ပြောင်းဖူး ရိတ်သိမ်းခြင်းနှင့် ရိတ်သိမ်းပြီးနောက်ပိုင်း သိုလှောင်ခြင်း

15/01/2018 15:00 PM တွင် Thin Thazin Thin Thazin မှ ရေးသား

ရိတ်သိမ်းချိန်
ပြောင်းဖူးကို မပျက်မစီးပဲ ပြုပြင်စီရီခြင်းမရှိဘဲ အချိန်အတိုင်းအတာတစ်ခုထိ သိုလှောင်နိုင်သည်။ သိုလှောင်နိုင် သည့် သက်တမ်းသည် ပတ်ဝန်ကျင်ရှိ အပူချိန်၊ စိုထိုင်းဆနှင့် ရှိရင်းစွဲ အစို၊ ဖျက်ပိုးနှင့် ရောဂါကဲ့သို့သော အချက်များပေါ်တွင် များစွာမူတည်သည်။ ထို့ကြောင့် အရည်အသွေးကောင်းမွန်သော ပြောင်းစေ့များ ရရှိရန် ထောက်ခံထားသော ရိတ်သိမ်းပြီးနောက်ပိုင်း ကိုင်တွယ်ခြင်းနှင့် စီမံခြင်း လုပ်ငန်းများတွင် အထက်ဖော်ပြပါအ ချက်များကို ကျွမ်းကျင်စွာကိုင်တွယ်နိုင်ရန် ထည့်သွင်းဖော်ပြထားသည်။ အရည်အသွေး ထိန်းချုပ်ခြင်းသည် ရိတ်သိမ်းခြင်းကစတင်သည်။ ရိတ်သိမ်းခြင်းသည် ပြောင်းဖူးများကို စိုက်ပျိုးထားသော နေရာ(စိုက်ခင်း)မှ ခွဲခြား ရန်ရည်ရွယ်၍ ဆောင်ရွက်သော ရိုးရှင်းသည့် လုပ်ဆောင်ချက်ဖြစ်သည်။ ပြောင်းကို ရိတ်သိမ်းရန် သင့်တော် သော အချိန်သည် ရိုးတံများခြောက်ပြီး အစေ့စိုထိုင်းဆ ၂၀-၁၇% ခန့် ရှိချိန်ဖြစ်သည်။

ရိတ်သိမ်းခြင်းလုပ်ငန်းစဉ်အတွင်း လုပ်ဆောင်ရမည့် လိုအပ်ချက်များ
- ရိုးတံခြောက်ခြောက်ချင်း ရိတ်သိမ်းပါ။ လယ်ကွင်းထဲတွင် ကြာရှည်စွာမထားပါနှင့်။ ဆန်ပိုး/ကောက်နှံပိုး များ ကျရောက်နိုင်သည့် အပြင် အပင်ယိုင်လဲမှုကို ဖြစ်စေနိုင်သည့် အတွက်ကြောင့်ဖြစ်သည်။ ရိတ် သိမ်းပြီး နောက်ပိုင်း ဖြစ်ပေါ်လာမည့် ဆုံးရှုံးမှုကို လျှော့ချနိုင်သည့်အပြင် နောက်သီးနှံအတွက် စော စောမြေပြင်ခြင်းကိုလည်း ပြုလုပ်နိုင်သည်။
- ပြောင်းစေ့ကို ဖြစ်နိုင်သမျှ သန့်ရှင်းအောင်ထိန်းသိမ်းပါ။ ဘိလပ်မြေခင်းထားသော ကြမ်းပြင်တွင် ပြောင်းစေ့ကို အခြောက်ခံပါ (သို့) ညစ်ညမ်းမှုဖြစ်နိုင်ခြေကို လျှော့ချနိုင်ရန် တာပေါ်လင်သုံးပါ။
- အိမ်တွင်း မီးဖိုချောင် (သို့) ခြံဝင်းတို့တွင် ပြောင်းဖူးများကို ပထမဦးစွာမပုံပါနှင့်။ ရိတ်သိမ်းပြီး နောက် ပိုင်းဆုံးရှုံးမှုတို့ကို ဖြစ်ပေါ်စေနိုင်သော ဘေးအန္တရာယ်များနှင့်တိတွေ့မှု ဖြစ်စေနိုင်သောကြောင့် ဖြစ်သည်။ ခြောက်သွေ့သောနေရာသို့ချက်ချင်း ပြောင်းပါ (တိရစ္ဆာန်အစာထည့်ရန် သစ်သားဖြင့်ပြု လုပ်ထားသောခွက် / စည်ကဲ့သို့) ။
- ဘာမှမပါသော မြေကြီးပေါ်တွင်မဟုတ်ဘဲ ကွန်ကရစ် (သို့) ပတ္တူအထည်စပေါ်တွင် အခြောက်လှန်းပါ။

