ကရင်ပြည်နယ်မှာ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်း လုပ်ဆောင်သွားမှာဖြစ်ကြောင်း ကရင်ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာနမှ သိရပါတယ်။
ကရင်ပြည်နယ်မှ ဒေသခံတောင်သူများအတွက် သွင်းအားစု ပံ့ပိုးကူညီရေးကိုရည်ရွယ်ကာ စီမံကိန်းဖော်ဆောင်တာဖြစ်တယ်လို့ ကရင်ပြည်နယ် စိုက်ပျိုးရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ပြောပါတယ်။
“စီမံကိန်းထဲမှာ စမ်းသပ်ကွင်းတွေ လုပ်ဆောင်သွားမှာပါ။ နည်းပညာပေးသင်တန်းတွေ လုပ်ပေးသွားမယ်။ စီးပွားရေးဆိုင်ရာ အချက်အလက်တွေ ဆောင်ရွက်ပေးသွားပါမယ်။ ဒေသခံတောင်သူတွေရဲ့ စိုက်ပျိုးဖွံ့ဖြိုးတိုးတက်အောင် ကူညီဆောင်ရွက်ပေးဖို့ စီမံကိန်းကိုဖော်ဆောင် သွားမှာဖြစ်ပါတယ်”
ကုန်းမြင့်ဒေသ စိုက်ပျိုးရေးသွင်းအားစုများနှင့် လယ်ယာဝန်ဆောင်မှုများ ဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းကို စိုက်ပျိုးရေးဦးစီးဌာနနှင့် IFDC (International Fertilizer Development Center) တို့မှ ပူးပေါင်းဆောင်ရွက်သွားမှာဖြစ်ကြောင်း သိရပါတယ်။
အဆိုပါစီမံကိန်းကို ကရင်ပြည်နယ် ဘားအံ့မြို့နယ် ၊ ကော့ကရိတ်မြို့နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်များ နဲ့အခြားဒေသများမှာ ၂၀၁၉ ခုနှစ် ဇန်နဝါရီမှ ၂၀၂၀ ခုနှစ် ဇွန်လထိ စီမံကိန်းကာလ (၁၈) လကြာ ဆောင်ရွက်သွားမှာဖြစ်ကြောင်းသိရပါတယ်။
တိုးတိုးခိုင်(ABM)
မာလာမြိုင် ကုမ္ပဏီ
ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။
မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။
ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။
စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။
ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။
အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။
ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။
သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။
ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more
Facebook Page သို့သွားရန်