ပိုးသတ်ဆေးတွေကို သုံးမယ်ဆိုရင် ဘယ်တစ်ခုကသုံးလို့ရတယ်၊ ဘယ်တစ်ခုကသုံးလို့မရဘူး ဆိုတာကို သိထားသင့်ပါတယ်။ လူ၊ တိရစ္ဆာန်၊ သီးနှံနှင့် သဘာဝပတ်ဝန်းကျင်ကို ထိခိုက်မှုမြင့်မားစေတဲ့ အဆိပ်ရှိ ပိုးသတ်ဆေး(၅၄) မျိုးကို ၂၀၂၀ ပြည့်နှစ်၊ ဇန်နဝါရီ (၇)ရက်နေ့တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ ပိုးသတ်ဆေးမှတ်ပုံတင်အဖွဲ့မှ မြန်မာနိုင်ငံတော်အတွင်းသုံးစွဲရန် တားမြစ်ထားကြောင်း ထပ်လောင်းထုတ်ပြန်ချက်ကို အစိမ်းရောင်လမ်းမှ တင်ပြပေးလိုက်ပါတယ်။