မရိတ်သိမ်းခင် လုပ်ဆောင်ရမည့် အချက်များ
ပြောင်းဖူးများကို သန့်ရှင်းနေစေရန်၊ ချက်ချင်းအခြောက်ခံရန်၊ ရိတ်သိမ်းထားသော ပြောင်းဖူးများ ပိုးမွှားရောဂါ ကျရောက်မှုကို ရှောင်ရှားရန် တောင်သူတစ်ယောက်အတွက် လိုအပ်ချက်တွေကို စဉ်းစားမည်ဆိုရင် အောက် ဖော်ပြပါ ပြင်ဆင်မှုများပြုလုပ်ရမည်။

- ပြောင်းဖူးကို အဆင်သင့်အခြောက်ခံနိုင်ရန် အခြောက်လှန်းရန်နေရာ၊ ပစ္စည်းကိရိယာများကို သန့်ရှင်းပိုးသန့် ပါ။
- အစေ့ဟောင်းများကို ဖယ်ပါ။ အစေ့သစ် (သို့မဟုတ်) ကောင်းမွန်သော မျိုးစေ့များနှင့် ထိတွေ့ညစ်ညမ်း စေနိုင်သောကိရိယာမှ အမှိုက်များကိုဖယ်ရှားပါ။ (ရိတ်သိမ်းကိရိယာများ၊ လက်တွန်းလှည်းများ၊ အိတ်များ၊ သိုလှောင်အိတ်များ)
- ဖြစ်နိုင်လျှင် မှိုင်းတိုက်ပါ။ အင်းဆက်များ (သို့မဟုတ်) အင်းဆက်ပိုးဥများကို သတ်ရန် ရေနွေးဖြင့် အ နည်းဆုံး ပိုးသန့်ပါ။ အင်းဆက်များ (သို့မဟုတ်) အင်းဆက်ပိုးဥများမှ အစေ့သစ်များသို့ ရောဂါကျ ရောက်မှုကို ရှောင်ရှားနိုင်ရန် ပြုလုပ်ခြင်းဖြစ်သည်။
- ပြောင်းဖူးများကို ခြောက်သွေ့သောနေရာသို့ သယ်ပြီး ပုံရန် လုံလောက်သော လုပ်သားများကို စီစဉ်ပါ။

ရိတ်သိမ်းခြင်း
ပြောင်းဖူးများကို ရိတ်သိမ်းပြီး ညစ်ညမ်းမှုတို့မှ ကာကွယ်နိုင်ရန် မြေကြီးပေါ်သို့ ပုံခြင်းမပြုဘဲ အစာသိုလှောင်ရုံ သို့ ပို့ဆောင်ပါ။
ရိတ်သိမ်းပြီးနောက်ပိုှုင်း ပြုလုပ်ရမည့် အချက်များ
ရိတ်သိမ်းပြီးနောက် ရိတ်သိမ်းရာတွင် အသုံးပြုသည့် ကိရိယာများကို သန့်ရှင်းရေး ပြုလုပ်သင့်သည်။ အင်းဆက် မျိုးပြန့်ပွားရာနေရာနှင့် ညစ်ညမ်းမှုဖြစ်စေနိုင်သော အရင်းအမြစ်နေရာတို့မှ ကင်းဝေးသော သင့်လျော်သည့် နေ ရာတွင် ထိန်းသိမ်းပါ။ ပြုပြင်စီရင်လုပ်ငန်းများတွင်လည်း အထက်ဖော်ပြပါ တူညီသောကိရိယာများ လိုအပ် နိုင်သည်။ (ဥပမာ - ချွေလှေ့ရန်အတွက် အစာသိုလှောင်ရုံမှ ပြောင်းဖူးများကို ပို့ဆောင်ရန် (သို့) အစေ့များကို သိုလှောင်ရုံသို့ သယ်ပို့ရန်)။ ကိရိယာများကို ကောင်းမွန်စွာ သန့်ရှင်းမှုမရှိလျှင် အစေ့သစ်များကို လွယ်ကူစွာ ညစ်ညမ်းမှုများဖြစ်စေနိုင်သည်။ 

