ယခုတစ်ပတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ
(၂၇.၈.၂၀၁၈ မှ ၃၁.၈.၂၀၁၈)ထိ
မတ်ပဲ (FAQ/RC)
မတ်ပဲဈေးကတော့ ပြီးခဲ့တဲ့အပတ်ကတည်းက တစ်ဖြေးဖြေး ဈေးပြန်တက်လာခဲ့ပါတယ်။ပြည်တွင်းဝယ်လိုအား အနည်းငယ်ရှိလာတဲ့အပြင် ငွေလဲလှယ်ဈေးနှုန်း မြင့်တက်လာခဲ့တဲ့အတွက် ပြည်ပမတ်ပဲပေါက်ဈေးက ဈေးမမြင့်တက်ခဲ့ပေမယ့် ဈေးက ပိုရလာခဲ့ပါတယ်။ သြဂုတ်လဆန်းပိုင်းကတော့ ပြည်တွင်း ငွေဈေးအနည်းငယ်မြင့်တက်လာပေမယ့် ကုန်သည်တွေက ငွေဈေးတက်တာကိုအခွင့်ကောင်းယူကာ ပေါက်ဈေးထက် လျော့ချဝယ်ယူမှုတွေ ရှိခဲ့ပါတယ်။
ဒီတစ်ပတ် ရန်ကုန်ဈေးကွက်မှာ မတ်ပဲအဟောင်း ဈေးကွက်မဖွင့်တော့ပဲ ပဲအသစ်သာ ဈေးကွက်ရှိခဲ့ပြီး တစ်တန်ကို ၄၅၀၀၀၀ ကျော်အထိ ဈေးတက်လာခဲ့ပါတယ်။ တစ်ပတ်အတွင်း တစ်တန်ကို ၄၀၀၀၀ နီးပါးဈေးတက်ခဲ့တာလည်း ဖြစ်ပါတယ်။ နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၄၀၀၀ နဲ့ ၅၀၀ ကျပ်ဈေးမြင့်တက်ခဲ့သလို ပြည်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၅၀၀၀ နဲ့ ၁၀၀၀ ကျပ်ဈေးမြင့်တက်ခဲ့ပါတယ်။နေပြည်တော်ကုန်စည်ဒိုင်မှာတော့ မတ်ပဲက တစ်တင်းကို ၁၃၃၀၀ နဲ့ဈေးငြိမ်နေခဲ့ပါတယ်။
တောင်သူတွေကတော့ ပဲဈေးအတက်ကို မျှော်လင့်နေပေမယ့် မတ်ပဲက ယခုထက်ပိုပြီး ဈေးတက်နိုင်ခြေနည်းတဲ့အတွက် အခြားဈေးရတဲ့ ပဲတွေကိုသာစိုက်ပျိုးရန် သို့မဟုတ် အရည်အသွေးကောင်းတဲ့ မတ်ပဲကိုသာ စိုက်ပျိုးရန် ကုန်သည်တွေက အကြံပြုနေပါတယ်။
ပဲစင်းငုံနီ
ပဲစင်းငုံနီကလည်း ပြီးခဲ့တဲ့အပတ်အထိ တစ်အိအိ ဈေးကျဆင်းခဲ့ပေမယ့် ဒီတစ်ပတ်မှာ တော့ ဈေးအနည်းငယ် ပြန်တက်လာခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ၂ ရက်လောက် ဈေးမဖွင့်ခဲ့ပဲ ဈေးပြန်ဖွင့်တဲ့ရက်မှာ အတက်ဈေးနဲ့ ဈေးပြန်ဖွင့်ခဲ့ပါတယ်။ ငွေဈေးမြင့်တက်မှုကြောင့်သာ ဈေးပိုရနေတာဖြစ်ပြီးတော့ ပြည်ပပေါက်ဈေးကတော့ ဈေးမတက်တာကိုတွေ့ရပါတယ်။ လက်ရှိပဲစင်းငုံနီကို အိန္ဒိယကဝယ်လိုအားလျော့ခဲ့ပေမယ့် တရုတ်ဝယ်လက်တွေကလည်း ရှိနေဆဲအနေအထား ရှိနေပါတယ်။ ဒါပေမယ့် နောက်ပိုင်းပဲဝယ်ယူမှုတွေမှာ ပိုးသတ်ဆေးပါဝင်နှုန်းကို ကြည့်လာပြီး ဝယ်ယူလာတဲ့အတွက် ဈေးကောင်းရချင်ပါက အရည်အသွေးမှီတဲ့ ပဲကိုသာ စိုက်ပျိုးဖို့ လိုအပ်နေပါတယ်။
