žá€œá€­á€Żá€•á€˛ ''အော်ဂဲနစ်လျှော်ဖြူပါ'' လို့ အာမခံရောင်းချသူတွေလည်း ပေါ်လာကြပါတယ်။ 

   á€’ဎန္ရဏမသဏ အော်ဂဲနစ်စနစ်ရဲ့ အခြေခံစည်းမျဉ်းအနည်းငယ်ကို ကျွန်တော်ပြောလိုပါတယ်။ အထူးသဖြင့် ကျွန်တော်တို့ စိုက်ပျိုးရေးသမားတော်တော်များများ ရှောင်လွှဲဖို့မလွယ်တဲ့ အော်ဂဲနစ်ရဲ့ အခြေခံစည်းမျဉ်းတွေကို ပြောပြချင်ပါတယ်။

(၁) အော်ဂဲနစ်သီးနှံထုတ်လုပ်မည့်မြေကြီးမှာ ပေါင်းသတ်ဆေးကို အနှစ်(၂၀)အတွင်း သုံးစွဲထားခြင်း မရှိရပါဘူး။

(၂) အော်ဂဲနစ်သီးနှံထုတ်လုပ်မယ့်မြေမှာ Heavy Metal တွေ မပါဝင်ရပါဘူး။ (မြေအသုံးချဌာနမှာစစ်ဆေးပြီး အော်ဂဲနစ်ပညာရှင်များရဲ့ ထောက်ခံချက် ရယူရပါမယ်)

(၃) ပိုးသတ်ဆေးကို ကိုယ်တိုင်သုံးဖို့မပြောနဲ့။ အော်ဂဲနစ်စိုက်ပျိုးမယ့်ခြံရဲ့ တစ်မိုင်ပတ်လည်အတွင်းမှာ ဓာတုပိုးသတ်ဆေးများအပါအဝင် ဆေးရွက်ကြီးလိုပိုးသတ်ဆေးတောင် မသုံးစွဲရပါဘူး။

(၄) နေမကောင်းတဲ့လူတွေအပါဝင် တိရစ္ဆာန်တွေလည်း ခြံထဲကို အဝင်အထွက်လုပ်လို့ မရပါဘူး။

(၅) နွားချေး၊ ဆိတ်ချေးတွေအပါအဝင် မည်သည့်အညစ်အကြေးကိုမှ ခြံထဲကို တိုက်ရိုက်သုံးစွဲခွင့်မရှိပါဘူး။ မြေဆွေးလုပ်ပြီးမှပဲ သုံးစွဲလို့ရပါမယ်။

   á€’á€Ťá€á€˝á€ąá€Ÿá€Ź အော်ဂဲနစ်စိုက်ပျိုးရေးစနစ်ရဲ့ အခြေခံစည်းမျဉ်းတွေထဲက တချို့သာဖြစ်ပါတယ်။

   á€Ąá€ąá€Źá€şá€‚á€˛á€”á€…á€şá€œá€­á€Żá€ˇá€Ąá€ąá€Źá€şá€”á€ąá€žá€°á€á€˝á€ąá€Ÿá€Ź ဒီအချက်တွေနဲ့ ဘယ်နှစ်ချက် ငြိစွန်းနေပြီလဲ? ဒါတောင် စည်းမျဉ်းအကုန်မဟုတ်သေးပါဘူး။ အလုပ်သမားခပေးတာကအစ စနစ်တကျကန့်သတ်တဲ့ တချို့ အော်ဂဲနစ်အဖွဲ့စည်းတွေလည်း ရှိပါတယ်။ 

    ဒီနေ့ကစပြီး ''လျှော်ဖြူကို အော်ဂဲနစ်နဲ့ စိုက်ချင်လို့ပါ။ ဘယ်လိုစိုက်ရမလဲ? ''လို့မေးတဲ့မိတ်ဆွေများအနေနဲ့ ''အထက်ပါအချက်(၅)ချက်ကို ဆောင်ရွက်နိုင်မှမေးပါ'' လို့ပြောရင်း နိဂုံးချုပ်လိုပါတယ်။ 

ကျော်မျိုးထွန်း (စိုက်ပျိုးရေး)

 


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်