အခြောက်ခံခြင်း
ရိတ်သိမ်းပြီးနောက် ပြောင်းစေ့၏ အကြီးမားဆုံးရန်သူသည် အစိုဓာတ်ဖြစ်သည်။ အစိုဓာတ်ရှိနေသော အစေ့ များသည် အင်းဆက်နှင့် မှိုများကို ဆွဲဆောင်သည်။ ထို့ကြောင့် အေစေ့သည် ရိတ်သိမ်းပြီးဖြစ်နိုင် သမျှမြန်မြန် ခြောက်သွေ့နေရမည်။ အခြောက်ခံခြင်းသည် အစေ့များသိုလှောင်ရန်အတွက် သီးနှံရှိအစိုဓာတ်ကို စိတ်ချရ သောအဆင့်သို့ စနစ်ကျကျ လျှော့ချပေးသည် (ပုံမှန် ၁၂%-၁၅.၅% အစိုဓာတ်) ။ နောက်ဆက်တွဲ လုပ်ငန်းများ သည် ၎င်းအပေါ်တွင်မူတည်နေသဖြင့် အခြောက်ခံခြင်းလုပ်ငန်းသည် ရိတ်သိမ်းပြီးနောက်ပိုင်း ပြုလုပ်ရမည့် အဓိကလုပ်ဆောင်ချက်များထဲမှ တစ်ခုဖြစ်သည်။ တခါတရံ နောက်ရာသီ သီးနှံစိုက်ပျိုးနိုင်ရန် စောစောရင့်မှည့် သောမျိုးကို ရွေးချယ်စိုက်ပျိုးသင့်ပါသည်။ အခြောက်ခံခြင်းသည် အစေ့တွင်းရှိ အစိုဓာတ်ကို လက်ခံနိုင်သည့် အနေအထားရောက်အောင် ဖယ်ရှားခြင်းဖြစ်ပြီး ဇီဝကမ္မဖြစ်စဉ်ကို နှေးကွေးသွားအောင် ထိန်းထားနိုင်ပါသည်။ အင်ဇိုင်း (enzyme) လှုပ်ရှားမှုနှင့် အစေ့ တစ်သျှူး အသက်ရှုခြင်းသည် အလွန်နိမ့်သောအဆင့်သို့ လျှော့ချခြင်း ခံရသည်။ ထို့ကြောင့် အစေ့အညှောင့် ပေါက်ခြင်းကို တားမြစ်နိုင်သည်။ အခြောက်ခံနေစဉ် ခြောက်သွေ့လေ သည် အစေ့မှအစိုဓာတ်ကို ဖယ်ရှားပေးသည်။ အစေ့သည် အခွံမခွာခင် အစာသိုလှောင်ရုံ အတွင်းနှင့် အခွံခွာပြီး တာပေါ်လင်တွင် ခြောက်သွားနိုင်သည်။

ယေဘူယျ အခြောက်ခံခြင်းနည်းလမ်းများ
မြေပြင်ပေါ်တွင် ပြောင်းကို အခြောက်ခံခြင်းမှ ရှောင်ကြဉ်ပါ။ မြေပြင်နှင့် ထိတွေ့သော အစေ့သည် အစိုဓာတ်ကို စုပ်ယူနိုင်ပြီး ဖုန်နှင့်အင်းဆက်များကို ဆွဲဆောင်သည်။ အခြောက်ခံစဉ်အတွင်း ပြောင်းကို မြေပြင်နှင့် ထိစပ်မှုမရှိ အောင် ပလက်စတစ် (သို့) ဖြာပေါ်တွင် ပြောင်းကို အခြောက်ခံခြင်းသည် အကောင်းဆုံးဖြစ်သည်။