ရန်ကုန်ဈေးကွက်မှာ ဈေးဖွင့်တဲ့ ၃ ရက်အတွင်း တစ်တန်ကို ၄၄၀၀၀၀ အထိ ဈေးတက်လာခဲ့ပြီး ၃ ရက်အတွင်း ၄၀၀၀၀ နီးပါးဈေးတက်လာပါတယ်။ လက်ရှိတစ်ပတ်အတွင်း ဈေးတက်လာခဲ့ပေမယ့် တစ်လအတွင်းမှာတော့ တစ်တန်ကို ၅၀၀၀၀ ကျော်ဈေးကျဆင်းသွားခဲ့ပါတယ်။
နယ်ကုန်စည်ဒိုင်ဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၆၀၀ ရှိပြီး တစ်တင်းကို ၁၁၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော တစ်တင်းကို ၁၃၂၀၀ ရှိပြီး တစ်တင်းကို ၈၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၁၂၀၀၀ ကျပ် နဲ့အသီးသီးဈေးတက်လာခဲ့ပါတယ်။
ပဲတီစိမ်း
ပဲတီစိမ်းကတော့ လက်ရှိမှာကုန်စည်ဒိုင်ကို အဝင်ရှိသလောက်အဝယ်ကလည်း ရှိနေတဲ့အတွက် ဈေးက အနည်းငယ်သာ အပြောင်းအလဲရှိခဲ့ပြီး အများစုကတော့ ဈေးငြိမ်နေတဲ့အခြေအနေဖြစ်ပါတယ်။ ပြည်ပဝယ်လက်ကလည်း ပုံမှန်ရှိနေတဲ့အတွက် လက်ရှိအချိန်အထိ အမြင့်ဈေးနဲ့ရှိနေခဲ့ပါတယ်။
နယ်ကုန်စည်ဒိုင်အချို့မှာတော့ ဈေးတက်နေပြီး အချို့ကုန်စည်ဒိုင်တွေမှာတော့ ဝယ်လိုအားပေါ်မူတည်နေပြီး ဈေးက ကျဆင်းနေခဲ့ပါတယ်။ ယခုတစ်ပတ် မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၆၇၅၀ ကနေ ၂၈၀၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၁၀၀၀ ကျပ်လောက်ဈေးတက်လာခဲ့သလို ပခုက္ကူကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၃၀၅၀၀ နဲ့တစ်တင်းကို ၁၀၀၀ နီးပါးဈေးတက်လာခဲ့ပါတယ်။
ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၅၀၀ ကျဆင်းခဲ့ပြီး ၂၄၅၀၀ ကျပ်၊နေပြည်တော်ကုန်စည်ဒိုင်မှာလည်း တစ်တင်းကို ၁၀၀၀ ကျပ် ကျဆင်းခဲ့ပြီး ၂၆၀၀၀ ကျပ် နဲ့အရောင်းအဝယ်ရှိနေခဲ့ပါတယ်။
ကုလားပဲ
ပြည်ပဝယ်ယူမှုတွေများလာတဲ့အပြင် ပြည်တွင်းဝယ်ယူမှုတွေကလည်း ဆက်တိုက်ရှိနေတဲ့ ကုလားပဲက လက်ရှိမှာပြီးခဲ့တဲ့ နှစ်ကဈေးကိုတောင် မှီလုမှီခင်အထိ တက်လာခဲ့ပါတယ်။ ငွေဈေးပြောင်းလဲတာကလည်း ဈေးကိုပိုတက်စေခဲ့ပါတယ်။ ကုန်စည်ဒိုင်တွေကို ကုလားပဲ အဝင်နည်းသွားပေမယ့် လက်ကျန်ပဲတွေများနေတဲ့အတွက်ကြောင့် အရောင်းအဝယ်ကတော့ ပုံမှန်အနေအထားရှိပြီး အဝင်ရှိသလောက် အဝယ်ကလည်း ရှိနေခဲ့ပါတယ်။
