ယခုတစ်ပါတ်အတွင်း စျေးနှုန်းအပြောင်းအလဲဖြစ်ပေါ်ခဲ့သည့်သီးနှံများ

11/03/2019 09:46 AM တွင် AMIA AMIA မှ ရေးသား ပြီး Greenovator Greenovator မှ ပေးပို့ထားပါသည်။

(၄.၃.၂၀၁၉ မှ ၈.၃.၂၀၁၉)ထိ

မတ်ပဲ (FAQ/RC)

မတ်ပဲက ဒီတစ်ပတ်မှာလည်း ဈေးတက်လာခဲ့ပါတယ်။ လက်ရှိမှာ အတက်ဈေးကြောင့် တောင်သူတွေက အလျင်အမြန်ထုတ်ရောင်းဖို့ စိုင်းပြင်းနေပေမယ့် ကုန်သည်တွေကတော့ လက်ရှိမှာ ဆက်လက်စောင့်ဆိုင်းဖို့ တိုက်တွန်းနေတာလည်းတွေ့ရပါတယ်။ အချို့နယ်ဒေသတွေမှာတော့ ဈေးကွက်အတွင်း ပဲကမရှိသလောက် အခြေအနေဖြစ်နေပြီး ရောင်းစရာ မကျန် ဝယ်စရာမကျန်အခြေအနေတွေ ရှိနေတယ်လို့လည်း သိရပါတယ်။ ပြည်ပတင်ပို့မှုကတော့ ပုံမှန်တင်ပို့နေပါတယ်။

မတ်ပဲက ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၆၈၀၀၀၀ နဲ့ အမြင့်ဆုံးဈေးရရှိခဲ့ပြီး ပြီးခဲ့တဲ့အပတ်နဲ့ နှိုင်းယှဉ်ရင် တစ်တန်ကို ၃၀၀၀၀ လောက်ဈေးတက်လာခဲ့ပါတယ်။ မုံရွာဈေးကွက်မှာတော့ တစ်တင်းကို ၂၂၀၀၀ ပေါက်ဈေးရှိပြီး ၁၅၀၀  ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၃၃၀၀ ကျပ်နဲ့ ၁၈၀၀ ကျပ် ဈေးတက်လာခဲ့ပြီး နေပြည်တော် ကုန်စည်ဒိုင်မှာတော့ ၂၀၀၀၀ ကျပ်နဲ့ဈေးငြိမ်နေပါတယ်။

ပဲစင်းငုံနီ

ပဲစင်းငုံနီကတော့ ဒီတစ်ပတ်မှာ ဈေးအနည်းငယ် ကျဆင်းသွားခဲ့ပါတယ်။ ရန်ကုန်ဈေးကွက်မှာတော့ ရက်ခြားသာ အရောင်းအဝယ်ဖြစ်တဲ့အတွက် ဈေးကတော့ အတက်အကျအနည်းငယ်သာရှိတာတွေ့ရပါတယ်။ ပဲစင်းငုံနီကတော့ လက်တလောမှာ အရမ်းကို ငြိမ်နေပါတယ်။ ရန်ကုန်ဈေးကွက်မှာ တစ်တန်ကို ၇ သိန်းကျော်နဲ့အရောင်းအဝယ်ရှိနေခဲ့ပါတယ်။ နယ်ကုန်စည်ဒိုင်တွေဖြစ်တဲ့ မုံရွာကုန်စည်ဒိုင်မှာတော တစ်တင်းကို ၂၅၂၀၀ နဲ့ ၄၀၀ ကျပ်၊ မြင်းခြံကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၀၀၀ ကျပ်နဲ့ ၇၀၀ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၅၀၀ ကျပ် နဲ့ ၆၀၀ ကျပ်အသီးသီးဈေးကျဆင်းသွားခဲ့ပြီး ပြည်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၅၅၀၀နဲ့ ဈေးငြိမ်နေပါတယ်။

ပဲတီစိမ်း

ပဲတီစိမ်းကတော့ လက်ရှိမှာ ဈေးကဆက်တိုက်ကို တက်နေပါတယ်။ အဝယ်ကလည်း ပြည်တွင်းပြည်ပမှာ ရှိပြီး အရောင်းသွက်နေတဲ့အခြေအနေလည်းဖြစ်ပါတယ်။

မုံရွာဈေးကွက်မှာ ပဲတီစိမ်း(အကြီး၊သေး)က တစ်တင်းကို  ၂၇၅၀၀ ကနေ ၃၀၅၀၀ ပေါက်ဈေးရှိပြီးတစ်တင်းကို ၅၀၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၄၀၀၀၀ ရှိပြီး တစ်တင်းကို ၃၄၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်မှာ တစ်တင်းကို ၃၃၀၀၀ ကျပ်ရှိပြီး ၅၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။ 

