SHWIN CHANG LONE MANUFACTURING CO., LTD. မှ လုပ်ငန်းလိုအပ်အတွက် ဝန်ထမ်းခေါ်ယူထားခြင်းဖြစ်ပြီး စိတ်ပါဝင်စားသူများ လျှောက်ထားနိုင်ပါသည်။
စိုက်ပျိုးရေး ဘွဲ့ရ M/F (3) post
- စိုက်ပျိုးရေး (ရေဆင်း) တက္ကသိုလ် ဘွဲ့ရ
- လုပ်ငန်းအတွေ့အကြုံ အနည်းဆုံး (3) နှစ် နှင့်အထက်
- ရှမ်းပြည်နယ်မြောက်ပိုင်း၊ တန့်ယန်းမြို့တွင် နေစားငြိမ်းနေနိုင်ရမည်။
- လုပ်ငန်းအတွေ့အကြုံပေါ်မူတည်ပြီး လစာကောင်းကောင်းပေးမည်။
ှစိတ်ပါဝင်စားသူများ CV အပြည့်အစုံနှင့်တကွ လာရောက်လျှောက်ထားနိုင်ပါသည်။
ဆက်သွယ်ရန်
မဖြိုးဖြိုးပိုင် ( 09-255700218)
ရံုး - 09-73176496 , 09-47301183
email: [email protected]
အမှတ် (22) ကျွန်းရွှေဝါလမ်း၊ ရွှေပစ်တိုင်းထောင်အိမ်ရာ၊ ရွှေသံလွင်ပွဲရုံဝင်းအတွင်း၊ မရမ်းကုန်းမြို့နယ်၊
အမှတ် (22) ကျွန်းရွှေဝါလမ်း၊ ရွှေပစ်တိုင်းထောင်အိမ်ရာ၊ ရွှေသံလွင်ပွဲရုံဝင်းအတွင်း၊ မရမ်းကုန်းမြို့နယ်၊
ရန်ကုန်မြို့။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်