ကောင်းမွန်ခိုင်မာသောဈေးကွက်ဆီသို့ဦးတည် GAP

15/05/2019 17:00 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး PC Myanmar PC Myanmar မှ ပေးပို့ထားပါသည်။

ENI ဖောင်ဒေးရှင်း၏ ကူညီပံ့ပိုးမှုဖြင့် မကွေး၊ မင်းလှ၊ မြို့သစ် ဒေသများတွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသော PC Myanmar ၏ စီမံကိန်းမှ ရေဒီယိုထုတ်လွှတ်မှု အစီအစဉ်ပဲဖြစ်ပါတယ်။

GAP ဆိုတာကတော့ ကျွန်မတို့ရဲ့ တောင်သူများသိရှိထားပြီဖြစ်တဲ့ ကောင်းမွန်သောစိုက်ပျိုးရေးဆိုင်ရာ အလေ့အကျင့်ကောင်းများ(GAP) ပါပဲ။

GAP စနစ်ဆောင်ရွက်ရခြင်းရဲ့ အဓိကရည်ရွယ်ချက်ဖြစ်တဲ့ 

(၁) ထုတ်လုပ်တဲ့ သီးနှံအရည်အသွေးကောင်းမွန်ရမယ်။

(၂) စားသုံးသူ ဘေးအန္တရာယ်ကင်းရှင်းရမယ်။

(၃) ပတ်ဝန်းကျင်ထိခိုက်မှု အနည်းဆုံးဖြစ်ရမယ်။

(၄) လုပ်သားများရဲ့ ကျန်းမာရေးထိခိုက်မှု အနည်းဆုံးဖြစ်ရမယ်။ ဆိုတဲ့ အခြေခံအချက်များတဲ့အညီ စိုက်ပျိုးထုတ်လုပ်သူအတွက် ဈေးကွက်ခိုင်မာမှုရော စားသုံးသူများအတွက် ကျန်းမာရေးထိခိုက်နစ်နာမှုအတွက်ပါ အကျိုးရှိနိုင်တဲ့ GAP စိုက်ပျိုးထုတ်လုပ်နည်းအကြောင်း ဆွေးနွေးပေးထားတာပါ။ မကွေးတိုင်းဒေသကြီး စိုက်ပျိုးရေး မွေးမြူရေးနှင့်ဆည်မြောင်းဝန်ကြီးဌာန၊ စိုက်ပျိုးရေးဦးစီးဌာန၊ ဒု - တိုင်းဒေသကြီးဦးစီးမှူးမှ မကွေးတိုင်းဒေသကြီးအတွင်း GAP စနစ်ဖြင့် စိုက်ပျိုးထုတ်လုပ်လျက်ရှိသော နှမ်း၊ မြေပဲသီးနှံများနဲ့ ဝါသီးနှံ စိုက်ပျိုးမှုအခြေအနေကို ဆွေးနွေးပေးထားတဲ့ PC မြန်မာရဲ့ ရေဒီယီုထုတ်လွှင့်မှုအစီအစဉ်ကို အစိမ်းရောင်လမ်း၏တောင်သူများ ဗဟုသုတရစေရန်အတွက် တင်ဆက်ပေးလိုက်ရပါတယ်ရှင်။

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်