ဒီရေတောနှင့်ပတ်သက်၍ အခြေခံမှ စတင်ကာ အသေးစိတ်လေ့လာနိုင်မည့် ဝက်ဘ်ဆိုက်

14/03/2024 11:00 AM တွင် Worldview International Foundation - WIF Worldview International Foundation - WIF မှ ရေးသား ပြီး Worldview International Foundation Worldview International Foundation မှ ပေးပို့ထားပါသည်။

Worldview International Foundation's (WIF) ၏ အဓိကဆောင်ရွက်ချက်မှာ ဒီရေတောများထိန်းသိမ်းခြင်း၊ ပြန်လည်ထူထောင်ခြင်းနှင့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ဆောင်ရွက်ခြင်းဖြစ်ပင်ဖြစ်ပါသည်။ ဒီရေတောများသည် မျိုးစိတ်အပေါ်မူတည်၍ ပေါက်ရောက်ရာဒေသချင်းလည်းကွာခြားပါလိမ့်မည်။ ယေဘုယျအားဖြင့် ပင်လယ်နှင့်ကုန်းမြေကြား ဒီရေအတက်အကျရှိသောနေရာတွင် ဒီရေတောများပေါက်ရောက်တတ်ပြီး တစ်နေ့လျှင် နှစ်ကြိမ်ခန့် ဒီရေနှင့်အထိအတွေ့ရှိမည်ဖြစ်ပါသည်။ ပင်လယ်ပြင်မှ သန့်စင် လန်းဆန်းသောရေများကိုရရှိကာ အပင်ကြီးထွားစေပြီး အချို့ဒီရေတောမျိုးစိတ်မှာ သူတို့၏ အောက်ဆီဂျင်လိုအပ်ချက်အတွက် မြေပြင်သို့ လေရှုမြစ်များတစ်စတစ်စပြူထွက်ကာ အားအင်ယူတတ်ပါသေး သည်။ 

ဒီရေတောနှင့်ပတ်သက်၍ သတင်းအချက်အလက်များကို အင်တာနက်မှတစ်ဆင့်ရှာဖွေစုဆောင်းနိုင်ရန် ရင်းမြစ်အများအပြားတွေ့ရပါသည်။ WIF အနေဖြင့်လည်း ဒီရေတောအကြောင်းကို အခြေခံမှသည် အသေးစိတ်အထိ လေ့လာသိရှိနိုင်ရန် ဒီရေတောအွန်လိုင်းတက္ကသိုလ်အမည်ရှိ ဝက်ဘ်ဆိုက်တစ်ခုကို ဖန်တီးလိုက်ပါသည်။ အဆိုပါဝက်ဘ်ဆိုက် www.mangrove-virtual.university လိပ်စာမှတစ်ဆင့် အခြေခံ၊ အဆင့်မြင့် သင်ခန်းစာများကို အခမဲ့လေ့လာနိုင်မည်ဖြစ်ပါသည်။ 

WIF ၏ ဒီရေတောအွန်လိုင်းတက္ကသိုလ်ဝက်ဘ်ဆိုက်တွင် အခြေခံနှင့် အဆင့်မြင့်ဟူ၍ သင်တန်းနှစ်ရပ်ရှိမည်ဖြစ်ပြီး လက်ရှိတွင် အခြေခံအဆင့်သင်တန်းကိုဝင်ရောက်လေ့လာနိုင်ပြီဖြစ်ပါသည်။ 

ဤသင်တန်းကိုလေ့လာသင့်သူများ

ဒီရေတောစိုက်ပျိုးခြင်းကိုစိတ်ဝင်စားပြီး ဒီရေတောစိုက်ပျိုးခြင်း၊ ပြန်လည်ထူထောင်ခြင်းများတွင် အတွေ့အကြုံလိုအပ်နေသူများအတွက် ရည်ရွယ်ပါသည်။ ကျွန်ုပ်တို့အနေဖြင့် ပြည်တွင်းရှိအစိုးရ မဟုတ်သောအဖွဲ့အစည်းများ၊ ကျောင်းဆရာ၊ သင်တန်းသူ၊ သင်တန်းသား၊ ပြည်တွင်း အဖွဲ့အစည်းများ နှင့် အခြားစိတ်ပါဝင်စားသူများအား လေ့လာနိုင်ပါရန် ဖိတ်ခေါ်အပ်ပါသည်။