အောက်ပါအချက်များကို သတိပြုသင့်သည်…
- အခြောက်ခံစဉ်အတွင်း တစ်စုံတစ်ဦးမှ စောင့်ကြည့်သင့်သည်။
- ညအချိန် (သို့) မိုးရွာလာချိန်တွင် အစေ့များကို အကာကွယ်ရှိသော နေရာအောက်တွင် သယ်ဆောင်ရမည်။
- ရုတ်တရက် မိုးရွာချလျှင် ရေးစီးနှင့် အတူပါသွားနိုင်သည်။
- ဖုန်၊ မြေကြီး၊ ခဲ၊ တိရိစ္ဆာန် အညစ်အကြေး၊ မှိုနှင့် အင်းဆက်ဖျက်ပိုးကျရောက်မှုမှ ညစ်ညမ်းမှု အန္တရာယ်
- ငှက်၊ မွေးမြူရေးနှင့် အိမ်မွေးတိရိစ္ဆာန်များမှ ညစ်ညမ်းမှုဖြစ်နိုင်ချေနှင့် ပမာဏဆုံးရှုံးမှု
- ဤနည်းလမ်းသည် အချိန်ကုန်ပြီး ပြောင်းစေ့များကို ကိုင်တွယ်ရာ၌ လုပ်အားများများ လိုအပ်သည်။

အခွံခွာခြင်း
အခွံခွာခြင်းသည် အိတ်ထဲ တွင် ပြောင်းကိုထည့်ပြီး (သို့) တောင်သူများတတ်နိုင်သော သတ်မှတ်ထားသည့် ကြမ်းပြင်နေရာတွင် တုတ်ဖြင့်ရိုက်ခြင်းဖြစ်သည်။ ပြောင်းကို ရိုက်ခြင်းသည် ရုပ်ပိုင်းဆိုင်ရာပျက်ဆီးမှု ဖြစ်စေနိုင် သည်။ (ဖျက်ပိုးနှင့် မှိုကျရောက်ကျမှုကို ပိုမိုဖြစ်စေနိုင်ပြီး မျိုးစေ့ကို ထိခိုက်နိုင်သည်။) တောင်သူအများစု အသုံးမပြုနိုင်သော်လည်း အကာအကွယ်သုံးခြင်းသည် ပိုမိုကောင်းသည်။ 

သိုလှောင်ခြင်း
မည့်သည့် ပြောင်းစေ့သိုလှောင်စနစ်မဆို အခြေခံရည်ရွယ်ချက်သည် အရည်အသွေးနှင့် ပမာဏနှစ်ခုလုံး ပျက် သိုလှောင်ထားသောအစေ့များ ထိန်းသိမ်းရန်ဖြစ်သည်။ သိုလှောင်စဉ်အတွင်း အစေ့သည် ခြောက်သွေ့ပြီး သန့် ရှင်းမှုရှိနေရမည်။ အစေ့သိုလှောင်ချိန်ကို အစေ့အရည်အသွေးနှင့် အရည်အချင်းကို သိသိသာသာ လျော့ချခြင်း မရှိဘဲ ၂ နှစ်ထိ ထားနိုင်သည်။ မည်သို့ပင်ဆိုစေကာမူ တောင်သူများသည် သိုလှောင်စဉ် မျှော်လင့်ထားသော ဆုံးရှုံးမှုရှိနိုင်ခြင်းကြောင့် ပြောင်းများကို စျေးပေါပေါနှင့် ရောင်းထုတ်ကြသည်။ ထို့နောက် အစားအသောက်များ ကို အဆမတန်ပေး၍ ဝယ်ယူစားသောက်ကြသည်။ အစေ့ရောင်းချရန် စျေးကွက်ကောင်းသည့် အခြေအနေထိ တိုင်အောင် သိုလှောင်ချိန်ကို တာရှည်စွာထားနိုင်ရန် တိုးတက်လာသော သိုလှောင်ခြင်း တည်ဆောက်မှုများ ရှိ သင့်သည်။

