အရင်အပတ်နဲ့ယှဉ်ရင် မတ်ပဲတစ်တန်ကို ၂ သောင်းလောက် စျေးထပ်ကျ (တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက်)
မတ်ပဲ
မတ်ပဲစျေးကွက်က နေ့စဥ်နဲ့အမျှစျေးတန်းကကျဆင်းလာနေပြီး ဒီတစ်ပတ်မှာလည်းစျေးအနည်းငယ် ထပ်ကျတာတွေ့ရပါတယ်။ မတ်ပဲကိုအဓိကဝယ်ယူတဲ့အိန္ဒိယနိုင်ငံကသူတို့နိုင်ငံရဲ့ မတ်ပဲလိုအပ်ချက်ပြည့်သွားတဲ့အတွက်ကြောင့်အဝယ်အေးသွားတဲ့အတွက် စျေးတန်းကကျဆင်းလာနေတာဖြစ်တယ်လို့သိရပါတယ်။
မိုး မတ်ပဲအသစ်တွေလည်း စပေါ်နေပြီးစျေးကွက်ထဲစတင်ဝင်ရောက်နေတာကြောင့်လည်း မတ်ပဲစျေးတန်အေးနေတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်စျေးကွက်မှာ မတ်ပဲ(FAQ)တစ်တန်ကို ဒီတစ်ပတ်အင်္ဂါနေ့မှာ ၃၅၇၆၀၀၀၊ ဗုဒ္ဓဟူးနေ့ မှာ ၃၅၇၀၀၀၀၊ ကြာသပတေးနေ့မှာ ၃၅၆၅၀၀၀ ကျပ်နဲ့ သောကြာနေ့မှာ ၃၅၆၁၀၀၀ ကျပ်သာ ရှိပါတယ်။ အရင်အပတ်နဲ့ယှဉ်ရင် မတ်ပဲ တစ်တန်ကို ၂ သောင်းလောက် စျေးထပ်ကျပါတယ်။
မန္တလေးစျေးကွက်မှာတော့ မတ်ပဲ(အဟောင်း)က ပိဿာ ၆၀ တစ်အိတ်ကို ၃၀၀၀၀၀ မှ ၃၂၅၀၀၀ ကျပ်ရှိပြီး မတ်ပဲအသစ်က တစ်အိတ်ကို ၂၆၀၀၀၀ မှ ၂၈၀၀၀၀ ကျပ်ရှိပါတယ်။
ပဲစဥ်းငုံ
ပဲစဥ်းငုံကတော့ စျေးအတက်အကျတည်ငြိမ်မှု မရှိပါဘူး။ ဒီတစ်ပတ်မှာတော့ စျေးက ပြန်ကျပါတယ်။ ပြည်တွင်းမှာလည်းပဲလက်ကျန် မရှိသလောက်ဖြစ်နေပြီးအရောင်းအဝယ် အေးနေတာကတကြောင်း၊ ပြည်ပဝယ်လိုအားလည်းပုံမှန်လောက်သာရှိတာကြောင့်စျေးပြန်ကျတာဖြစ်ပါတယ်။
နိုင်ငံခြားငွေစျေးအတက်အကျကြောင့်လည်း စျေးကွက်ကအတက်အကျတည်ငြိမ်မှုမရှိဘဲ ဖြစ်နေတယ်လို့သိရပါတယ်။
မကြာခင် ပဲ အသစ်တွေ ဈေးကွက်ထဲဝင်တော့မှာဖြစ်လို့ ပဲဈေးက လက်တလောမှာတော့ အတက်မရှိနိုင်သေးဘူးလို့ ကုန်သည်အချို့ကတော့သုံးသပ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာ ပဲစဥ်းငုံနီ တစ်တန်ကို အင်္ဂါနေ့မှာ ၃၉၅၀၀၀၀၊ ဗုဒ္ဓဟူးနေ့က ၃၉၄၂၀၀၀၊ ကြာသပတေးနေ့မှာ ၃၈၉၅၀၀၀၊ သောကြာနေ့မှာ ၃၈၅၂၀၀၀ ကျပ်ရှိပြီး ပြီးခဲ့တဲ့အပတ်နဲ့ယှဥ်ရင် တစ်တန်ကို ၁ သိန်းဝန်းကျင်စျေး ပြန်ကျပါတယ်။
