အိမ်မှာ ဒီပင်တွေစိုက်ထားမယ်ဆိုရင် ကံကောင်းစေသတဲ့

20/08/2020 17:00 PM တွင် ထွန်းရာဇာ ထွန်းရာဇာ မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

    အခြားနိုင်ငံတွေမှာဆိုရင် ကံကောင်းစေတဲ့အပင် (Lucky plants) တွေကို  တယုတယစိုက်လေ့ရှိကြပါတယ်။ အယူအဆအမျိုးမျိုးရှိကြပြီး မြန်မာနိုင်ငံမှာလည်း ဒါမျိုးတွေရှိပါတယ်။ ဥပမာ -ရွှေလာငွေလာပင်စိုက်တာ လိုမျိုးပေါ့။ 

    နောက်ထပ်ရော ကံကောင်းစေတယ်ဆိုပြီးစိုက်ကြတာ ဘယ်လိုအပင်တွေ ဖြစ်မလဲဆိုတာ ဆက်လေ့လာကြည့်ရအောင်။

 ၁။ ကံကောင်းစေတဲ့ဝါးပင်(Lucky bamboo)

    အမှန်တကယ် ဝါးပင်စစ်စစ်မဟုတ်ပဲ Dracaena မျိုးနွယ်ဝင် အပင်ပါ။ ဒီအပင်စိုက်တဲ့အခါမှာလည်း ပင်စည်အရေအတွက်အလိုက် အဓိပ္ပာယ်ဖွင့်ဆိုထားတွေ ရှိပါသေးတယ်ဗျ။ နှစ်ပင်ပူးစိုက်ရင် ချစ်ခြင်းမေတ္တာကိုကိုယ်စားပြုပြီး သုံးပင်စိုက်ရင် ပျော်ရွင်မှုကိုကိုယ်စားပြုတယ်။ အဒီလိုပဲ ငါးပင်စိုက်ဆိုရင် ကြွယ်ဝချမ်းသာမှု၊ ခြောက်ပင်ဆိုရင်ကံကောင်းခြင်း၊ ခုနှစ်ပင်ဆိုရင် ကျန်းမာခြင်း၊ ရှစ်ပင်ဆိုရင် ဖွံ့ဖြိုးခြင်း၊ ကိုးပင်ဆိုရင် ကြီးမားတဲ့ကံကောင်းခြင်း၊ ဆယ်ပင်ဆိုရင် ပြီးပြည့်စုံခြင်းနဲ့ နှစ်ဆယ့်တစ်ပင်ပူးစိုက်ရင် အာဏာပါဝါ အဓွန့်ရှည်ခြင်း တို့ဖြစ်ပါတယ်တဲ့ဗျ။

၂။ ဇော်ဂျီတောင်ဝှေးပင် (Hawaiian Ti Plant)

     ဆေးဖက်ဝင်တဲ့အပင်လည်းဖြစ်ပြီး အရောင်အမျိုးမျိုးနဲ့ တွေ့ရလေ့ရှိပါတယ်။ ရှေးကျတဲ့ Polynesians လူမျိုးတွေ ယုံကြည်ကြတာတော့ ဒီအပင်ကို အိမ်မှာစိုက်ထားမယ်ဆိုရင် ဉာဏ်အမြော်အမြင်ကြီးစေသတဲ့။ အခုခေတ်မှာတော့ နှစ်ပင်ပူးစိုက်ရင် အချစ်ရေးကို ကံကောင်းစေနိုင်တယ်ဆိုပဲဗျ။

၃။ ပိုက်ဆံပင် (Money tree)

    မူရင်းဒေသက မက္ကဆီကိုဖြစ်ပြီး ပေ (၆၀)လောက်ရှည်သတဲ့ဗျ။ ကံကောင်းစေတယ်ဆိုပြီး အိမ်တွင်းမှာ ဘွန်ဆိုင်းပုံစံ သုံးပင် (သို့) ငါးပင်စိုက်လေ့ ရှိပါတယ်။ 

၄။ Jade Plant 

    ချစ်စရာကောင်းတဲ့ succulent အပင်တွေဖြစ်ပြီး ကံကောင်းစေတဲ့လက္ခဏာရှိလို့ အိမ်တွင်မက ရုံးခန်းတွေမှာပါထားစိုက်လေ့ရှိပါတယ်။

၅။ Snake plant

    လေထုထဲက အဆိပ်တောက်ဖြစ်စေတဲ့ ဓာတ်ငွေ့တွေကို ဖယ်ရှားပေးနိုင်တဲ့ သူ့ရဲ့စွမ်းရည်ကြောင့် ကံကောင်းစေတဲ့အပင်ဆိုပြီး စိုက်ကြပါတယ်။

၆။ Four Leaf Clover

     ဒီအပင်လေးတွေက အိမ်အတွင်းမှာ စိုက်ဖို့ ခက်ပေမဲ့ ခြံဝန်းထဲမှာစိုက်လို့တော့ ရပါတယ်။ တစ်ရွက်ချင်းဆီမှာ အဓိပ္ပာယ်တွေရှိပြီ ပထမအရွက်က ယုံကြည်မှုကိုကိုယ်စားပြု၍၊ ဒုတိယအရွက်က မျှော်လင့်ချက်၊ တတိယအရွက်က ချစ်ခြင်းမေတ္တာ၊ လေးရွက်မြောက်က ကံကောင်းခြင်းဆိုပြီးဖြစ်ပါတယ်။

၇။ စံပါယ်ပင် (Jasmine)

    ချစ်စရာကောင်းပြီး မျိုးအလိုက် အပွင့်ပုံစံလေးတွေလဲ အမျိုးမျိုးရှိကြပါတယ်ဗျ။ အနံ့လေးလည်းမွှေးသလို ကံကောင်းစေတတ်လို့ အိမ်တော်တော်မှာ စိုက်ထားလေ့ရှိပါတယ်။

၈။ နှင်းဆီ(Roses)

    နှင်းဆီပွင့်တွေမှာလည်း အရောင်မျိုးစုံရှိပြီး အဓိပ္ပာယ်တွေကိုယ်စီရှိကြပါတယ်။ ချစ်ခြင်းရဲ့အဓိပ္ပာယ်ကိုဖော်ဆောင်ပေးပြီး ကံကောင်းခြင်းတွေ ဖြစ်စေတတ်ပါတယ်တဲ့ဗျ။

     ကဲ အခုလို ချစ်ရာကောင်းတဲ့အပင်လေးတွေကို အလှစိုက်ချင်လို့ပဲဖြစ်ဖြစ်၊ ကံကောင်းစေချင်လို့ပဲဖြစ်ဖြစ် အိမ်တွင်းမှာ စိုက်ထားသင့်ကြောင်း အကြံပြုလိုက်ရပါတယ်ဗျာ။

Ref; https://www.gardeningknowhow.com/garden-how-to/info/good-luck-plants.htm?fbclid=IwAR2A8aSmDS-_vWOUzdPm2b9rfzhJXDNHbBkM6rU2nya4DAepkJK6S5ms_3c

ဆောင်းပါးများ/ သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ကို ထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်