ဘိုစားပဲ စိုက်ပျိုးနည်း

15/10/2018 15:05 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

ဘိုစားပဲကို ပင်ထောင်မျိုးနှင့် နွယ်တက်မျိုးဟူ၍ခွဲခြားထားသည်။ အစေ့သည် ကျောက်ကပ်ပုံ၊ အဖြူအနက်၊ နီညိုခရမ်း စသည်ဖြင့် မျိုးကွဲပေါင်းများစွာရှိသည်။ အပူပိုင်းနှင့် အအေးပိုင်းဇုန်များတွင် ဖြစ်ထွန်းသည်။ ရေမြေ ရာသီဉတု မရွေးပေါက်ရောက်နိုင်သော်လည်း ပူအိုက်စွတ်စိုသော ဒေသ၌ မဖြစ်ထွန်းပေ။

မြေပြုပြင်ခြင်း
သဲဆန်သော မြေမှ မြေစေးအထိ မြေအမျိုးမျိုးတွင် ပေါက်နိုင်သည်။ ရေမဝပ်သော သဲနူန်းမြေ၊ နုန်းမြေစေး၊ နုန်းမြေတို့တွင် ကောင်းစွာ ဖြစ်ထွန်းသည်။ မြေချဉ်ငံဓာတ် (၄.၂-၈.၇) အတွင်း ဖြစ်ထွန်းနိုင်သည်။ ထွန်ရေးကောင်းသောမြေကို ပြုပြင်ရန် မလိုချေ။

မျိုးစေ့နူန်း
ပင်ထောင်မျိုးများကို တစ်ဧက အတွက် မျိုးစေ့ (၁၀-၁၂) ပြည် လိုအပ်ပြီး တိုင်ထောင်မျိုးများအတွက် (၆-၈)ပြည် လိုအပ်သည်။

စိုက်ပျိုးခြင်း
မျိုးစေ့ချရာ၌ အစိုဓာတ်များလွန်းက အစေ့ပုပ်တတ်သည်။ တိုင်ထောင်ပြီး စိုက်ပျိုးလျှင် တစ်ကျင်းတွင် (၂-၃)စေ့ထည့်၍ စိုက်ရသည်။ တစ်ဧကလျှင် နွားချေး ၁၀ တန်၊ ယူရီးယား ၁၈ ကီလို၊ တီစူပါ တစ်အိတ်၊ ပိုတက်အိတ်ဝက်ထည့်ပေးရန်လိုသည်။ ကြားထွန်နှစ်ကြိမ် လိုက်ပေးလျှင် လုံလောက်သည်။ ပင်ထောင်မျိုးကို တစ်တန်းနှင့် တစ်တန်း နှစ်ပေခြားတစ်ပင်နှင့်တစ်ပင် ၁၀ လက်မခွာစိုက်သည်။ ရာသီဉတုသင့်တင့်သော ဒေသတွင် တစ်နှစ်ပတ်လုံးစိုက်ပျိုးနိုင်သည်။

အပင်ပြုစုခြင်း
ပေါင်းနှစ်ကြိမ်လိုက်ပေးလျှင် လုံလောက်သည်။ ခြောက်သွေ့သော ရာသီဒဏ်ကို ခံနိုင်ရည်ရှိသောလည်း ရက်ရှည်ခြောက်သွေ့က ရေသွင်းပေးရန် လိုအပ်သည်။ ပဲသံချေး၊ ပဲမှဲ့ပြောက်စွန်းရောဂါ၊ ဘက်တီးရီးယားရွက်ခြောက် အရွက်နူရောဂါများ ကျရောက်သည်။ ခူမွှေးစုပ်၊ ပိုးကျိုင်းငယ်၊ ပဲစားကြမ်းပိုးနှင့် ပျပိုးများကျရောက်သည်။ ထိသေ၊ စားသေ၊ ပိုးသတ်ဆေး၊ မှိုသတ်ဆေးများ သုံး၍ ကာကွယ်နိုင်သည်။

ခူးယူခြင်း
အပင်ပေါက်ပြီး ၇၅ ရက်မှစ၍ အသီးများဆွတ်ခူးနိုင်သည်။ ပဲသီးများကို အရွယ်မရောက်မီ အစေ့နုသေးသောအချိန်တွင် ဆွတ်ခူးသည်။ ပန်းပွင့်ပြီး (၂-၃)ပတ်အကြာတွင် စတင်ဆွတ်ခူးနိုင်သည်။ ပင်ထောင်မျိုး တစ်ဧကလျှင် (၈၀၀-၉၀၀)ပိဿာ တိုင်ထောင်မျိုးတစ်ဧကလျှင် ၂၀၀၀ ပိဿာကျော်အထိ ထွက်ရှိနိုင်သည်။

မျိုးစေ့ထုတ်ယူခြင်း
မျိုစေ့ထုတ်လုပ်ရန် အသီးများကို အပင်ပေါ်တွင် ခြောက်အောင်ထား၍ ဆွတ်ခူးရမည်။ အချို့က လိုက်နုတ်၍ နေလှမ်းပြီး အတောင့်များကို မူလအတိုင်းသိမ်းဆည်းကြသည်။ ထို့နောက် စိုက်ချိန်ရောက်လျှင် အစေ့များချွေပြီး စိုက်ပျိုးကြသည်၊ အများအားဖြင့် အစေ့ကို ကြိုတင်ချွေ၍ ဆက်လက်နေလှမ်းပြီးမှ သိမ်းဆည်းသည်။ ပဲစေ့သည် သိုလှောင်ရာ၌ ပိုးထိုးတတ်သောကြောင့် မျိုးအဖြစ် အသုံးပြုမည့်အစေ့များကို ထုံးနှင့်ရောမွှေ၍ သိမ်းဆည်းသင့်သည်။

ကျမ်းကိုး - ဟင်းသီးဟင်းရွက် စိုက်ပျိုးနည်းလမ်းညွှန်


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်