မန္တလေးစျေးကွက်မှာတော့ ဒီတစ်ပတ်လည်း ပဲစဥ်းငုံနီကို စျေးဖွင့်ထားခြင်းမရှိတာတွေ့ရပါတယ်။

ပဲတီစိမ်း
ပဲတီစိမ်းကတော့ အရင်တပတ်ကတည်းကစျေးတွေတက်လာပြီး ဒီတစ်ပတ်မှာလည်း ဝါးခယ်မနဲ့ ပဲတီစိမ်းအညာကထပ်တက်လာပါတယ်။ခရမ်းရွှေဝါနဲ့ ပဲခူးရွှေဝါကတော့ အတက်စျေးမှာ ငြိမ်နေပါတယ်။ တရုတ်ဝယ်လက်ကြောင့် ဈေးကွက်အတွင်း ဈေးမြင့်တက်လာတာလို့ သိရပါတယ်။
ရန်ကုန်ဘုရင့်နောင်ဈေးကွက် မှာ ပဲတီစိမ်း(ခရမ်းရွှေဝါ)က ၅၂၅၀ ကျပ်၊ (ပဲခူးရွှေဝါ)က ၅၀၈၀ ကျပ်နဲ့ငြိမ်နေတာပါ။ ဝါးခယ်မ FAQ နဲ့ ပဲတီစိမ်းအညာကတစ်ပိဿာကို ၄၅၀၀ မှ ၄၅၂၀ ကြားရှိပြီး အရက်အပတ်ကထက် တစ်ပိဿာကို ၈၅ ကျပ် ထပ်တက်လာပါတယ်။
မန္တလေးဈေးကွက်မှာလည်း ပဲတီစိမ်း(အညာ)သုံးတင်းဝင်တစ်အိတ်ကို ၂၉၀၀၀၀ မှ ၃၀၀၀၀၀ ကျပ်ရှိပြီး တစ်အိတ်ကို ၁၀၀၀၀လောက်ထပ်တက်လာပါတယ်။
ပြောင်း
ပြောင်းဆံစျေးကလည်း ဒီတစ်ပတ်မှာ စျေးတက်လာပါတယ်။ ပြောင်းဆံအသစ်တွေပေါ်နေပေမယ့် လမ်းပန်းဆက်သွယ်ရေးကြောင့် ပြောင်းဆံတွေစျေးကွက်ထဲဝင်ရောက်မှုနည်းခြင်း၊ ပြောင်းစိုက်ပျိုးမှု နည်းလို့အထွက်နှုန်းနည်းခြင်း၊ ပြည်ပကလည်းဝယ်လိုအားရှိသလိုပြည်တွင်းအစာစပ်စက်ရုံတွေက လည်း ဝယ်ယူမှုရှိနေတာကြောင့် စျေးတက်လာတာဖြစ်ပါတယ်။
ရန်ကုန်ဘုရင့်နောင်ကုန်စည်ဒိုင်မှာပြောင်းဆံ တစ်ပိဿာကို ၁၅၅၀ မှ ၁၅၇၀ ကျပ်ရှိပြီး တစ်ပိဿာ ၃၀ ကျပ်တက်လာပါတယ်။
မန္တလေးကုန်စည်ဒိုင်စျေးကွက်မှာလည်း ပြောင်း (ဗမာ) က ၅၄ ပိဿာတစ်အိတ်ကို ၇၈၀၀၀ မှ ၇၉၀၀၀ ကျပ်ရှိပြီး ပြောင်း (CP)နဲ့ ပြောင်း (ရှမ်း) ၅၄ ပိဿာကို ၈၀၀၀၀ မှ ၈၁၀၀၀ ကျပ် စျေးရှိပါတယ်။ ပြောင်း တစ်အိတ်ကို ၂၀၀၀ လောက် တက်လာပါတယ်။
ဆောင်းပါးများ/သတင်းများ ပြန်လည်ကူးယူဖော်ပြလိုပါက "အစိမ်းရောင်လမ်းမှ ကူးယူဖော်ပြပါသည်" ဟုထည့်ပေးပါရန် မေတ္တာရပ်ခံအပ်ပါသည်။
ဆက်စပ်အကြောင်းအရာ၊ မေးခွန်းများနှင့် ဆောင်းပါးများကို ဆက်လက်ဖတ်ရှုနိုင်ပါသည်။
အကြောင်းအရာ 1
ပြည်တွင်းသီးနှံဈေးကွက်
