ကံထူးသူများလာပါပြီ
အမေးအဖြေမှာမေးထားတဲ့မေးခွန်းများကို ပြန်ကြည့်လို့ရတဲ့နေရာကတော့ "ကိုယ်ပိုင်မေးခွန်းများ" ဆိုတဲ့ ဆိုတဲ့နေရာမှာပဲဖြစ်ပါတယ်။
အဲ့ဒါကဘယ်နေရာမှာလဲဆိုတော့ အစိမ်းရောင်လမ်းဆော့ဝဲထဲဝင်ဝင်ချင်းမြင်ရတဲ့စာမျက်နှာရဲ့ အပေါ်ထောင့်နားလေးက ကိုယ့်ရဲ့ ပရိုဖိုင် (အကောင့်) ပုံကိုနှိပ်လိုက်တာနဲ့ ဘာတန်းလေးကျလာမှာဖြစ်ပါတယ်။ အောက်ကိုဆက်ဆွဲလိုက်မယ်ဆိုရင် ကိုယ်ပိုင်မေးခွန်းများဆိုတဲ့ နေရာလေးကိုတွေ့မှာပဲဖြစ်ပါတယ်။
ကဲ....အခုဆိုရင် ဆော့ဝဲအကြောင်းအသိတစ်ခုတိုးသွားပြီနော်
ဖြေဆိုသူအားလုံးနီးပါမှန်ကြတဲ့ထဲမှာမှ ကံထူးသူ (၁၀) ယောက်ကတော့
ko tun lin
Myo Win Kyaw
MG KYAW KYAW KHAING
Angel Queen
Bo Thu
မောင်သန့်စင်
THAN HLAING
Aung Wai Phyo
Zwel Nyi Nyi
ဦးအေးဝင်း တို့ပဲဖြစ်ပါတယ်။
ကံထူးသူများကို နေ့လည် ၂ နာရီနဲ့ ၄ နာရီကြားမှာ ဆက်သွယ်ပေးသွားပါ့မယ်။
မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်