မုံရွာကုန်စည်ဒိုင်မှာ ကုလားပဲလုံးဝါ(သေး၊ကြီး)က တစ်တင်းကို ၂၆၅၀၀ ကနေ ၂၈၅၀၀ ပေါက်ဈေးရှိပြီး တစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ကုလားပဲလုံးဖြူ(သေး၊ကြီး)က တစ်တင်းကို ၂၇၀၀၀ကနေ ၁၈၈၀၀ ရှိပြီး တစ်တင်းကို ၂၀၀ ကျပ်ဈေးတက်လာပါတယ်။ မြင်းခြံကုန်စည်ဒိုင်မှာတော့ ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၀၀၀ ရှိပြီး တစ်တင်းကို ၉၀၀ ကျပ်၊ ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၅၂၀၀ ရှိပြိးတစ်တင်းကို ၅၀၀ ကျပ်ဈေးတက်လာပါတယ်။ ပခုက္ကူကုန်စည်ဒိုင်မှာတော့ကုလားပဲလုံးဝါကြီးက တစ်တင်းကို ၂၇၀၀၀ ရှိပြီး ၂၀၀ ကျပ်ကုလားပဲလုံးဖြူကြီးကတော့ တစ်တင်းကို ၂၅၇၀၀ ရှိပြီး တစ်တင်းကို ၆၀၀ ကျပ် ဈေးတက်လာပါတယ်။
ကြက်သွန်နီ
လအတန်ကြာဈေးငြိမ်နေခဲ့တဲ့ ကြက်သွန်နီက ဒီတစ်ပတ်မှာတော့ ရန်ကုန်ဈေးကွက်အပြင် နယ်ဈေးကွက် တွေကမှာပါ ဈေးတက်လာခဲ့ပါတယ်။ ပွဲတော်ကာလဖြစ်တဲ့အတွက်ကြောင့် ကြက်သွန်တွေ အဝယ်သွက်သလို ငွေလဲနှုန်းမြင့်တဲ့ နောက်ဆက်တွဲက အခြေခံကုန်စည်ဈေးနှုန်းတွေပါ ဈေးတက်လာခဲ့ပါတယ်
ရန်ကုန်ဈေးကွက်မှာ ကြက်သွန်နီ ဆိပ်ဖြူက တစ်ပတ်အတွင်း တစ်ပိဿာကို ၅၀ လောက်ဈေးမြင့်တက်ခဲ့ပြီး ပခုက္ကူဈေးကွက်မှာတော့ တစ်ပိဿာကို ၃၀ ကျော်ဈေးတက်ခဲ့ပါတယ်။မြင်းခြံဈေးကွက်မှာလည်း ကြက်သွန်နီ တစ်ပိဿာကို ၅၀ နီးပါး ဈေးတက်လာခဲ့ပါတယ်။
နှမ်းမျိုးစုံ
ဒီတစ်ပတ်မှာတော့ နှမ်းမျိုးစုံက မထင်မှတ်လောက်အောင် ဈေးက တက်လာခဲ့ပါတယ်။ နှမ်းလက်ကျန် နည်းနေပြီး တရုတ်နိုင်ငံအပြင် ဂျပန်နိုင်ငံ ကပါ ဝယ်ယူမှုတွေ ရှိလာတဲ့အတွက် ဈေးက တက်လာခဲ့ပါတယ်။ လာမယ့် စက်တင်ဘာလမှာ အသစ်တွေ ဝင်ရောက်လာတော့မှာ ဖြစ်ပေမယ့် ပြည်ပလိုအပ်ချက်များနေတဲ့အတွက် ဈေးက တော့ ဆက်ပြီး တက်နိုင်ခြေရှိပါတယ်။
နှမ်းနက်(စမုံ)
နှမ်းအဓိက အရောင်းအဝယ်ပြုလုပ်နေတဲ့ မန္တလေးကုန်စည်ဒိုင်မှာ နှမ်းနက်(စမုံ)က ၃ တင်းဝင် တစ်အိတ်ကို ၃ သောင်းနီးပါးဈေးတက်လာခဲ့ပြီး အမြင့်ဆုံးဈေး ၁၈၉၀၀၀ အထိ ဈေးက တက်ခဲ့ပါတယ်.