စိုးလွင်ဉီး
လွန်ခဲ့သော ၁ နှစ် ကမတ်ပဲမျိူးဘယ်မှာဝယ်လို့ရလဲ လမ်းညွန်ပေးပါ
ဆက်စပ်မေးခွန်းများ
တိုင်ထောင်ပဲမှာအသီးညှာမှာ-နီညိုရောင်ဖြစ်ပြီးချောက်သွားတယ်အသီးလဲပုတ်တယ်မိူဖြူလေးတက်နေတယ်အရွက်မှာလဲ-နီညိုအစက်တွေရှိတယ်-ဘာရောဂါလဲဆရာတို့ဘာဆေးတွေဖြန်သင့်ပြောပေးပါဦ
aungkolatt • ဖြေကြားချက် 1 ခု
ပျိုးပင်လေးတေ ဘာဖြစ်တာလဲဗျ
Htet Lin • ဖြေကြားချက် 1 ခု
စပါးပင်များနွားသေးဖြန်းရင်ကောင်းမလားဆရာတဖက်ကလဲမြေဩဇာထည့်မှာပေါ့။
U Win Zaw • ဖြေကြားချက် 2 ခု
ဘူးသီးတွေအတွင်းမာ ပုပ်ကုန်ပြီး အဲ့လိုအရည်တွေထွက်ပုပ်ကုန်တာ ဘာကြောင့်လဲဗျ ပိုးဆိုရင်လည်းဘာပိုးလဲရယ် ဘယ်လိုနှိမ်နှင်းရမလဲ ဘယ်လိုကာကွယ်ရမလဲ အကြံပေးပါဦး
min • ဖြေကြားချက် 2 ခု
ကလိုဖနပြာ7%ME နဲ့ အီမာမက်တင်ဘန်ဇိုရိတ်5%WPရေားစပ်ပက်ဖျန်ချင်ပါတယ်အဆင်ပြေနိုင်ရဲ့လား မတ်ပဲပွင့်ထွေးအတွက်ပါ
ကိုလင်းထက်ကျော် • ဖြေကြားချက် 1 ခု
နောက်ဆုံး ဆောင်းပါးများ
ကမ္ဘာကြီး ပူလာချိန် အပင်တွေ ဘယ်လို ညှိယူနေကြလဲနဲ့ ဘယ်လိုတွေ ကြိုတင်ပြင်ဆင်ထားရမလဲ
30/10/2026
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
မြစ်ဝကျွန်းပေါ်နှင့် အောက်ပိုင်းဒေသများ အောက်တိုဘာ ၃၀ မှ နိုဝင်ဘာ ၁ ရက်အတွင်း မိုးအသင့်အတင့်မှ မိုးရွာသွန်းမှု ပြန်လည်အားကောင်းလာမည်
29/10/2026
ဗီဒီယို
ပြောင်းမျိုးကောင်းမကောင်း ဘာတွေကြည့်လဲ?
29/10/2026
သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း
29/10/2026
More from AMIA
အားလုံး
တစ်ပတ်စာ ဈေးကွက်သုံးသပ်ချက် (26-30.10.2026)
30/10/2026
သီတင်းကျွတ် ပိတ်ရက်အပြီး ပဲဈေးများ ကျဆင်း
29/10/2026
တစ်ပတ်စာ ပဲမျိုးစုံ ဈေးကွက် သုံးသပ်ချက် (19-23.10.2026)
23/10/2026
စစ်ကိုင်းတိုင်းအထက်ပိုင်းတွင် ယခုနှစ် ကြံစိုက်ဧကများ လျော့နည်း
22/10/2026
ဘဏ္ဍာနှစ်ဝက်အတွင်း ပြည်ပသို့ ရေထွက်ကုန် တင်ပို့မှု တန်ချိန် ၃ သောင်းကျော် လျော့ကျ
20/10/2026