အခြေခံအဆင့်

ဤသင်တန်းကို ထိခိုက်လွယ်သော ကမ်းရိုးတန်းဒေသခံများအကျိုးအတွက် ဖန်တီးထားခြင်းဖြစ်ပါသည်။ ဒီရေတောများသည် ပင်လယ်ရေမြင့်တက်လာမှုကြောင့် ဖြစ်ပေါ်လာသောနောက်ဆက်တွဲဆိုးကျိုးများကို ကာကွယ်နိုင်ရန်အရေးကြီးသော အခန်းကဏ္ဍမှပါဝင်လျက်ရှိပါသည်။ အဆိုပါ ဒီရေတောများသည် ဆိုင်ကလုန်းမုန်တိုင်းများနှင့် အခြားပြင်းထန်သော ရာသီဥတုဒဏ်မှလည်း အသက်နှင့် ပိုင်ဆိုင်မှုများကို ကာကွယ်ပေးပါသည်။

ထို့အပြင်၎င်းသည် ကုန်းနေသစ်ပင်များထက် ကာဗွန်ဒိုင်အောက်ဆိုက် ဓာတ်ငွေ့ ငါးဆအထိ လျှော့ချပေးသည်။ ထို့ကြောင့် ဒီရေတောများသည် ရပ်ရွာအကျိုးအတွက်ကာကွယ်ပေးမည့် စံပြ ဖြေရှင်းချက်တစ်ခုပင်ဖြစ်ပါသည်။ ထိုသင်ခန်းစာများကို လေ့လာခြင်းအားဖြင့် လူကြီးမင်း၏တန်ဖိုးရှိသော စီမံကိန်းများအကောင်အထည်ဖော်ရာတွင် အောင်အောင်မြင်မြင်စွမ်းဆောင်နိုင်အောင် အထောက်အပံ့ကောင်းများပေးစွမ်း နိုင်မည်ဖြစ်ပါသည်။

အဆင်မြင့် (လက်တွေ့စိုက်ပျိုးမည့်သူများ)

အကြီးစား ဒီရေတောများ ပြန်လည်ထူထောင်ရေးနှင့် ပြန်လည်ထူထောင်ရေး ပရောဂျက်များအတွက် လိုအပ်သော လမ်းညွှန်ချက်များအားလုံးကို ယခုဝက်ဘ်ဆိုက်မှတစ်ဆင့်သင်တန်းများ ပို့ချပေးမည်ဖြစ်ပါသည်။ အသိအမှတ်ပြုနေရာမှကာဗွန်ခရက်ဒစ်များရယူရန် လုပ်ထုံးလုပ်နည်းများနှင့် နည်းစနစ်များကို လည်းမျှဝေမည်ဖြစ်သည်။ ကျွန်ုပ်တို့၏ဆယ်နှစ်တာစီမံကိန်းအကောင်အထည်ဖော်မှု အပေါ်အခြေခံ၍ လိုအပ်ချက်ရှိသောအသိုင်းအဝိုင်းများကိုအကျိုးရှိစေရန် ကမ်းရိုးတန်းပတ်ဝန်းကျင်၊ ၎င်း၏ဇီဝမျိုးကွဲများနှင့် အသက်မွေးဝမ်းကျောင်းလုပ်ငန်းများကို မည်သို့အကောင်အထည်ဖော်ရမည်ကို မျှဝေမည်ဖြစ်ပါသည်။

သင်ယူမှုပုံစံ

သင်တန်းတွင် ရိုးရှင်းသောသင်ခန်းစာ ၄၆ ပါဝင်သော မော်ဂျုး ၉ ခု ပါဝင်သည်။ ဖတ်ရှုရန် ဆောင်းပါးများ၊ ကြည့်ရှုရန် ဗီဒီယိုများ၊ ရေးရန် မှတ်စုများ၊ ပါဝင်ရန် ဆွေးနွေးခန်းတစ်ခုနှင့် ဉာဏ်စမ်းမေးခွန်းများကို ဖြတ်ကျော်ရမည်ဖြစ်သည်။ သင်ယူသူများအနေဖြင့် လွတ်လပ်စွာ လေ့လာနိုင်သော်လည်း ဆွေးနွေးမှုများတွင် ပါဝင်ခြင်းဖြင့် ပိုမိုကောင်းမွန်သောရလာဒ်များ ရရှိနိုင်မည်ဖြစ်ပါသည်။

www.mangrove-virtual.university သို့ဝင်ရောက်ကာ မှတ်ပုံတင်ရန်၊ ဝင်ရောက်မည် (Log in) ဆိုသောနေရာသို့သွားရောက်ကာ သင်တန်းတက်ရန်ကို နှိပ်၍ စတင်လေ့လာနိုင်မည်ဖြစ်ပါသည်။ 