တိုးတက်လာသော သိုလှောင်ခြင်းတည်ဆောက်မှု
ကောင်းမွန်သော သိုလှောင်ခြင်းတွင် အောက်ပါ အချက်များရှိသင့်သည်
- ယေဘူယျ သိုလှောင်ချိန်ဆုံးရှုံးမှုများ (အင်းဆက်ဖျက်ပိုး၊ ကြွက်၊ မှို၊ ငှက် နှင့် လူ) မှ ကာကွယ်ရန် အကာ အကွယ် များထောက်ပံံ့ပေးသင့်သည်။
- အေးပြီး ခြောက်သွေ့သော ပတ်ဝန်းချင်ကို ထိန်းသိမ်းသင့်သည်။ မှိုပေါက်ရောက်မှုကို ဖြစ်စေနိုင်သော အေး ခြင်းကို ရှောင်ကြဉ်ရန် ကြမ်းပြင်အထက်တွင် ညမ်းဆင်၍ ပြောင်းကို ထားသင့်သည်။
- အစိုဓာတ် ကူးဆက်ခြင်း (သို့) မိုးဖြင့် အစေ့ကို ပြန်စိုခြင်းကို ခွင့်မပြုသင့်ပေ။
- သူခိုးရန်မှ ကာကွယ်ရန် သင့်လျော်သော ကာကွယ်ခြင်းများပြုလုပ်ပေးပါ။
- ဖြစ်နိုင်ပါက ရိုးရှင်းပြီး ဈေးသက်သာသော ဒေသထွက်ပစ္စည်းများနှင့် ကျွမ်းကျင်မှု(လုပ်သား)များကို အသုံးပြု ပါ။ သန့်ရှင်းရေးလုပ်ရန်နှင့် ပြန်ပြင်ဆင်မှုများ အလွယ်တကူပြုလုပ်နိုင်ပါစေ။
- ကြွက်ဖျက်စီးခြင်းကို ကာကွယ်သင့်သည်။

ပြည့်စုံသော သိုလှောင် သန်ု့ရှင်းခြင်းသည် အောင်မြင်သော သိုလှောင်ခြင်းအတွက် အခြေခံလိုအပ်ဖြစ်သည်။ အားလုံးသော သန့်ရှင်းရေး ဆောင်ရွက်ချက်များသည် ရိုးရှင်းသည်။ အကျိုးရှိပြီး ကုန်ကျစရိတ်သက်သာသည်။ မည်သည့်တောင်သူမဆို အနည်းငယ်အားစိုက်ထုတ်မှုဖြင့် ပြီးပြည့်စုံစွာဆောင်ရွက်နိုင်သည်။

- အိတ်ဖြင့်ထည့်သွင်းထားသော အစေ့များကို လက်ခံရရှိချိန်၊ တင်ပို့ချိန် သို့ စာရင်းလက်ကျန်ကို စစ်ဆေးချိန် တို့တွင် အလွယ်တကူရေတွက်နိုင်သည်။
- အိတ်ဖြင့်သိုလှောင်ခြင်းသည် အပုံလိုက်သိုလှောင်ခြင်းထက် ရင်းနှီးမြှုပ်နှံမှု အနည်းငယ်သာလိုအပ်သည်။
- အိတ်ဖြင့်သိုလှောင်ခြင်းသည် ထိန်းသိမ်းရန်လွယ်ကူပြီး ဈေးသက်သာကာ ထိရောက်မှုရှိသည်။
- အိတ်စနစ်သည် အန္တရာယ်ဖြစ်မှုကိုနည်းစေသည်။ ကြာရှည်စွာလည်း သိုလှောင်ထားနိုင်သည်။

နေရာချထားခြင်းနှင့် နေသားတကျဖြစ်အောင်ပြုလုပ်ခြင်း
သိုလှောင်ရုံအတွင်း ရေပုပ်ရေဆိုးများမရှိစေရန် သိုလှောင်ရုံကို ကောင်းမွန်သော ရေထုတ်စနစ်နှင့် မြင့်သောနေ ရာတွင် တည်ရှိသင့်သည်။
သိုလှောင်ရုံကို လောင်ဂျီကျုမျဉ်းအတိုင်း အရှေ့အနောက် ဝင်ရိုးစွန်းပေါ်တွင် ကန့်လန့်ဖြတ် (သို့) အဓိက လေ လမ်းကြောင်းအတိုင်း တည်ဆောက်ပါ။ ဤနည်းဖြင့် အပူချိန်ကို မျှခြေအနေအထားတွင် ရှိနေစေပြီး အစ ဓာတ်(ငွေ့ရည်ဖွဲ့ခြင်း) ကိုလည်း လျှော့ချပေးနိုင်သည်။
သယ်ယူပို့ဆောင်မှုလွယ်ကူစေရန် လမ်းပန်းဆက်သွယ်မှု ကောင်းမွန်သော မာသောမြေပေါ်တွင် သိုလှောင်ရုံကို တည်ဆောက်ပါ။

