မှည့်ဆေး၊ တို့ဆေး မသုံးရေး ဝိုင်းဝန်းကူညီ ဆောင်ရွက်ပေး

03/04/2018 16:31 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။
အဆင့်အတန်းခွဲခြားသတ်မှတ်ခြင်း
 
အတန်းဝင် သရက်သီးများသည် အရည်အသွေးအကောင်းဆုံး ဖြစ်သည်။ သရက်အမျိုးအစားအလိုက် ရှိရမည့် ဂုဏ်သတ္တိများနှင့် ပြည့်စုံမှုရှိရမည်။ အပြစ်အနာအဆာ ကင်းရမည်။ ချို့ယွင်းချက်အနေဖြင့် အပေါ်ယံမျှသာ ဖြစ်သော အလွန်သေးငယ်သော အနာအဆာများ ရှိနိုင်သည်။ ယင်းတို့သည် အသီး၏ ယေဘုယျသွင်ပြင်၊ လက္ခဏာ၊ အရည်အသွေး၊ ကြာရှည်ခံအရည်အသွေးနှင့် ထုပ်ပိုးမှုအတွင်းတည်ရှိနေမှုတို့အပေါ် ထိခိုက်မှု မရှိစေရန် စီမံဆောင်ရွက် ထားရှိရမည်။ သရက်သီးများကို အောက်ပါအတိုင်း အတန်းအစား ၂ မျိုး ခွဲခြားသတ်မှတ်ထားရှိသည်။
 
အထူးအတန်းအစား (၁) 
 
တန်းဝင်သရက်သီးများသည် ကောင်းသော အရည်အသွေးရှိရမည်။ သရက်အမျိုးအစားအလိုက် ရှိရမည့် ဂုဏ်သတ္တိများနှင့် ပြည့်စုံရမည်။ သရက်အမျိုးအစားအလိုက်ရှိရမည့် ဂုဏ်သတ္တိ များနှင့် ပြည့်စုံရမည်။ အပြစ်အနာအဆာ အနည်းငယ် ခွင့်ပြုနိုင်ဖွယ် ရှိသော်ငြားလည်း အသီး၏ ယေဘုယျသွင်ပြင် လက္ခဏာ အရည်အသွေး ကြာရှည်ခံ အရည်အသွေးနှင့် ထုပ်ပိုးမှုအတွင်း တည်ရှိမှုတို့အပေါ် ထိခိုက်မှု မရှိစေရန် စီမံဆောင်ရွက်ထားရှိရမည်။
 
အတန်းအစား (၂)
 
သရက်သီးများသည် မြင့်သော အဆင့်အတန်းတွင် ပါဝင်ခြင်းမရှိသည့် အသီးများဖြစ်သော်လည်း အထူးအတန်းစား(၁)ပါ သတ်မှတ်ထားသည့် အနိမ့်ဆုံးရှိရမည့် လိုအပ်ချက်များနှင့်မူ ကိုက်ညီမှုရှိရပါမည်။ မရှိမဖြစ်ရှိရမည်ဖြစ်သော ဂုဏ်သတ္တိများ အရည်အသွေး။ ကြာရှည်ခံအရည်အသွေးနှင့် မျက်မြင်တည်ရှိနေမှု စသော ဂုဏ်သတ္တိများ ရှိစေရန် စီမံဆောင်ရွက်ထားရှိရမည်။
 
အထင်အရှားရှိသင့်သည့်သတ်မှတ်ချက်
 
ထုပ်ပိုးမှု တစ်ခုအတွင်း ပါရှိသော ပစ္စည်းများသည် တစ်ပြေးညီ ဖြစ်ရမည်။ ပါရှိသည့် သရက်သီးများသည် ပင်ရင်းဒေသတစ်ခုတည်းဖြစ်ခြင်း အမျိုးအစား အရည်အသွေးနှင့် အရွယ်ပမာဏတူသည့် သရက်သီးများဖြစ်ရမည်။
 
