စီးပွားရေးအရအရေးပါသော ငုံးမွေးမြူရေးအကြောင်း

28/02/2020 11:30 AM တွင် ဦးဇော်(dof) ဦးဇော်(dof) မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    မြန်မာနိုင်ငံရှိ မြို့ရွာများ၏ ကားဂိတ်၊ ဘူတာ၊ သင်္ဘောဆိပ်များတွင် ငုံးဥပြုတ်ရောင်းချနေသာ ဈေးသည်များကို တွေ့ရမြဲဖြစ်ပါသည်။ အဆာပြေပဲစားစား၊ သရေစာလက်ဆောင်ပဲဝယ်ပေးပေး အဆင်ပြေလှပါသည်။ ကြာဇံဟင်းခါး၊ အစိမ်းကြော်၊ ကြေးအိုးပြုတ် စသည့်အစားအစာများတွင်လည်း ငုံးဥကို ထည့်သွင်းအသုံးပြုကြသလို ငုံးဥပါသော မုန့်လင်မယား၊ ငုံးဥကြော်၊ ငုံးဥကင်တို့မှာလည်း အရသာထူးလှပါသည်။ ထို့ကြောင့်လည်း ဈေးများတွင် ကြက်ဥ၊ ဘဲဥသာမက ငုံးဥများကိုပါ တွင်ကျယ်စွာ ရောင်းချလာကြပါသည်။

    ငုံးမွေးမြူရေးလုပ်ငန်းမှာ နေရာကျဉ်းကျဉ်း၌ ကောင်ရေများများမွေးနိုင်သော လုပ်ငန်းတစ်ခုဖြစ်သည်။ ကူးစက်ရောဂါကျရောက်မှုလည်း နည်းပါးသဖြင့် မွေးမြူရန် လွယ်ကူသည်။ ငုံးကောင်ရေ (၅၀၀၀ -၁၀၀၀၀) မွေးမြူရုံဖြင့် ဘဝရပ်တည်နိုင်သည်ဟု သိရပါသည်။

ငုံးကိုမွေးမြူသင့်သည့် အကြောင်းအရင်းများ

- ငုံးမှာ အခြားအကောင်များထက် အကြမ်းခံနိုင်ခြင်း။

- ပတ်ဝန်းကျင်အခြေအနေနှင့် လျင်လျင်မြန်မြန်အခြေတကျနေထိုင်နိုင်ခြင်း။

- ကြက်၊ ဘဲစသည်တို့လိုမဟုတ်ဘဲ နေ့စဉ် ပုံမှန် ဝင်ငွေရရှိနိုင်ခြင်း။

- ကြီးထွားမှုနှုန်းမြန်ခြင်း။

- ငုံးဥ၊ ငုံးအသားများကို အချိန်တိုအတွင်းမှာ ထုတ်ပေးနိုင်ခြင်းကြောင့် ရင်းနှီးမြှုပ်နှံငွေများ ပြန်ရမြန်ခြင်း။

- ငုံးထီးများကို မွေးစမှ (၃) ပတ်သားတွင် ဈေးကွက်သို့ တင်ပို့ရောင်းချနိုင်ပြီး ငုံးမများမှ (၅ -၆) ပတ်အရွယ်တွင် စတင်ဥပေးကြပြီး ရက် (၅၀) ခန့်တွင် ဥစုံကြခြင်း။

- နေရာ (၃၂ စတုရန်းပေ = ၂၀၀ ကောင်နှုန်း) တွင် ရင်းနှီးငွေ (တစ်ကောင် ၈၀ ကျပ်ခန့်) ဖြင့် တစ်နိုင် (သို့) စီးပွားဖြစ်မွေးမြူနိုင်ခြင်း။

- အသက် (၆) ပတ်မှစ၍ တစ်နှစ်ပတ်လုံး ဥအလုံးပေါင်း (၂၇၀) ခန့် ဥ ဥနိုင်ခြင်း။

- ငုံးချေးသည် ဇီဝမြေဩဇာဖြစ်ပြီး အခြားတိရစ္ဆာန်ချေးများထက် မြေဆီအဟာရမြင့်မား၍ ရောင်းဈေးနှုန်း ပိုမိုရရှိနိုင်ခြင်းတို့ ဖြစ်ကြပါသည်။

