အကျိုးကျေးဇူးများတဲ့ ပန်းသီးရှာလကာရည်
ပန်းသီးရှာလကာရည်က ပြုလုပ်ရတာလွယ်ကူသလောက် အကျိုးကျေးဇူးများစွာရှိတာကို တွေ့ရပါတယ်။ ပန်းသီးရှာလကာရည်ကို အပြင်မှာ ဈေးကြီးပေးဝယ်နေစရာမလိုပဲ အိမ်မှာ ကိုယ်တိုင်လုပ်နိုင်အောင် လုပ်နည်လေး တင်ပေးလိုက်ပါတယ်။ ပထမဦးစွာ ပန်းသီးရှာလကာရည်ရဲ့ အသုံး ဝင်မှုများစွာကို ပြောပြပေးမယ်နော်။
• ဟင်းသီးဟင်းရွက် သစ်သီးဝလံတွေကို ပန်းသီးရှာလကာရည်နဲ့ ဆေးခြင်းဖြင့် ဓာတုဆေးအကြွင်းအကျန်တွေကို ဖယ်ရှားပေးနိုင်ပါတယ်။ ထို့ပြင် အစားအစာပေါ်မှာရှိတဲ့ ဘက်တီးရီးယားတွေကို သေစေနိုင်ပါတယ်။
• ပေါင်းပင်ကို ရေမရောထားတဲ့ ပန်းသီးရှာလကာရည်နဲ့လောင်းကာ ကိုယ်တိုင်လုပ် ပေါင်းသတ်ဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ ပန်းသီးရှာလကာရည်ကို ဆပ်ပြာနှင့် သံပုယိုရည်ရောခြင်းဖြင့် ပိုအားကောင်းတဲ့ ပေါင်းသတ်ဆေးကို ရရှိစေနိုင်ပါတယ်။
• အင်းဆက်ပိုးမွှား ထောင်ချောက်အနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည်ထဲသို့ ပန်းကန်ဆေးဆပ်ပြာ အနည်းငယ်ထည့်၍ ပြုလုပ်နိုင်ပါတယ်။)
• ကင်ဆာဆဲလ်တွေကို သတ်နိုင်တဲ့အတွက် ကင်ဆာရောဂါဖြစ်နိုင်ချေကို လျော့နည်းစေတယ်။
• အစားအစာတွေကို ပိုမိုကြာရှည်ခံအောင် ပြုလုပ်ရာမှာလည်း အသုံးပြုတယ်။
• ပန်းသီးရှာလကာရည်က သွေးတွင်း သကြားဓာတ်မြင့်တက်မှုကို ကျဆင်းစေတယ်။
• ပန်းသီးရှာလကာရည်ကို စားသုံးပေးခြင်းဖြင့် ဗိုက်ပြည့်တဲ့ခံစားချက်ကို ခံစားရစေကာ ဗိုက်အဆီနှင့် ကိုယ်အလေးချိန်ကို ကျဆင်းစေနိုင်တယ်လို့လည်း သိရပါတယ်။
• ရေနဲ့ရောပြီးတော့ အနံ့အသက်ပျောက်တဲ့ ဖြန်းဆေးအနေနဲ့လည်း အသုံးပြုနိုင်ပါတယ်။
• ရေနဲ့ရောပြီး ပလုတ်ကျင်းပေးခြင်းဖြင့် လည်ချောင်းနာရောဂါကို သက်သာစေနိုင်ပါတယ်။
• အရေပြားပြဿနာတွေ ကုသဖို့ရန်နဲ့ အိုမင်းရင့်ရော်မှုကို ကာကွယ်ဖို့ရန်အတွက် ပန်းသီးရှာလကာရည်ကို toner (အလှကုန်ပစ္စည်းတစ်မျိုး) အနေနဲ့အသုံးပြုနိုင်တယ်။ (ပြုလုပ်ဖို့ရန် ပန်းသီးရှာလကာရည်တစ်ဆကို ရေနှစ်ဆနဲ့ရောပြီး ဝါကွင်းဖတ်လေးနဲတို့ပြီး အသုံးပြုနိုင်ပါတယ်။ အထိအခိုက်မခံတဲ့ အသားအရည်မျိုးဆိုရင်တော့ ပျင်းအားပျော့သွားအောင် ရေကို ပိုထည့်ပြီး အသုံးပြုနိုင်ပါတယ်။)
• ဆံသားတွေ တောက်ပြောင်လှပဖို့အတွက်လဲ အသုံးပြုနိုင်ပါတယ်။ (ပန်းသီးရှာလကာရည် အနည်းငယ်ကို ရေနဲ့ရောပြီး ခေါင်းပေါ်သို့လောင်းကာ မိနစ်အနည်းငယ်ထားပြီးနောက် ရေပြန်ဆေးချခြင်းဖြင့် တောက်ပတဲ့ဆံနွယ်လေးကို ပိုင်ဆိုင်နိုင်ပါတယ်။)
ပန်းသီးရှာလကာရည်ပြုလုပ်နည်း
• ပန်းသီးနှစ်လုံးကို ရေဆေးသန့်စင်ပြီး အစိပ်လေးတွေစိပ်ထားပါ။ အခွံနွာစရာမလိုပါ။
