ယခုနှစ်အတွင်း မြန်မာ့ကြယ်ပဲ ပြည်ပတင်ပို့မှု ပြည်ပစျေးကွက်ဝယ်လိုအားမှာ နည်းနေကြောင်း မြန်မာနိုင်ငံ ကြယ်ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
ပြည်တွင်းမှာ ကြယ်ပဲကို ကျယ်ကျယ်ပြန့်ပြန့် စိုက်ပျိုးနိုင်မှုမရှိသေးတဲ့အတွက် ထုတ်လုပ်မှုအားနည်းနေတာကြောင့် ပြည်ပဝယ်လိုအား နည်းနေခြင်းဖြစ်တယ်လို့ မြန်မာနိုင်ငံကြယ်ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ ဒုတိယဥက္ကဌ ဦးသန်းအောင်ကပြောပါတယ်။
ကြယ်ပဲက ပြည်တွင်းမှာပဲရောင်းအားရှိတယ်။ ဒီမှာတောင် တွင်တွင်ကျယ်ကျယ်အသုံးမပြုကြသေးပါဘူး။ ဒီမှာက စိုက်ဧကကြတော့လည်း နည်းသေးတယ်။ ကျယ်ကျယ်ပြန့်ပြန့်ဧကထောင်ချီ မစိုက်နိုင်ကြသေးဘူး။ ပြည်ပကမှာတယ်ဆိုရင်တောင် သူတို့မှာသလောက်ကိုယ်တွေက ထုတ်လုပ်မှုမပေးနိုင်သေးဘူး။ ဒီနှစ်မှာ ပြည်ပကိုတော့ သိပ်မထွက်သေးဘူး
ယခုနှစ်အတွင်း ကြယ်ပဲမှာ ပြည်တွင်း၊ ပြည်ပဝယ်လိုအားနည်းနေတဲ့အတွက် ယခင်နှစ်များထက် စျေးနှုန်းကျဆင်းနေကြောင်း အဆိုပါအသင်းမှ သိရပါတယ်။
မြန်မာ့ကြယ်ပဲကို မန္တလေးတိုင်းဒေသကြီးမှာ အများဆုံးစိုက်ပျိုးတာဖြစ်ပြီး ပြည်ပစျေးကွက်ဖြစ်တဲ့ တရုတ်နဲ့ထိုင်းကို တင်ပို့ရောင်းချနေတာဖြစ်ကြောင်းလည်း မြန်မာနိုင်ငံ ကြယ်ပဲစိုက်ပျိုးထုတ်လုပ် တင်ပို့ရောင်းချသူများအသင်းမှ သိရပါတယ်။
တိုးတိုးခိုင်(ABM)
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်