" စိုက်ပျိုးပညာမျှဝေရာ" အစီအစဉ်ဖြစ်ပါတယ်။
ဒီအစီအစဉ်ကို ENI ဖောင်ဒေးရှင်း၏ကူညီထောက်ပံ့ပေးမှုဖြင့် မကွေး၊ မင်းလှနှင့် မြို့သစ်ဒေသများတွင် အကောင်အထည်ဖော်ဆောင်ရွက်လျက်ရှိသော စီမံကိန်းအတွက် PC Myanmar မှ ထုတ်လွှင့်ပေးတာဖြစ်ပါတယ်။
စိုက်ပျိုးရေးမှာ ရေကမရှိမဖြစ်လိုအပ်တဲ့ကဏ္ဍဖြစ်တဲ့အလျောက် သွင်းရေရဲ့ အရည်အသွေးဟာလည်း အရေးကြီးတဲ့အပိုင်းဖြစ်တဲ့အတွက် သွင်းရေနဲ့ပတ်သတ်ပြီး စိုက်ပျိုးရေးဦးစီးဌာန၊ မြေအသုံးချရေးဌာနခွဲမှ ဒုဦးစီးမှူး ဒေါ်ခင်လဲ့ဦး ရဲ့ဆွေးနွေးချက်များကို တင်ဆက်ပေးသွားပါတယ်ရှင်။