တိုင်းရင်းကြက်သားပေါက် ပြုစုစောင့်ရှောက်နည်း

25/01/2024 16:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

ကြက်ပေါက်များကို ကိုင်တွယ်စောင့်ရှောက်ခြင်းသည့် ကြက်မွေးမြူရေးတစ်လျှောက်လုံး၏ အရေးကြီးသော အပိုင်းဖြစ် သည်။ 

ကြက်ပေါက်များကို မွေးမြူရာတွင် အဓိကအရေးကြီးသော အရာများမှာ အစာ၊ ရေ၊ အပူချိန်၊ လေနှင့် သန့်ရှင်းရေး တို့ ဖြစ်သည်။ 

ကြက်ပေါက်များထားရာတွင်-

  • နေရာကို ကြက်ကြီးများရှိသော နေရာနှင့် သီးခြားထားရမည်။
  • “All-in, all out” စနစ်ကို ကျင့်သုံးကာ အသက်အရွယ်မတူသော ကြက်များကို ရောမထည့်ရပါ။
  • အသုံးပြုမည့် ပစ္စည်းများအားလုံးသည် သန့်ရှင်းကာ ပိုးသန့်နေရမည်။ 
  • ကြက်ပေါက်ကလေးများ မထည့်မီတွင် အပူပေးစက်များ ကောင်း/မကောင်း စစ်ဆေးထားရမည်။
  • လေဝင်လေထွက်ကောင်းမွန်ပြီး လေကောင်းလေသန့် အမြဲရနေရမည်။
  • ကြက်ကလေးများထည့်ပြီးပါက သန့်ရှင်းသောရေကို တိုက်ရမည်။ 
  • ကြက်ကလေးများရောက်ပြီး ပထမ (၃) ရက်တွင် အစာနှင့်ရေ ကောင်းကောင်းစား/မစား ကို ၂-၃ နာရီခြားတစ်ခါ စစ်ဆေး ပေးရမည်။

ကြက်ကလေးများ ကောင်းမွန်စွာကြီးထွားရန်နှင့် ရောဂါကာကွယ်ရန် အထောက်အကူပေးရန် အစာနှင့်ရေအပြင် ဖြည့်စွက်စာများကို ကြက်ပေါက် အကောင် ၁၀၀ လျှင် ၁ ဗန်း နှုန်းဖြင့် ကျွေးသင့်သည်။

အလင်းရောင်သည် ကြက်ကလေးများ အစာနှင့်ရေကို ကောင်းစွာတွေ့ရှိနိုင်ရန် အကူအညီပေးသည့်အတွက် ပထမ (၃) ရက် တွင် အလင်းရောင်ကို ဆက်တိုက်ပေးသင့်သည်။ 

ကြက်ပေါက်အိမ်၏ အပူချိန်ကို သာမိုမီတာ (သို့) ကြက်ကလေးများ၏ အပြုအမူတို့ကို ကြည့်ကာ  အမြဲမပြတ်စစ်ဆေးပေးနေ ရမည်။ 

ကြက်ပေါက်များ သေဆုံးမှုရှိလျှင် အကောင်ရေမများခင် အကြောင်းအရင်းကို သိရှိပြီး ချက်ချင်းပြင်ဆင်ကာ သေဆုံးမှုလျော့ အောင် ချက်ချင်းလုပ်ဆောင်ရမည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
🌾စပါးဈေးမကောင်းတဲ့ ရာသီမှာ အမြတ်ကျန်အောင် ဘယ်လိုစိုက်မလဲ⁉️ ❗စပါးဈေးကလည်းမသေချာ၊ သွင်းအားစုစရိတ်တွေကလည်း တက်နေတဲ့ဒီလိုအချိန်မှာ သွင်းအားစုဖိုးကို လျှော့ချပြီး အထွက်နှုန်းကို ထိန်းထားနိုင်မှ ဦးကြီးတို့ အဆင်ပြေမှာနော် ✔️ဒါကြောင့် ကိုယ်သုံးသမျှ ကိုယ့်အတွက်အကျိုးရစေမယ့် အရည်အသွေးစိတ်ချရတဲ့ သွင်းအားစုပစ္စည်းတွေကိုပဲ ရွေးချယ်သုံးသင့်ပါတယ်။
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်