အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ (MSMEs)နှင့် တောင်သူများအတွက် ငွေကြေးဆိုင်ရာအသိပညာများ မျှဝေပေးနိုင်ရန် ရည်ရွယ်၍ LOLC အသေးစားချေးငွေလုပ်ငန်း နှင့် ပူးပေါင်းဖော်ဆောင်မည့် ဆွေးနွေးပွဲကို တက်ရောက်နိုင်ဖို့ ဖိတ်ကြားပါရစေ။
အဆိုပါဆွေးနွေးပွဲတွင် LOLC အသေးစားချေးငွေလုပ်ငန်း မှရရှိနိုင်သော ချေးငွေအမျိုးအစားများနှင့် ချေးငွေ လျှောက်ထားရာတွင် လိုအပ်သော အချက်အလက်များကို တက်ရောက်လာသူများသို့ ရှင်းလင်းပြောကြားပေးမည်ဖြစ်ပါသည်။
လူကြီးမင်းတို့အနေဖြင့် ချေးငွေလုပ်ငန်းစဉ်များနှင့်ပတ်သက်၍ မေးမြန်းလိုသော အချက်များရှိပါကလည်း တိုက်ရိုက်မေးမြန်းနိုင်ဖို့လည်း စီစဉ်ထားပါတယ်။
အဆိုပါ ဆွေးနွေးပွဲကို စိတ်ပါဝင်စားပြီး တက်ရောက်လိုပါက အောက်ပါ Zoom Link ကိုနှိပ်ပြီး တက်ရောက်နိုင်ပါတယ်။
ဆွေးနွေးမည့်ခေါင်းစဥ်: ငွေကြေးဆိုင်ရာ အသိပညာပေး ဆွေးနွေးပွဲ။
နေ့ရက်: မေလ ၂၈ ရက်၊ ၂၀၂၄။
အချိန်: နေ့လည် ၁ နာရီ။
ဆွေးနွေးပွဲ လင့်ခ်: https://us06web.zoom.us/j/89532111592...
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်