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


မာလာမြိုင် ကုမ္ပဏီ ကြော်ငြာ
ဦးကြီးတို့ရဲ့ မြေကြီးက ရွှေသီးဖို့ပဲ ဖြစ်သင့်တာပေါ့။ ဒါပေမဲ့ စပါးခင်းထဲ ရွှေခရုရောက်လာပြီဆိုရင်တော့ မြေကြီးက ရွှေသီးဖို့ကို အနှောင့်အယှက် ကောင်းကောင်းကြီးပေးပါလိမ့်မယ်။ မြန်မာ့မျိုးရင်းခရုမဟုတ်တဲ့ တောင်အမေရိကမျိုးစိတ်ဖြစ်ပြီး မြန်မာနိုင်ငံကို ကျူးကျော်လာတဲ့ မျိုးစိတ်ဖြစ်တာကြောင့် အကောင်ပွားနှုန်းကလည်း အဆမတန် မြင့်တက်လာပါတယ်။ ခရုအမ တစ်ကောင်က တစ်ခါ ဥ မယ်ဆိုရင် ဥအရေအတွက် ၁၀၀ ကနေ ၁၀၀၀ အထိ အတွဲလိုက်ဥကြပြီး တစ်နှစ်မှာ ၃ ကြိမ်အထိ မျိုးပွားနိုင်ပါတယ်။ စပါးခင်းတွေမှာ ရွှေခရုကျပြီဆိုရင် ပန်းရောင် ဥ တွေ ကို စပါးပင်တွေမှာ တွေ့ရနိုင်ပါတယ်။ ဒီရွှေခရုတွေကို ရှင်းပစ်ဖို့အတွက်ကတော့ မာလာမြိုင်ရဲ့ ခရုဘုရင် ရှိနေပါပြီ။ ခရုဘုရင်က စားသေအစွမ်းနဲ့ အဆိပ်ငွေ့အာနိသင်ရှိတာကြောင့် ရွှေခရုတွေကို အထိရောက်ဆုံး ရှင်းပေးနိုင်မှာပါ။ အစွမ်းရှိပစ္စည်းဖြစ်တဲ့ Niclosamide -olamine 83.1% WP ပါဝင်ပြီး Chloronitrophenol ဆေးအုပ်စုထဲ ပါဝင်ပါတယ်။ ရေဖျော်ဆေးမှုန့်အမျိုးအစားဖြစ်လို့ ရေ ၂၀ လီတာဝင်တဲ့ဆေးဖျန်းပုံး တစ်ပုံးမှာ ၄၀ ကနေ ၅၀ ဂရမ်အထိ အသုံးပြုနိုင်ပါတယ်။ နှုန်းထားကိုတော့ တစ်ဧကမှာ ၁၅၀ ကနေ ၂၀၀ ဂရမ်နဲ့ တွက်ချက်ပေးထားပါတယ်။ သတိပြုရမှာတော့ ဆေးဖျန်းပြီးနောက်ပိုင်း စပါးခင်းအတွင်းမှာရှိတဲ့ ရေကို ၅ စင်တီမီတာနဲ့ ၃ ရက်ထားဖို့ လိုအပ်ပါတယ်။ ဆေးဖျန်းပြီး ၅၂ ရက်ကြာမှ ရိတ်သိမ်းသင့်ပါတယ်။ ခရုဘုရင်နဲ့ဆို စပါးခင်းကို ဒုက္ခပေးတဲ့ ရွှေခရုတွေကို ရှင်းလင်းနိုင်ပြီး မြေကြီးက ရွှေသီးနိုင်ပြီပေါ့ဗျာ။
Read more Facebook Page သို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်