မျိုးစပါးထုတ်လုပ်သူနဲ့ အသုံးပြုလိုသူ အလွယ်တကူဆုံတွေ့နိုင်မယ့် MRF Rice Portal ကို မိတ်ဆက်
ဆန်စပါးအရည်သွေးကောင်းမွန်ဖို့ အဓိကကျတဲ့ မျိုးသန့်သုံးစွဲနိုင်ဖို့က မျိုးစေ့ထုတ်လုပ်ပြီး မျိုးစပါးရောင်းချသူတွေနဲ့ မျိုးသန့်သုံးစွဲလိုသူတောင်သူတွေအကြား အပြန်အလှန် ဆက်သွယ်ရောင်းဝယ်နိုင်မယ့် သတင်းအချက်အလက်တွေရရှိဖို့က အရေးကြီးပါတယ်။ ဒါကြောင့် မြန်မာနိုင်ငံ ဆန်စပါးအသင်းချုပ်အနေနဲ့ နည်းပညာကိုအသုံးပြုပြီး MRF Rice Portal ကို ရေးဆွဲခဲ့တာဖြစ်ပါတယ်လို့ အသင်းချုပ်ဥက္ကဌက Green Way ကိုပြောပါတယ်။
ဒီ MRF Rice Portal ဆိုတာကတော့ ဒီအတိုင်းခေါ်တာပါ။ တကယ့်ပရောဂျက်ကတော့ Myanmar rice online ပါ။ Myanmar rice online ရည်ရွယ်တာကတော့ ကျွန်တော်တို့က Digital transformation ပေါ့။ ကျွန်တော်တို့က Digital ပြောင်းလဲမှုဆိုင်ရာ Digital transformation ကို ဦးတည်တယ်။ Digital transformation က ဒီနေ့ကမ္ဘာမှာကိုက Smart Agriculutrue, Digital Agriculture, Smrart Farming ဒီလို ဒစ်ဂျစ်တယ်နည်းစနစ်နဲ့ နည်းပညာကိုအားကိုးနဲ့ဆောင်ရွက်တဲ့ လယ်ယာစိုက်ပျိုးရေးလုပ်ငန်းတွေက အားကောင်းလာတယ်။ အဲ့တော့ ကျွန်တော်တို့ရဲ့ တောင်သူလယ်သမားတွေရော၊ စက်ပိုင်တွေရော၊ ကုန်သည်တွေရော၊ ကုမ္ပဏီတွေရော၊ နိုင်ငံခြားကဝယ်ချင်တဲ့သူတွေအတွက် ဒစ်ဂျစ်တယ်လ်ပလက်ဖောင်းတစ်ခုကို ထူထောင်မယ်၊ အွန်လိုင်းမှာ တည်ထောင်ဖို့အတွက် WHH နဲ့ဆွေးနွေးတယ်၊ LIFT ကအကူအညီပေးတယ်။ ဒီဟာနဲ့ ဒါကို စလိုက်တာပါ
လို့ ဦးရဲမင်းအောင်က ပြောပါတယ်။
လက်ရှိမြန်မာနိုင်ငံမှာ စပါးစိုက်ဧက ၁၇ သန်းလောက်ရှိပြီး တစ်နိုင်ငံလုံးအတိုင်းအတာအရ မျိုးသန့်သုံးစွဲနိုင်တဲ့အနေထားက စုစုပေါင်းစိုက်ဧကရဲ့ ၅ ရာခိုင်နှုန်းလောက်သာ ရှိနေပါသေးတယ်။ ဒါကြောင့် စပါးမျိုးစေ့ထုတ်လုပ်ငန်းတွေဆောင်ရွက်ဖို့ အစိုးရက နည်းပညာပေးလုပ်ငန်းတွေ ဆောင်ရွက်နေပြီး တောင်သူတွေကို မျိုးသန့်ထုတ်လုပ်တဲ့ အဆင့် ၄ ဆင့်အနက်နောက်ဆုံးအဆင့်ဖြစ်တဲ့ စီးပွားဖြစ်မျိုးသန့်မျိုးစေ့ကို ထုတ်လုပ်ခွင့်ပေးထားရာကနေတတိယအဆင့်ဖြစ်တဲ့ မျိုးသန့်မျိုးပွားမျိုးစေ့ထုတ်လုပ်ခွင့်ပေးဖို့ကိုပါ ဆောင်ရွက်လာပြီဖြစ်ပါတယ်။ ဒါကြောင့် ဒီအက်ပလီကေးရှင်းကတစ်ဆင့် စပါးမျိုးထုတ်လုပ်သူနဲ့ သုံးစွဲလိုသူ တောင်သူအကြား တွေ့ဆုံချိတ်ဆက်ပြီး မျိုးစေ့အရောင်းအဝယ်လုပ်ငန်းတွေကို ဆောင်ရွက်နိုင်မှာဖြစ်တယ်လို့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်မှ မျိုးစေ့ပညာရှင်၊ အကြံပေးဖြစ်သူ ဒေါက်တာမင်းအောင်က Green Way ကိုပြောပါတယ်။
ကျွန်တော်တို့ ကနေ့မြန်မာနိုင်ငံမှာ မျိုးစပါး၊ မျိုးကောင်းမျိုးသန့်တွေကို တောင်သူတွေ ရော၊ မျိုးသန့်ကုမ္ပဏီတွေ စိုက်ပျိုးထုတ်လုပ်နေတာရှိပါတယ်။ အခက်အခဲတစ်ခုက ဘာရှိလဲဆိုရင် ကိုယ်ကထုတ်လိုက်တယ်၊ ထုတ်လိုက်တဲ့ဟာကို ဘယ်သူကဝယ်ရမယ်ဆိုတာကိုဆက်သွယ်လို့မရပါဘူး။ တောင်သူတွေကလည်း ကိုယ်လိုချင်တဲ့မျိုးသန့်ကို ဘယ်မှာဝယ်ရမယ်ဆိုတာ မသိကြဘူး။ အဲ့တော့ တစ်ယောက်နဲ့တစ်ယောက် အချိတ်အဆက်မမိကြဘူး။ ကျွန်တော်တို့အသင်းချုပ်ရဲ့ရည်မှန်းချက်ကတော့ လောလောဆယ် ဒီဟာလေးကို အချိတ်ဆက်မိစေချင်တယ်။ တစ်ဖက်က စိုက်ပျိုးထုတ်လုပ်သူတောင်သူတွေ၊ တစ်ဖက်က မျိုးသန့်ကိုဝယ်ချင်တဲ့အဖွဲ့အစည်းတွေ ကုမ္ပဏီတွေ တောင်သူတွေ ဒါတွေအားလုံး Rice Portal လို့ခေါ်တဲ့ အက်ပလီကေးရှင်းမှာ တစ်ယောက်နဲ့တစ်ယောက် ဆုံတွေ့ကြပြီးတော့ ကျွန်တော်တို့က ရောင်းဝယ်သွားမယ်ဆိုရင် တော်တော်လေးကို အဆင်ပြေသွားနိုင်မယ်
လို့ ဒေါက်တာမင်းအောင် က ပြောပါတယ်။
MRF Rice Portal အက်ပလီကေးရှင်းကို အစိမ်းရောင်လမ်း စိုက်ပျိုး/မွေးမြူရေးသုံးဖုန်းအက်ပလီကေးရှင်းရဲ့ ဦးဆောင်တီထွင်သူဖြစ်တဲ့ Green Way က ရေးဆွဲပေးခဲ့တာဖြစ်ပြီး မြန်မာနိုင်ငံ ဆန်စပါးကုန်သည်များအသင်း၊ မြန်မာနိုင်ငံဆန်စက်လုပ်ငန်းရှင်များအသင်း၊ မြန်မာနိုင်ငံတောင်သူလယ်သမားအသင်း၊ မြန်မာနိုင်ငံ မြေသြဇာ၊ မျိုးစေ့နဲ့ စိုက်ပျိုးရေးသွင်းအားစု ထုတ်လုပ်တင်သွင်းရောင်းချသူများအသင်း စတဲ့ညီနောင်အသင်းတွေနဲ့ စုစည်းဖွဲစည်းထားတဲ့ မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေဖြင့် ဒီလိုမိုဘိုင်းလ်အက်ပလီကေးရှင်း တစ်ခုကို ရေးဆွဲလွှင့်တင်အသုံးပြုတာက ပိုမိုထိရောက်နိုင်မယ့်အတွက် ရေးဆွဲပေးခြင်းဖြစ်တယ်လို့ အစိမ်းရောင်လမ်း၊ Green Way ကို တည်ထောင်သူတစ်ဦးဖြစ်တဲ့ ဦးသိန်းစိုးမင်းက ပြောပါတယ်။
အစိမ်းရောင်လမ်း Green Way အနေနဲ့ ဒီဟာကိုလုပ်ပေးဖြစ်တာက ဆန်စပါးအတွက် MRF က အသင်းချုပ်ကြီးဖြစ်တယ်။ ဒီလိုမျိုးစနစ်မျိုးတွေက တောင်သူတွေအနေနဲ့က ချိတ်ဖို့ လိုအပ်လာတယ်။ ဒါက Green Way အနေနဲ့ လုပ်ရင်တောင်မှ MRF နဲ့ယှဉ်လိုက်ရင် ပိုပြီးတော့ ထိရောက်နိုင်တယ်၊ ပိုပြီးတော့ တကယ့်အရွှေ့ကြီးတစ်ခုဖြစ်နိုင်တယ်ဆိုတာကို သိတဲ့အတွက်ကြောင့် Green Way အနေနဲ့က ဒီဟာကြီးကိုမြင်လိုက်ကတည်းက သဘောကျတယ်၊ လုပ်ပေးချင်တယ်။ လုပ်လည်းလုပ်ချင်တဲ့ဆန္ဒလည်းရှိတယ်။ ဆိုတော့ MRF အတွက်လုပ်လိုက်မယ်ဆိုရင် ဘာပဲပြောပြော နောက်ဆုံး တောင်သူအတွက် အကျိုးရှိမယ်ဆိုတဲ့အတွက်ကြောင့် ကျွန်တော်တို့ကပါပြီးတော့ လုပ်ပေးခဲ့တာပါ။ တကယ်လည်း အရွေ့ဖြစ်မယ်လို့ ယုံကြည်ပါတယ်။
MRF Rice Portal ကို ဒေါင်းလုတ်ရယူသုံးစွဲနိုင်ပြီဖြစ်ပြီး မေးမြန်းထားတဲ့အချက်အလက် တွေကို ဖြည့်သွင်းပြီးပါက မြန်မာနိုင်ငံဆန်စပါးအသင်းချုပ်အနေနဲ့ ဒီအချက်အလက်တွေ ကို စိစစ်ခွင့်ပြုသွားမှာဖြစ်တဲ့အတွက် အတည်ပြုချက်ပြန်လည်ပေးပို့ချိန်ကို ခတ္တစောင့်ဆိုင်းပြီးမှ အသုံးပြုနိုင်မှာဖြစ်ပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။
Tun Win
လွန်ခဲ့သော ၃ နှစ် ကအထွက်ကောင်း စပါမျိုးလိုချင်ပါတယ် ဂျပန်နိုင်ငံလို တစ်ဧက တင်း3/4ရာမဟုတ်တောင် တင်း200ထွက်အောင်လုပ်နိုင်ပါတယ် အဓိကက နည်းပညာ လိုချင်ပါတယ် ခမျာ
U. seinHtay
လွန်ခဲ့သော ၅ နှစ် ကငရုတ်ပင်လှေးပိုးကျနေပါသည်ဖီပရိုနေးတေးပက်လည်းမရပါအရွက်နုလေးများ ထွတ်ကုပ်နေပါသည်ဘာဆေးပက်ရမလဲခင်ဗျာ
ကျော်မင်းထွန်း
လွန်ခဲ့သော ၅ နှစ် ကစပါးမျိုးကောင်းမျိုးသန့်ဘယ်မှာဝယ်လို့ရလဲဗျာ