သိုလှောင်ရုံညံ့ဖျင်းမှုကြောင့် ဆုံးရှုံးမှုများ

မႈိ
သိုလှောင်ရာတွင် ဇီဝဆိုင်ရာ ကျရောက်မှုတို့သည် ကုန်ပစ္စည်းများ လုံလောက်စွာခြောက်သွေ့ခြင်း မရှိခြင်း ကြောင့်ဖြစ်သည်။ ညံဖျင်းသော သိုလှောင်စီစဉ်မှုတို့ကြောင့် အင်းဆက်ဖျက်ပိုးများ များလာချိန် သို့ သိုလှောင် ထားသောသီးနှံသည် စိုထိုင်းဆမြင့်လာချိန် သို့ အမှန်တကယ်စိုစွတ်လာချိန်တွင် အခြေအနေပိုမိုဆိုးရွားလာနိုင် သည်။ မှိုရောဂါကျရောက်မှုသည် သိုလှောင်သီးနှံများပုပ်ခြင်း နှင့် လူကို ကင်ဆာဖြစ်စေပြီး ကျွဲ၊ နွား တိရစ္ဆာန် များကို အဆိပ်ဖြစ်စေသော အယ်ဖာတောက်ဆင် aflatoxins တို့ကို ဖြစ်ပေါ်စေသည်။

ပြောင်းစေ့များတွင် aflatoxins မှိုအဆိပ်ဖြစ်ပေါ်စေနိုင်သော အခြေအနေများ
- လုံလောက်စွာမခြောက်သွေ့ခြင်း
- ညံဖျင်းသော အခွံခွာ၊ ချွေလှေ့ခြင်းနည်းလမ်းများကြောင့် ရုပ်ပိုင်းဆိုင်ရာ ထိခိုက်ခြင်း
- ညံဖျင်းသော သိုလှောင်ခြင်းနည်းလမ်းများ(အစိုဓာတ်အခြေအနေနှင့် ထိတွေ့ခြင်း)
- အင်းဆက်ဖျက်ပိုးကျရောက်ခြင်း

Aflatoxins သည် သာမန်မျက်စိဖြင့် မမြင်နိုင်ပါ။ သံသယဖြစ်နိုင်သော အရာများမှာ
- ပုပ်ခြင်း
- မှိုတက်ခြင်း
- အရောင်ပြောင်းခြင်း
- မနှစ်မြို့သောအနှံ့အသက်ရှိခြင်း
- ခါးသောအရသာရှိခြင်း
- ညံဖျင်းသော ကြိတ်ခွဲမှု အရည်အသွေးရှိခြင်း
- အခန်းအပူချိန်ထက် ပူနွေးခြင်း

မှိုကြောင့် ဆုံးရှုံးမှု
- အလေးချိန်ဆုံးရှုံးခြင်း
- အရည်အသွေး ဆုံးရှုံးခြင်း(အနံ့၊ အရသာ၊ အရောင်၊ အဟာရတန်ဖိုး၊ အပင်ပေါက်နှုန်း)
- အပူချိန် စိုထိုင်းဆ တိုးခြင်းတို့ကြောင့် အစေ့ပျက်ဆီးမှုများလာခြင်း

ဖိတ်စင်ခြင်း
ညစ်ညမ်းမှုသည် မှိုရောဂါကျရောက်မှုကို ဖြစ်စေသည်။ ဖိတ်စင်မှုသည် အစိုဓာတ်နှင့် ထိတွေ့ပါက ပိုမိုဆိုးရွား လာပါလိမ့်မည်။ ဖိတ်စင်ခြင်းကြောင့် ဆုံးရှုံးမှုသည် ပြောင်းဖူးကို တုတ်ဖြင့် ရိုက်ခြင်းဖြင့်ပြုလုပ်သော အခွံခွာစဉ် အတွင်း အဖြစ်အများဆုံး ဖြစ်သည်။

Royal Thazin
20.11.17


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်