နှမ်းနက်
နှမ်းနက်ကလည်း တစ်အိတ်ကို ၁၄၀၀၀၀ အထိ အမြင့်ဆုံးဈေးတက်ခဲ့ပြီးတစ်ပတ်အတွင်း သုံးတင်းဝင် တစ်အိတ်ကို ၂၀၀၀၀ ကျော်ဈေးတက်လာပါတယ်။
နှမ်းညို
နှမ်းညိုကလည်း အဟောင်းအပြင် အသစ်ကလည်း ဈေးကွက်အတွင်း များလာတဲ့အတွက် အသစ်ကလည်း အတက်ဈေးနဲ့ ရှိနေပြီးတစ်ပတ်အတွင်း ၁၅၀၀၀ ခွဲကျော်ဈေးတက်လာပါတယ်။
နှမ်းဖြူ
နှမ်းဖြူကလည်း တစ်ပတ်အတွင်းတစ်အိတ်ကို ၁၀၀၀၀ ကျော်ဈေးတက်လာခဲ့ပြီး တစ်အိတ်ကို ၁၆၀၀၀၀ အထိ အမြင့်ဆုံးဈေးရရှိနေပါတယ်။
ဝတ်ရည်မွန်(AMIA)
နည်းပညာမိတ်ဖက်အဖွဲ့
Greenovator
ဂရင်းနိုဗေတာကုမ္ပဏီကို ၂၀၁၅ ခုနှစ်တွင် စတင်ခဲ့ပြီး ကုမ္ပဏီမှ အစိမ်းရောင်လမ်းအက်ပလီကေးရှင်းအား ထုတ်လုပ်ဖြန့်ဖြုးခဲ့ပါသည်။ စိုက်ပျိုးသူတောင်သူများ စိုက်ပျိုးရေးလုပ်ငန်းများကို စီးပွားရေးလုပ်ငန်းအဖြစ် အမြင်ပြောင်းလဲလာစေရန်အတွက် လိုအပ်သော နည်းပညာဗဟုသုတများ၊ ဈေးကွက်အချက်အလက်များနှင့် စီးပွားရေးလုပ်ငန်းများနှင့် ချိတ်ဆက်လာနိုင်စေရန် အစဉ်တစိုက် ကြိုးစားလျက်ရှိပါသည်။
နည်းပညာမိတ်ဖက်အဖွဲ့ အားလုံးဆက်စပ်မေးခွန်းများ
ဧရာပဒေသာ၄ဧကစိုက်အစေ့ချစိုက်ခင်းပါ၃၀ရက်သားမှာ၁၆ပတ်လည်ဂျစ်ပ်ဆမ်၁အိတ်ပုလဲ၁အိတ် ၄၅ရက်သားမှာ၁၅ပတ်လည်၂အိတ် ၇၀ရက်သားမှာပိုတက်၁အိတ်ပုလဲ၁အိတ်ဂျစ်ပ်ဆမ်၁အိတ် (နောက်အပတ်၈၅ရက်သားမှာပုလဲ၁အိတ်ပိုတက်၁အိတ်ဂျစ်ပ်ဆမ်၂အိတ်ထပ်ကျွေးမှာပါ)နောက်ဆုံးအပတ်ဘယ်ရက်လောက်ထပ်ကျွေးသင့်လဲခဗျာဘာမြေသြဇာကျွေးသင့်ပါသလဲခဗျအပင်နိမ့်တဲ့နေရာက၂ပေခွဲအပင်မြင့်တဲ့နေရာက၃ပေလောက်တော့ရှိပါတယ်တယ်အကြံပေးပါအုန်းခဗျ
kyaw zin • ဖြေကြားချက် 0 ခု
မြေသြဇာ ၅၀ kg အိပ်မရရင် ရွတ်ဖြန်းမြေသြဇာလေးတွေသုံးပြီး စပါးရင့်မှဲ့သည်အထိ အသုံးပြုလို့ရပသလား ဘာကြောင့်ဆို မြေသြဇာတွေအဆမတင်စျေးကြီးနေလို့ ရွတ်ဖြန်းမြေသြဇာ NPK ပါတဲ့အိပ်လေးတွေအသုံးပြုချင်ပါတယ် အဆင်ပြေမလားခမျ
လိူင်စိုး • ဖြေကြားချက် 1 ခု
