အတက်ဘက်ကိုပြန်ရောက်လာတဲ့ ကြက်သွန်နီဈေး

30/06/2022 15:30 PM တွင် အစိမ်းရောင်လမ်း အစိမ်းရောင်လမ်း မှ ရေးသား

 

ရန်ကုန်ဘုရင့်နောင်ဈေးကွက်မှာတော့ ကြက်သွန်နီဈေးဟာ နှစ်ရက်ဆက် အတက်ဘက်ကို ပြန်ရောက်လာပါတယ်။ 

အမျိုးအစားအလိုက် တစ်ရက်ကို တစ်ပိဿာ ကျပ် ၅၀ စီ ပြန်တက်လာတာပါ။ စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA)ကတော့ ကုန်အဝင်ပေါ်မူတည်ပြီး ဈေးနှုန်းအတက်အကျအနည်းငယ်စီရှိနေတာလို့ သတင်းဖော်ပြပါတယ်။

တောက်လျှောက်အတက်ဈေးရှိနေတဲ့ မတ်ပဲဈေးကတော့ ဆက်တက်နေဆဲဖြစ်ပါတယ်။

ဒီနေ့ရန်ကုန် ဘုရင့်နောင်ဈေးကွက် ကြက်သွန်နီဈေးနှုန်းတွေက အောက်ပါ အတိုင်းပဲဖြစ်ပါတယ်။

ကြက်သွန်နီ (ဆိပ်ဖြူရှယ်)(သစ်) (၁)ပိဿာ     1700 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်ကြီး) (၁)ပိဿာ    1600 ကျပ်

ကြက်သွန်နီ (ဆိပ်ဖြူလတ်သန့်) (၁)ပိဿာ     1500 ကျပ်

ကြက်သွန်နီ(ဆိပ်ဖြူလတ်ချော) (၁)ပိဿာ     1200 ကျပ်

ကြက်သွန်ဖြူ(ကြူကုတ်)(ရှယ်)  (၁)ပိဿာ      ၂၆၀၀ မှ ၂၈၀၀ ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၂) (၁)ပိဿာ     2200 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၃) (၁)ပိဿာ      2600 ကျပ်

ကြက်သွန်ဖြူ(အောင်ပန်း ထူး ၄) (၁)ပိဿာ   3200 ကျပ်

ကြက်သွန်ဖြူ (အောင်ပန်း ထူး ၅)   (၁)ပိဿာ   3700 ကျပ်

ရန်ကုန်ဘုရင့်နောင်ဈေးကွက်ရဲ့ မတ်ပဲဈေးကတော့

မတ်ပဲ(အက်ဖ်အေကျူ၊အာစီ) (၂၀၂၂) ဘုရင့်နောင် 1700000 ကျပ်

မတ်ပဲ(အက်စ်ကျူ၊အာစီ) (၂၀၂၁) ဘုရင့်နောင် 1922000 ကျပ် ရှိသွားပြီဖြစ်ပါတယ်။

(စိုက်ပျိုးရေးဈေးကွက်သတင်းအေဂျင်စီ (AMIA) က ပေးပို့လာသည့် ဈေးနှုန်းများကို အခြေခံ ဖော်ပြခြင်းဖြစ်ပါသည်။)

ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။


Farm Link Co.,Ltd ကြော်ငြာ
ရေမီးအစုံနဲ့ လေထီးခုန်နိုင်မယ့် ဖန်းလင့်ရဲ့ #စမတ်သီးစုံလာပါပြီ.....ဦးကြီးတို့ရေ ‌လေထီးခုန်ချင်ပေမယ့် စမတ်သီးစုံကို မသိသေးရင်တော့ ဒီစာလေးကို ဆက်ဖတ်‌ပေးပါ #စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ အပင်၏ပင်ပိုင်းကြီးထွားမှုကို တိုးမြင့်စေကာ အပင်သန်၍ အကြီးမြန်စေပါတယ်။ သင့်တော်တဲ့ Phosphorus 7%ပါဝင်မှုကြောင့် အပင်ရဲ့ အမြစ်ဖွဲ့စည်းတည်ဆောက်မှုကို ပို၍သန်မာလာအောင် အားပေးပါတယ်။ ဒါ့အပြင် ပန်းပွင့်ခြင်း၊အသီးသီးခြင်း၊အစေ့တည်ခြင်းလုပ်ငန်းစဉ်များကိုလည်း အားပေးပါတယ်။ လုံလောက်တဲ့ Potassium 8%က အပင်ရဲ့ ရောဂါဒဏ်၊ရာသီဥတုဒဏ်ခံနိုင်ရည်ရှိမှုကို မြင့်တက်စေပြီး အသီးအရည်အသွေး၊ အရွယ်အစားနဲ့ အရသာ ပိုမိုကောင်းမွန်စေဖို့အတွက် လိုအပ်တဲ့အာဟာရဓာတ်ဖြစ်ပါတယ်။ ဟူးမစ်အက်စစ်ပါဝင်ပေါင်းစပ်ထားတဲ့အတွက် အာဟာရဓာတ်စုပ်ယူမှုကောင်းမွန်လာခြင်း၊မြေဆီလွှာဖွဲ့စည်းပုံနှင့်ရေထိန်းနိုင်စွမ်းအားကောင်းလာခြင်းအပါအဝင် အကျိုးကျေးဇူးများစွာကိုရရှိစေမှာဖြစ်ပါတယ်။ စပါးအပါအဝင် နှံစားသီးနှံများ၊ပဲအမျိုးမျိုး၊ဟင်းသီးဟင်းရွက်နဲ့ ဥယျာဉ်ခြံသီးနှံအားလုံးမှာ အသုံးပြုနိုင်တယ်ဆိုတော့ တစ်မျိုးတည်းနဲ့ အားလုံးပါဖက်(perfect)မယ့် စမတ်သီးစုံနော် အရွေးမမှားတာသေချာပြီမလို့ အတွေးမများဘဲ သီးနှံတိုင်းကြီးထွားအောင် ဖန်းလင့်ရဲ့ #စမတ်သီးစုံကို သုံးကြပါစို့....
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်