ထုပ်ပိုးခြင်း
 
ထုပ်ပိုးခြင်းတွင် အောက်ပါ အချက်များ ဆောင်ရွက်သင့်သည်-
- စနစ်တကျ ကာကွယ်ပေးနိုင်သော နည်းလမ်းများဖြင့် ထုပ်ပိုးခြင်း။
- အသုံးပြုကုန်ပစ္စည်းကို အတွင်းအပြင်ထိခိုက်ပျက်စီးမှု ဖြစ်စေခြင်းမှ ကာကွယ်ပေးနိုင်ခြင်း။
- ထိုသို့ အသုံးပြုသော စက္ကူ (သို့) ကုန်သွယ်မှုဆိုင်ရာ အရည်အချင်းသတ်မှတ်ချက်နှင့် ဆက်စပ်မှု တံဆိပ်အမှတ်အသားများကို ခွင့်ပြုသော်လည်း တံဆိပ်ကပ်ခြင်းများတွင် အဆိပ်အတောက်မဖြစ်သည့် မှင်(သို့)ကော်သာအသုံးပြုရမည်။
- အလေးချိန်သတ်မှတ်သည့်အတွက် သရက်သီး လေလွင့်ပျက်စီးမှု လျော့နည်းလာခြင်း။
- အရည်အသွေးမြင့်မားလျက် စျေးကောင်းရရှိနိုင်ခြင်း။
- ထုပ်ပိုးမှုကောင်းလျှင် စျေးကောင်းရနိုင်ခြင်း။
သရက်သီးအား မှည့်ဆေး တို့ဆေး သုံးစွဲမှုကြောင့် ရင့်မည့်သည့် ပုံသဏ္ဍန်အသွင်ဆောင်ရာတွင် ဖြစ်ပေါ်လာမည့် အပြစ်များ
- စျေးကွက်ပျက်ခြင်း၊ ရောင်းပန်းမလှခြင်း။
- မူလ အရည်အသွေးကောင်းများ မရရှိနိုင်တော့ခြင်း။
- အချိုဓာတ် မဝင်နိုင်တော့ခြင်း၊ အချဉ်ဓာတ်တိုးခြင်း။
- ကြာရှည်အထားမခံခြင်း၊ အသားပျော့ခြင်း။
- ဆေးတို့သည့်နေရာများတွင် မည်း၍ ရှုံ့တွလာခြင်း။ ပုပ်လာခြင်း။
- ဆေးတို့ခြင်းအား လိုအပ်သည့် ထက်ပိုမို သုံးစွဲပါက ဝမ်းလျောရောဂါဖြစ်ပွားခြင်း။
- အရသာမရှိခြင်း။
 
စိုက်ပျိုးထွက်ရှိလာသော သရက်သီးများစားသုံးသူထံ လတ်ဆတ်သော အသီးများ ရောင်းချနိုင်ရန် စျေးကောင်းရရှိနိုင်ရန်အတွက် ရင့်မှည့်ချိန်မှသာ ခူးဆွတ်ခြင်း၊ ပြင်ဆင်ခြင်း၊ ထုပ်ပိုးခြင်းများ ပြုလုပ်ရာတွင် အရည်အသွေး မထိခိုက်စေရန် စနစ်တကျ ဆောင်ရွက်ရန် လိုအပ်ပါသည်။ 
အရည်အသွေးဆိုင်ရာ သိမှတ်ဖွယ်ရာများ
- ချို့ယွင်းမှုမရှိသော အသီးဖြစ်ရမည်။ 
- စားသုံးရန် မသင့်တော်သော ပုပ်ဆွေးခြင်း။ ယိုယွင်းခြင်းများရှိသော အသီးမပါစေရ။
- သန့်ရှင်းရမည်။
- ပိုးမွှားကြောင့် ပျက်စီးမှုများမှ လက်တွေ့အားဖြင့် ကင်းလွတ်မှုရှိရမည်။
- ထူးခြားသော ပြင်ပ အစိုဓာတ် ကင်းလွတ်ရမည်။
- အခြားအနံ့များ ကင်းလွတ်ရမည်။
- တင်းမာမှုရှိရမည်။
- အသွင်သဏ္ဍာန်အရ လတ်ဆတ်မှုရှိရမည်။
- နိမ့်သော အပူချိန် ကြောင့်ဖြစ်သော ပျက်စီးယိုယွင်းမှုမှ ကင်းလွတ်ရမည်။
- အနက်ရောင်စွန်းထင်းမှုများသို့ အစင်းကြောင်းများ မရှိစေရ။
- အညှာတံပါရှိပါက ၁ စင်တီမီတာထက် မရှည်ရပါ။
Source - စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး ဝန်ကြီးဌာန
 
