ပဲမျိုးစုံဈေးကွက်သုံးသပ်ချက်

04/10/2024 20:30 PM တွင် AMIA AMIA မှ ရေးသား

မတ်ပဲ

အရင်တပတ်ကစျေးအတက်ပြခဲ့တဲ့  မတ်ပဲက ခုတပတ်မှာ တစ်တန်ကို ၆၀၀၀၀ ကနေ ၂၀၀၀၀၀ လောက်အထိပြန်ကျဆင်းပါတယ်။  

FOB စျေးနူန်းမကျပေမယ့် အိန္ဒိယက အဝယ်အေးခြင်း၊  ပြည်တွင်းမှာလည်း မတ်ပဲလက်ကျန်နည်းပြီး ကုန်စည်ဒိုင်တွေကို မတ်ပဲအဝင်နည်းခြင်း ရန်ကုန်အဝယ်အေးတာကြောင့်စျေးပြန်ကျတာ ဖြစ်တယ်လို့သိရပါတယ်။

ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ  မတ်ပဲ (FAQ )တစ်တန်ကို ခုတပတ် တနင်္လါနေ့က ၃၉၄၅၀၀၀ ရှိပြီး အင်္ဂါနေ့က မတ်ပဲ (FAQ )တစ်တန်ကို ၃၉၀၆၀၀၀ ၊ ဗုဒ္ဓဟူးနေ့မှာ ၃၈၆၉၀၀၀ ၊ ကြာသပတေးနေ့မှာ ၃၈၄၀၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၈၁၀၀၀၀ ကျပ်ရှိပါတယ်။ အရင်တပတ်  နဲ့ယှဥ်ရင် တစ်တန်ကို ၆၀၀၀၀ လောက်ကနေ ၂ သိန်းလောက်အထိဆက်တိုက်ပြန်ကျ လာပါတယ်။

မန္တလေးစျေးကွက်မှာလည်း မတ်ပဲ ပိဿာ ၆၀ တစ်အိတ်ကို ၃၇၀၀၀၀  မှ ၃၇၅၀၀၀ ကျပ်ရှိလို့ အရင်တစ်ပတ်ကထက် ၁၀၀၀၀ ကျပ်ကျ ပါတယ်။

ပဲစဥ်းငုံ 

 

ပဲစုံငုံကလည်း ခုတစ်ပတ်မှာ စျေးနူန်း ဆက်တိုက်ကျဆင်းပြီး အကျကြမ်းတဲ့အခြေအနေရှိပါတယ်။ ပဲစဥ်းငုံကို ပြည်ပတင်ပို့မှုရှိပေမယ့် ဝယ်လိုအားအေးတာကြောင့် FOB စျေးမကျပေမယ့်  နိုင်ငံခြားငွေ စျေးကျတဲ့အတွက် စျေးကွက်လည်းကျဆင်းနေတာပါ။ စျေးကျသလို ပြည်တွင်းမှာလည်း ပဲစဥ်းငုံနီက လက်မရှိသလောက်ဖြစ်နေပြီးအရောင်းအဝယ်လည်းအေးပါတယ်။ ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို တနင်္လာနေ့က ၄၇၂၅၀၀၀၊ အင်္ဂါနေ့က ၄၆၀၀၀၀၀၊ ဗုဒ္ဓဟူးနေ့မှာ ၄၅၅၀၀၀၀၊ ကြာသပတေးနေ့မှာ ၄၅၀၀၀၀၀ ကျပ်၊သောကြာနေ့မှာ ၄၄၅၀၀၀၀ ကျပ်ရှိပါတယ်။ဒါကြောင့်အရက်တပတ်နဲ့ယှဥ်ရင် ခုတစ်ပတ်အတွင်းမှာ  တစ်တန်ကို ၇၀၀၀၀ ကနေ ၅သိန်းလောက်အထိစျေးကျပါတယ်။

မန္တလေးစျေးကွက်မှာတော့ ခုတပတ်မှာလည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာ တွေ့ရပါတယ်။

ကုလားပဲ

ကုလားပဲက လက်ကျန်းနည်းနေပေမယ့်လည်း ပဲခွဲစက်တွေက အဝယ်အေးနေတာကြောင့် ကုလားပဲစျေးကွက် အေးနေတဲ့အတွက်  စျေးတန်းကလည်း နည်းနည်းထပ်ကျလာပါတယ်။

မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာ  ကုလားပဲ (V2) သုံးတင်ဝင် တစ်အိတ်က ကျပ်၊၃၁၂၀၀၀ မှ ၃၁၃၀၀၀ ကျပ်၊  ကုလားပဲ (V7) က ၃၄၅၀၀၀  ကျပ်၊ ကုလားပဲ (ထိုင်ဝမ်) က ၂၈၄၀၀၀ မှ ၂၈၅၀၀၀  ကျပ်၊ ကုလားပဲ (929) က ၂၉၂၀၀၀ မှ ၂၉၃၀၀၀ ကျပ်ရှိပါတယ်။ အရင်တပတ်နဲ့ယှဥ်ရင် V2 ကအတက်အကျမရှိပေမယ့် V7 က တစ်အိတ်ကို ၁၀၀၀၀ ကျပ်ကျပြီး ကုလားပဲထိုင်ဝမ်က ၁၀၀၀ ကျပ်နဲ့ကုလားပဲ 929 ကတော့တစ်အိတ်ကို ၃၀၀၀ ကျပ် စျေးကျပါတယ်။

စားတော်ပဲ

စားတော်ပဲက ပြည်တွင်း စားသုံးမှုသာအဓိကဖြစ်လို့ ပြည်တွင်းဝယ်လိုအား၊ စားသုံးအားစသည်ဖြင့် လက်ကျန်အခြေအနေပေါ်လိုက်ပြီး စျေးက အတက်အကျ ရှိနေတာဖြစ်ပါတယ်။

ရန်ကုန်စျေးကွက်မှာ အရင်တပတ်ကစျေး အတိုင်း  တစ်ပိဿာကို ၇၀၀၀ မှ ၇၆၇၀ ကျပ်နဲ့ငြိမ်နေပါတယ်။ 

မန္တလေးကုန်စည်ဒိုင် စျေးကွက်မှာ စားတော်ပဲ ကနေဒါက ၅၉.၂၅ပိဿာကို ၅၈၅၀၀၀ ကျပ်ရှိပြီး စားတော်ပဲ ကျွန်းက ၃၈၅၀၀၀ ကျပ်ရှိပါတယ်။ အရင်တစ်ပတ်နဲ့ယှဥ်ရင် စားတော်ပဲ ကနေဒါက ၁၀၀၀၀ ကျပ်တက်ပြီး စားတော်ပဲ ကျွန်းက ၁၀၀၀၀ လောက်ကျပါတယ်။

ပဲတီစိမ်း

 

ပဲတီစိမ်းကတော့ အရင်တစ်ပတ်ကအတိုင်းစျေးဆက်ငြိမ်နေပါတယ်။ ပြည်တွင်းမှာ လက်ကျန်မရှိသလောက်နည်းနေပြီး အရောင်းအဝယ်လည်းအေးနေပါတယ်။

ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)၊ (ပဲခူးရွှေဝါ)၊ ဝါးခယ်မတို့က တစ်ပိဿာ ကို ၄၃၃၀ ကနေ ၅၈၅၀ ကြား ပေါက်ဈေးရှိနေပြီးဈေးငြိမ်​နေတာ ပါ။

 မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ) အသစ်က သုံးတင်းဝင်တစ်အိတ်ကို ၁၉၀၀၀၀ မှ ၂၄၀၀၀၀ ဈေးရှိပါတယ်။