ကျနော်လယ်ကွက်တွေထဲမှာစပါးမစိုက်ရသေးဘူးရွှေခရုအကောင်ငယ်းများအားကြီးတွေ့ရတယ်ဘဲကြောင်းဖို့ဘဲကမရှိကောက်ဖို့လဲမဖြစ်နိုင်။ဘယ်ဆေးဝါးသုံးသင်သလဲဗျိ့။
U Win Zaw • ဖြေကြားချက် 2 ခု
ကုသလို့ ရနိုင်ပါအုံးမလားဗျ ဘာဖြစ်တာလဲ ဘယ်လိုကုသရမလဲ နားလည်သော ပညာရှင်များ အကြံပေးပါအုံး မိုးဆက်တိုက်ရွာလို့ ဖြစ်သွားတာပါ
ကိုကျော်ဇင်ဦး • ဖြေကြားချက် 4 ခု
ဆိတ်တွေ ချေးပန်းနေလို့ ဘယ်လိုကာကွယ်ရမလဲ ဆရာတို့ ကုညီပါအုန်း ခုမှ စိုက်ပျိုးရေးနဲ့ မွေးမြူရေး စပြီလုပ်တာဖြစ်လို့ မကျွမ်းကျင်လို့ပါ🙏🙏🙏
မောင်ပေါက်ကြီး • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ကောက်ရိုးစွန့်ပစ်ပစ္စည်းများကို မီးမရှို့ဘဲ လျှပ်စစ်ဓာတ်အားအဖြစ် ပြောင်းလဲရန် ကြိုးပမ်းသူ အိန္ဒိယလူငယ်
25/09/2026
ကြက်သွန်ဈေး လက်လီ တစ်ပိဿာကို ၁၀,၀၀၀ ကျပ်အထိရှိလာ
24/09/2026
ဝူလုံသဘာဝရှုခင်းများကြားက သစ်တစ်ပင်နှင့် ဂေဟစနစ်ထိန်းသိမ်းရေးသင်ခန်းစာ
23/09/2026
ကျန်းမာရေးနှင့်ညီညွတ်သော အစာစားနည်းများ (အပိုင်း-၄)
22/09/2026
More from Green Way
အားလုံး
အသံ
ကြီးမားပြင်းထန်လှသော စူပါအယ်လ်နီညိုကြောင့် လာမည့် ဖေဖော်ဝါရီလအထိ လူပေါင်း ၄၅၀,၀၀၀ ကျော် သေဆုံးနိုင်ဖွယ်ရှိကြောင်း ခန့်မှန်း
25/09/2026
ဗီဒီယို
ကျန်းမာကောင်းမွန်သော မြေဆီလွှာရရှိရန်အတွက် ဒေသရင်း အဏုဇီဝသက်ရှိများ (IMO) ကို အသုံးချခြင်း (▶️ ဗွီဒီယို)
07/09/2026
စိုက်ချိန် ရိတ်ချိန်တွေ ဖြေဆိုရင်း ဖုန်းဘေ ကံထူးခဲ့ကြသူများ
03/09/2026
မြန်မာနိုင်ငံအထက်ပိုင်းတွင် မိုးတိမ်ထုများ ဆက်လက် ဖြစ်ထွန်းနေမည်
01/09/2026
အသံ
အစိမ်းရောင်လမ်းဆော့ဝဲအတွင်း စိုက်ပျိုးရေးသွင်းအားစုများ ကြော်ငြာခြင်းနှင့် ရောင်းချခြင်းဆိုင်ရာ အသိပေးထုတ်ပြန်ချက်
25/08/2026
Farm Link Co.,Ltd
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....