 
 

ဗွေဆော်ဦး ကြော်ငြာ
ရောဂါပိုးမွှားတွေ ဝင်မလာနိုင်ဖို့ဆို အားရှိနေမှဖြစ်မှာနော်.. ဒါက လူတွေမှာတင်မဟုတ်ပါဘူး..မွေးမြူထားတဲ့ တိရစ္ဆာန်လေးတွေမှာလည်း အလားတူပါပဲ။ ဆိုတော့ ငါး၊ ပုစွန်မွေးမြူသူတွေအတွက်လည်း.. သူတို့လေးတွေ အားရှိနေဖို့ အားဆေးလေးတွေ ကျွေးပေးဖို့ လိုပါတယ်ရှင့်။ ဒီအတွက် အခက်အခဲလေး ရှိမယ်ဆိုရင်… ‘ဗွေဆော်ဦး’ မှာရှိတဲ့ ‘Aqua Booster’ လေးက ဖြေရှင်းပေးနိုင်ပါတယ်ရှင့်။ Aqua Booster ဆိုတာ… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝ ကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်ပြီး ပုစွန်တွေရဲ့ ကျန်းမာ ရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်။ ဇီဝနည်းဖြင့် ဆွေးမြည့်ပျက်စီးပြီး ရေရှည်တည်တံ့တဲ့စွမ်းအင်မျိုးရှိတာကြောင့် ဘယ်လို ရေလုပ်ငန်း မျိုးနဲ့မဆို သင့်တော်ပြီး အမြတ်အစွန်းတိုးပွားစေနိုင်ပါတယ်။ ဘယ်လိုအကျိုးကျေးဇူးတွေ ရှိစေနိုင်လဲ… ပုစွန်များရဲ့ ကျန်းမာရေးကောင်းမွန်စေလို့ အူလမ်းကြောင်းထဲက pH ကို လျှော့ချပေးပြီး ရောဂါဖြစ်စေဘတ်တီးရီးယားများ လျော့ပါးစေ နိုင်ပြီး သဘာဝအကျိုးပြုဘက်တီးရီးယားများ တိုးပွားစေလို့ ကြီးထွားနှုန်းနှင့် ရှင်သန်နှုန်း မြင့်တက်စေခါတယ်။ ဘက်တီးရီးယားဒဏ်ကို အကောင်းဆုံးခံနိုင်ရည်ရှိစေပြီး အစာမှအသားဖြစ်စေနှုန်းနဲ့ ပရိုတင်း ချေဖျက်မှုကို မြှင့်တင်ပေးလို့ အထွက်နှုန်းကိုလည်းတိုးစေနိုင်ပါတယ်။ (ပဋိဇီဝဆေး မဟုတ်လို့ နောက်ဆက်တွဲပြဿနာများလည်းမရှိသောကြောင့် ထုတ်ကုန်တန်ဖိုးလျော့ကျစေမဲ့ ဓာတ်ကြွင်းအာနိသင်များမရှိပါ။) ကဲ...ဘာစဉ်းစားနေဦးမလဲ...ကိုယ့်ရဲ့ ငါး၊ ပုစွန်လေးတွေကို ‘ Aqua Booster’ နဲ့ အားတွေ မြှင့်ပေးလိုက်တော့လေ...။
Read more မှာယူရန် နှိပ်ပါ

ဆွေးနွေးချက်များ

ဆွေးနွေးရန်