ငရုတ်သီးတင်ပို့ရောင်းချရာတွင် ကြီးမားသည့်အခက်အခဲမရှိဘဲ အရည်အသွေးပေါ်မူတည်၍ အရောင်းအဝယ်ပြုလုပ်နေကြ

12/01/2021 10:45 AM တွင် ဒေါ်နန်းထက်ထက်ချစ် ဒေါ်နန်းထက်ထက်ချစ် မှ ရေးသား

    ဈေးကွက်တင်ပို့ရောင်းချရာတွင် ကြီးမားသည့်အခက်အခဲမရှိဘဲ အရည်အသွေးပေါ်မူတည်၍သာ အရောင်းအဝယ်ပြုလုပ်နေကြခြင်းဖြစ်ကြောင်း ငရုတ်သီးကိုယ်တိုင်စိုက်ပျိုးထုတ်လုပ်သူများက ပြောသည်။

ငရုတ်သီးနှံကို စီးပွားဖြစ် ၂၀၁၀ ခုနှစ်က စစိုက်လာတာပါ။ ငရုတ်က ဈေးကွက်တင်ပို့ရောင်းချရာမှာတော့ အခက်အခဲမရှိပါဘူး။ ငရုတ်အမှည့်၊ ငရုတ်အစို ရောင်းချမှုလုပ်ရင်တော့ မနက်ပိုင်းကနေ စခူးဆွတ်ပြီး ညနေ (၄) နာရီအရောက် ပွဲရုံသွားရောင်းရပါတယ်။ ညသိပ်ပြီးရင် ငရုတ်အညှာညိုးမှုဖြစ်ရင်/အပူလောင်ရင်တော့ ရောင်းချလို့မရတော့ပါဘူး။ ဒီအချက်ကပဲ အခက်အခဲဖြစ်စေတာပါ။

ဟု မန္တလေးတိုင်းဒေသကြီး၊ မြစ်သားမြို့နယ်၊ ရွာခိုင်ကြီးကျေးရွာအုပ်စု၊ ရွာခိုင်ကြီးကျေးရွာမှ ငရုတ်သီးစီးပွားဖြစ် စိုက်ပျိုးသူ ကိုမြင့်ထွန်းဦးက ပြောသည်။

    မြန်မာနိုင်ငံတွင် ငရုတ်သီးနှံကို ငရုတ်သီးအစိမ်း၊ ငရုတ်သီးအမှည့်အစို၊ ငရုတ်သီးအခြောက် ဟူ၍ ဈေးကွက် (၃) မျိုးရှိပြီး ပြည်တွင်းစားသုံးမှုသာမက ပြည်ပတင်ပို့မှုများပါ ပြုလုပ်နေကြသည်။

ငရုတ်သီးဟာ ပြည်တွင်းစားသုံးမှုတင်မကဘဲ ပြည်ပဝယ်လိုအားလည်း များပါတယ်။ ပြည်ပကို ငရုတ်သီးအစိမ်း/အမှည့်အစို/ငရုတ်ခြောက် (၃) မျိုးလုံးရောင်းချကြပါတယ်။ ပြည်ပနိုင်ငံတွေက တရုတ်နိုင်ငံ၊ ထိုင်းနိုင်ငံ၊ မလေးရှားနိုင်ငံနဲ့ ကိုရီးယားနိုင်ငံတွေအထိ တင်ပို့ကြတယ်လို့ သိရပါတယ်။ လက်ရှိဈေးကွက်မှာ 692 ငရုတ်သီးအမှည့်အစို တစ်ပိဿာ ရှယ်စ (၈,၀၀၀) ကျပ်ဝန်းကျင်နဲ့ ပုံမှန်စ (၄,၅၀၀) ကျပ် ရှိပါတယ်။ ငရုတ်ခြောက် တစ်ပိဿာ (၅,၅၀၀/၅,၈၀၀) (အညှာချွေ) ကျောက်ဆည် ရွှေထနောင်းပွဲရုံပေါက်ဈေးပါ။

ဟု ငရုတ်စိုက်တောင်သူ ကိုမြင့်ထွန်းဦးက ဆက်လက်ပြောသည်။

    ငရုတ်သီးစိုက်ပျိုးထုတ်လုပ်ရာတွင် တစ်ဧကမျိုးဖိုး၊ သွင်းအားစုစရိတ်၊ အလုပ်သမားခ စုစုပေါင်း ပျမ်းမျှ (၁၅) သိန်းဝန်းကျင် ကုန်ကျကြောင်း သိရသည်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန်မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်