    ငုံးမွေးမြူရာ၌ ငုံးထီးတစ်ကောင်လျှင် အနည်းဆုံး ကျပ် (၈၀ – ၁၀၀) ခန့်ရှိကြပြီး အထီးအမအချိုးမှာ (၅၀ : ၅၀) ဖြစ်၍ မွေးမြူမည့်ကောင်ရေ ပြည့်မီအောင် ဆောင်ရွက်ရပါမည်။ ငုံးအမ (၅၀၀၀) မွေးမြူလိုလျှင် ငုံးပေါက် (၁၀၀၀၀) ကို စ၍ မွေးရပါမည်။ 

    ငုံးကောင်ရေ (၁၀၀၀) မွေးလျှင် အကြောင်းအမျိုးမျိုးကြောင့် (၁၅၀ -၂၀၀) ကောင်ခန့် သေဆုံးနိုင်ပါသည်။ ငုံးဥဈေးနှုန်းမှာ (၁၅ – ၂၀) ကျပ်အထိ တက်ဈေးကျဈေးရှိပါသည်။ ငုံးမများမှာ ဥတစ်လုံးဥချရန် (၁၈ -၂၂) နာရီ ကြာမြင့်တတ်ပါသည်။ 

ဥမှ အကောင်ပေါက်လာသော ငုံးငယ်များတွင် ရှိရမည့် အရည်အသွေးများ

- ဖျတ်လတ်လှုပ်ရှား ပြေးလွှားရခြင်းများရှိ၍ ကျန်းမာသန်စွမ်းရမည်။

- ခြေလက်အင်္ဂါမစုံလင်ခြင်း၊ ပုံသဏ္ဍာန်မမှန်ခြင်း ကင်းရှင်းရမည်။

- ချက်တိုင်၊ ခြေထောက်၊ ကိုယ်မွှေးများခြောက်သွေ့၍ မျက်လုံးများကြည်လင်တောင်ပနေရမည်။

- အရွယ်ညီညွတ်မှုရှိရမည်။

- ဥစတင်ဥသည့်အချိန်မှစ၍ ဥသက်တမ်းကြာရှည်ရမည်။

- မွေးရာပါရောဂါများဖြစ်သော အသက်ရှုလမ်းကြောင်းရောဂါ၊ ချက်တိုင်ရောင်ရောဂါ၊ ချေးဖြူရောဂါများ ကင်းရှင်းရမည်။

- ကိုယ်အလေးချိန် ပြည့်မီရမည်။ မွေးစ ရက်သားငုံးမှာ (၆ -၇) ဂရမ် (သို့) (၀.၃၇ – ၀.၄၅) ကျပ်သားရှိရပါမည်။

    ငုံးငယ်လေးများအစာအတွက် ကျွမ်းကျင်သူ၏ အကူအညီရယူရပါမည်။ အစာတွင် အသားဓာတ် ၂၂ ရာခိုင်နှုန်း၊ အဆီဓာတ် ၃ ရာခိုင်နှုန်း၊ အမျှင်ဓာတ် ၅ ရာခိုင်နှုန်း၊ အစိုဓာတ် ၁၃ ရာခိုင်နှုန်းထက် မများသည့် အချိုးအတိုင်း ပါဝင်ရမည်။  ငုံးစာတွင် သွေးဝမ်းကာကွယ်ဆေးထည့်ရန် အရေးကြီးသည်ဟု သိရပါသည်။ 

    ထို့ပြင် ငုံးစင်ကို (၃) ပေအမြင့်စင်ဖြင့် ထားရပါမည်။ ငုံးစင်အောက်ဘက်တွင် ငုံးချေးများအလွယ်တကူ ယူပစ်နိုင်ရန် ပလတ်စတစ်များခင်း၍ စပါးခွံခင်းထားရမည်။ ငုံးချေးကို တစ်နေ့တစ်ကြိမ် သန့်ရှင်းရေားပြုလုပ်ရပါမည်။ ငုံးချေးမြေဩဇာမှာလည်း မြေဆီအဟာရမြင့်မားသဖြင့် ရောင်းချရာ၌ ဈေးကောင်းရကြပါသည်။ ငုံးဥ၊ ငုံးသား၊ ငုံးချေးပါမကျန် အသုံးဝင်လှပါသည်။ အရင်းနည်း အမြတ်များသည့် ငုံးမွေးမြူရေးဖြစ်ပါသည်။ 

ဦးဇော် (Dof)


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်