• ဇလုံတစ်ခုထဲသို့ ဆား လက်ဖက်ရည်ဇွန်း(၁)ဇွန်းကို ရေဖြင့်ဖျော်ကာ ထိုရေထဲသို့ ပန်းသီးအစိတ်လေးတွေကို (၅) မိနစ်ခန့်စိမ်ထားပါ။ ထို့နောက် ပန်းသီးအစိတ်လေးတွေကို ဆားရေပြောင်တဲ့အထိ ရေပြန်ဆေးချပါ။
• အဝကျယ်ပုလင်းထဲသို့ ပန်းသီးစိတ်တွေကိုထည့်ပြီး သကြား လက်ဖက်ရည်ဇွန်း (၉) ဇွန်း ထည့်ပါ။ ပန်းသီးစိတ်တစ်လွှာ သကြားတစ်လွှာ ထည့်ပေးလျှင် ပိုကောင်းပါသည်။
• ပန်းသီးစိတ်ထည့်ထားသော ပုလင်းထဲသို့ ရှာလကာရည်အဖြူကို လက်ဖက်ရည်ဇွန်း (၂) ဇွန်းထည့်ပေးပါ။
• ထိုပုလင်းထဲသို့ ရေကို ပန်းသီးစိတ်တွေမြုပ်တဲ့အထိ ထည့်ပေးပါ။ ထို့နောက် ပုလင်းဝကို အဝတ်စထူထူဖြင့် ပိတ်ပြီး ကြိုးဖြင့်စည်းနှောင်၍ နွေးပြီးမှောင်သောနေရာတွင် ပုလင်းကို (၂)ပတ်ကြာ သိမ်းဆည်းထားပါ။
• (၂) ပတ် ပြည့်သောအခါ အမြှုပ်ထနေသော ပန်းသီးစိတ်တွေကိုဖယ်၊ အရည်သီးသန့် စစ်ယူပြီး အခြားပုလင်းထဲသို့်ထည့်ကာ အဝတ်စထူထူဖြင့် အရင်လိုပြန်ပိတ်ပြီး နောက်ထပ် (၄) ပတ်မှ (၆) ပတ်ထိ ပြန်လည်သိမ်းဆည်းရပါမယ်။ ပြီးလျှင်တော့ လိုသလိုအသုံးပြုလို့ရတဲ့ ပန်းသီးရှာလကာရည်စစ်စစ်ကို ရရှိပြီဖြစ်ပါတယ်။
ဝတ်မှုံသင်း
Ref: https://www.healthline.com/nutrition/apple-cider-vinegar-uses#section1
အမည်မသိ
လွန်ခဲ့သော ၄ နှစ် ကရှာဘကာရည်အဖြူဘယလိုလုပ်ရလဲရှင်းပြပေးပါရှင့်
kyaw min
လွန်ခဲ့သော ၅ နှစ် ကထရိုင်ကိုဒါးမားလေးရောတင်ပေးပါလား
အကြောင်းအရာ ပံ့ပိုးသူ
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
ဆက်စပ်မေးခွန်းများ
မိုးစပါး စဉ့်သုခ တင်း100ကို ပေါက်ဈေးဘယ်လောက်ရှိလဲ ဧရာဝတီတိုင်း ကျောင်းကုန်းပါ
ဦးစောမောင်ဌေး • ဖြေကြားချက် 1 ခု
ရခိုင်ပြည်ထဲက ကွမ်းစိုက်ပျိုး ရောင်းဝယ်နေကြတဲ့ ညီကိုတွေနဲ့ဆက်သွယ်ချင်ပါတယ်
Bonaparte Kyawhtay • ဖြေကြားချက် 1 ခု
အိမ်တွင်းဖြစ်ဘိုကာရှီသုံးနည်းကိုရှင်းပြပေးပါ
မောင်ရဲသူအောင် • ဖြေကြားချက် 1 ခု
ဆရာတို့ခင်ဗျာကျွန်တော့်မိုးနေကြာမှာပုံပါအတိုင်းစာကလေးနဲ့ဇွန်းမြီးချေငှက်များလွန်ုစွာမှဖျက်ဆီးနေပါသည်ခင်ဗျာဘယ်လိုများကာကွယ်ရမလဲအကြံပေးကြပါအုံးခင်ဗျာ
ဦးဝင်းဇော် • ဖြေကြားချက် 1 ခု
သဘော်သီး အစေး မြန်မာပြည်မှာဈေးကွက်ရှိလား။
ဦးလာလ်နောန် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ဗီဒီယို
မတ်ပဲမျိုးစေ့ကို ထုံးဘာလို့ လူးကြတာလဲ
08/09/2026
စိုက်ပျိုးရေးဆိုင်ရာ ရေထုတ်နည်းပညာ
08/09/2026
အသားဈေးရဲ့ ၂ ဆ နီးပါးဖြစ်နေတဲ့ ငါးခြောက်ဈေးကွက်
08/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
မုတ်သုံမြောင်တန်း လျှောဆင်းလာမှုကြောင့် သက်ရောက်နိုင်မည့် မိုးလေဝသအခြေအနေများ
07/09/2026
More from ဝတ်မှုံသင်း
အားလုံး
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....