ဆက်စပ်ဆောင်းပါးများ
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
ဗီဒီယို
စိုက်ချိန်/ရိတ်ချိန်ဖြေပေးရင်း ဖုန်းဘေလ်ကံစမ်းနိုင်ပါပြီ (ဩဂုတ်လ ၃၁ ရက်နေ့အထိသာ)
ဆက်စပ်မေးခွန်းများ
မာလာဝတီ ခရမ်းချဉ်မျိုးပါ အခုလိုပုံပါအတိုင်း အပွင့်ရဲ့အဆစ်ကနေဝါပြီးကြွေနေလို့ပါ
ရှိုင်းထက်အောင် • ဖြေကြားချက် 2 ခု
မြေ၁ဧကနဲ့ဒဿမ၈၀ဆိုရင် ထုံးအိတ်ခန့်မှန်းခြေဘယ်လောက်ထည့်ရလည်းရှင့်
Hnin Nu Wai • ဖြေကြားချက် 1 ခု
ပဲတီစိမ်း ဝါးခမနဲ့မတ်ပဲTBL9ဘယ်တာရေငတ်ဒဏ်ပိုခံပါသလဲခဗျဆရာတိုရာသီဉတုနဲ့ချိန်လုပ်ကမှာမို့ဖြေကြားပေးပါခဗျ🙏🙏🙏
ကိုအောင်မြင့်မြတ် • ဖြေကြားချက် 1 ခု
ရန်ကုန်နှင့်အနီးတစ်ဝှိက်မှာချယ်ရီခရမ်းချဉ်သီးစိုက်ပျိုးကြပါသလားရှင့်
Khaing Zin Thet • ဖြေကြားချက် 1 ခု
နွားသေးကိုသီးသန့်ဖြန်းတာထက့်ဘာရေားဖြန်ရင်ပိုကောင်းမလဲး
ကိုနိုင်လင်း • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဟင်းသီးဟင်းရွက်တွေကို ချက်ပြုတ်တဲ့အခါ အာဟာရဓာတ်တွေ မဆုံးရှုံးအောင် ဘယ်လိုလုပ်မလဲ?
02/10/2026
တစ်ပတ်စာ သီးနှံဈေးကွက် သုံးသပ်ချက် (စက်တင်ဘာ ၂၈ မှ အောက်တိုဘာ ၂ ရက်အထိ)
02/10/2026
မီးဖိုချောင်ထဲက ပစ္စည်းတွေနဲ့ ကိုယ်တိုင်ပြုလုပ်နိုင်တဲ့ အပင်အားဆေး PSB
01/10/2026
ကြက်သွန်နီဈေး သိသိသာသာ ဆက်တိုက်မြင့်တက်နေ
01/10/2026
စိုက်ပျိုးသုတ အောက်တိုဘာလ
01/10/2026
More from ဂျာနူး
အားလုံး
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၂)
30/03/2023
တရုတ်တစ်သျှူးငှက်ပျောများတွင် ပင်ညှိုးရောဂါသံသယများတွေ့၍ စောင့်ကြည့်စစ်ဆေးနေ
24/03/2023
ရိတ်သိမ်းချိန်လွန်ကာလ အခြောက်ခံစက်များရဲ့အရေးပါမှု (ဒေါက်တာမျိုးအောင်ကျော်နှင့်တွေ့ဆုံမေးမြန်းခြင်း - ၁)
23/03/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၇)
13/02/2023
မြန်မာနိုင်ငံမှာ တောင်သူအကျိုးပြုစီးပွားရေး ကုမ္ပဏီတစ်ထောင်အိပ်မက်နဲ့ ဂျပန်လူငယ် (၆)
08/02/2023