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။ 


ဗွေဆော်ဦး ကြော်ငြာ

ကိုယ်မွေးထားတဲ့ ငါး၊ ပုစွန်လေးတွေ မြန်မြန်ကြီး၊ များများရှင်စေချင်တယ်ဆိုရင်... အားဆေးကောင်းလေးတွေ ရှိနေပါတယ်ရှင့်... ငါး၊ ပုစွန်လေးတွေ အားရှိသန်မာထွားကျိုင်းသွားစေမဲ့ Aqua Calcium, Aqua Booster, Aqua Mix ဆိုတဲ့ ဆေးလေးတွေပါနော်.. Aqua Calcium ဆိုတာက.. နာမည်နဲ့လိုက်အောင်ပဲ ငါး၊ ပုစွန်တွေအတွက်လိုအပ်တဲ့ ကယ်လ်ဆီယမ်များ ခဲပျစ်ပါဝင်နေတဲ့ အရည်မျိုးဖြစ်ပြီး ဗီတာမင်စီလည်း ပါဝင်ပါတယ်ရှင့်..။ ဒါလေးထည့်ပေးလိုက်ရင် ငါး၊ ပုစွန်တွေရဲ့ ကြီးထွားနှုန်း၊ အရွယ်အစားနဲ့ အသက်ရှင်နှုန်းတို့ကို မြှင့်တင်ပေးပြီး ကန်ထဲမှာလည်း နိုက်ထရိတ်များလျော့ကျအောင် ဆောင်ရွက်ပေးမှာပါနော်..။ Aqua Booster ဆိုတာကတော့… ဘတ်တီးရီးယား၊ ဗိုင်းရပ်၊ ပရိုတိုဇိုအာတွေရဲ့ တိုက်ခိုက်မှုကို ခံနိုင်ရည်ပိုရှိစေမဲ့ အရေးပါတဲ့ ဇီဝကမ္မဆိုင်ရာ အာဟာရအားတိုးဆေးမျိုးပါ။ သူ့မှာက သြဂဲနစ်အက်စစ်အမျိုးမျိုး၊ glycan နဲ့ အမိုင်နိုအက်ဆစ်များ ပေါင်းစပ်ပါဝင်နေလို့ ငါး၊ ပုစွန်တွေရဲ့ ကျန်းမာရေးကော ဇီဝကမ္မဖြစ်စဉ်ကိုကော ကူညီထောက်ပံ့ပေးနိုင်ပါတယ်ရှင့်။ ဒါ့အပြင် အာဟာရစုပ်ယူနိုင်စွမ်းမြင့်စေပြီး အစာခြေအင်ဇိုင်းများကို လှုံ့ဆော်ပေးသလို ဘက်တီးရီးယားဒဏ်ကို လည်း ခံနိုင်ရည်ရှိစေလို့ ကြီးထွားနှုန်းနဲ့ ရှင်သန်နှုန်း မြင့်တက်စေမှာပါနော်။ နောက်တစ်ခု... Aqua Mix ကကောဆိုရင်တော့.. သူက ကယ်ဆီယမ်၊ မဂ္ဂနီဆီယမ်နှင့် ပိုတက်ဆီယမ် ပါဝင်တဲ့ အရောအ‌နှောဖြစ်လို့ ငါး၊ ပုစွန်လေးတွေရဲ့ အသက်ရှင် နှုန်းကို တိုးမြင့်စေပြီး အစာခြေစနစ်ကိုလည်း တိုးတက်စေပါတယ်။ ပြီးတော့ ကြွက်သားများ ကျုံ့ခြင်းတင်းခြင်းများကိုလျော့စေကာ အရေခွံလဲနှုန်းမြင့်စေပြီး အခွံများကို ပိုမာကြော လာစေနိုင်ပါတယ်။ ဒါတင်ပဲလားဆိုတော့...မဟုတ်သေးဘူး...ကြီးထွားနှုန်းလည်း ပိုကောင်းလာပြီး ဖမ်းဆီးချိန်မှာ အသွေးအရောင် လည်း ပိုလှနေစေမှာ ဖြစ်ပါတယ်ရှင့်။ ဆိုတော့ ဒါလေးတွေကို သုံးပေးမယ်ဆိုရင်... ငါး၊ ပုစွန်လေးတွေ ရှင်သန်ကြီးထွားနှုန်းမြင့်မားလာနိုင်တာဆိုတော့... ဝင်ငွေပိုတိုးလာမယ်ဆိုတာက ပြောနေစရာတောင် လိုမှာမဟုတ်ပါဘူးနော်.. ဒါလေးတွေလိုချင်တယ်ဆိုရင်တော့ ‘ဗွေဆော်ဦး’ မှာ ရနေပါပြီရှင့်...
Read more Facebook စာမျက်နှာသို့သွားရန်

ဆွေးနွေးချက်များ

ဆွေးနွေးရန်