မြင်းခြံကုန်စည်ဒိုင်မှာတော့  ၂၃၂၇၅ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ တစ်တင်းကို ၂၇၅၀၀ ကျပ် နဲ့ဈေးတည်ငြိမ်နေပါတယ်။

အစေ့ထုတ်ပြောင်း 

ဒီတစ်ပတ်မှာတော့ အစေ့ထုတ်ပြောင်းက ဈေးကျဆင်းသွားခဲ့ပါတယ်။ ပြီးခဲ့တဲ့အပတ်ကတည်း ဈေးကျဆင်းနေခဲ့တာဖြစ်ပါတယ်။ လက်ရှိမှာ တရုတ်ကလည်း ပြောင်းကိုဝယ်ယူမှုမရှိတာကိုတွေ့ရပါတယ်။ ပြောင်းတွေက တရုတ်နယ်စပ်မှာပုံနေပြီး ပျက်စီးအလေအလွင့်တွေလည်းအများအပြားဖြစ်နေတယ်လို့ ကုန်သည်တွေထံကနေသိရပါတယ်။

အဆိုပါ အစေ့ထုတ်ပြောင်းကို တရုတ်ဘက်က တရားဝင်ဝယ်ယူဖို့အတွက် ပြောင်းကုန်သည်အသင်းက မြန်မာအစိုးရကို တောင်းဆိုမှုတွေပြုလုပ်မယ်လို့ ကုန်သည်တွေထံကနေ သိရပါတယ်။ လက်ရှိမြန်မာအစိုးရကလည်း ဆောင်ရွက်ပေးမှုတစ်စုံတစ်ရာ မရှိဘူးလို့သိရပါတယ်။

လားရှိုးကုန်စည်ဒိုင်ဈေးကွက်မှာ အစေ့ထုတ်ပြောင်းက ၄၀၀ ကနေ ၅၀၀ ကြားရှိပြီးတစ်ပိဿာကို ၂၀၀ လောက် ဈေးကျဆင်းသွားပါတယ်။ တောင်ကြီးကုန်စည်ဒိုင်မှာ တစ်ပိဿာကို ၃၈၀ ရှိပြီး ၄၀ ကျပ်၊ အောင်ပန်းကုန်စည်ဒိုင်မှာ ၄၀၀ ကျပ်ရှိပြီး ၅၀ ကျပ်၊ မုံရွာကုန်စည်ဒိုင်မှာတော့ တစ်ပိဿာကို ၄၀၅ ကျပ်ရှိပြီး ၁၅ ကျပ်၊ ပခုက္ကူကုန်စည်ဒိုင်မှာတော့ ၄၁၈ ကျပ်ရှိပြီး ၁၀ ကျပ် အသီးသီးဈေးကျဆင်းသွားခဲ့ပါတယ်။

ချင်း

ဒီတစ်ပတ်မှာတော့ ချင်းဈေးတွေ တက်လာခဲ့ပါတယ်။ အဓိကဘင်္ဂလားဒေ့ကို တင်ပို့တာဖြစ်ပြီးတော့ တင်ပို့မှုများလာတဲ့အတွက်ဈေးက တက်လာတာဖြစ်တယ်လို့သိရပါတယ်။ပြည်တွင်းဝယ်ယူမှုကလည်း များနေတဲ့အတွက် ဈေးကလည်းတက်နေပါတယ်။

အောင်ပန်းကုန်စည်ဒိုင်မှာချင်း(အစို)က တစ်ပိဿကို ၁၂၀၀ ကျပ်ရှိပြီး ၃၀၀ ကျပ်၊ ပြည်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၅၆၀ နဲ့ ၆၀ ကျပ်၊ နေပြည်တော်ကုန်စည်ဒိုင်ဈေးကွက်မှာတော့ တစ်ပိဿာကို ၁၆၀၀ ကျပ်ရှိပြီး ၁၀၀ ကျပ် အသီးသီးဈေးတက်လာခဲ့ပါတယ်။

 

ဝတ်ရည်မွန်(AMIA)

 


Farm Link Co.,Ltd ကြော်ငြာ
စပါးစိုက်ပျိုးဖို့ ပြင်နေကြပြီလား? ဒါဆို Farm Link ရဲ့ အထူး special product တွေနဲ့ မိတ်ဆက်ပေးလိုက်ပါတယ်.. 👉 Erase (အီရေစ့်) က ပေါင်းပင်တွေကို သေစေရုံတင်မကဘဲ နောက်ထပ် ပေါင်းသတ်ဆေး ထပ်ဖျန်းစရာ မလိုလောက်အောင်ကို ပေါင်းပေါက်ရောက်မှုကို ထိထိရောက်ရောက် ဟန့်တားပေးနိုင်ပါတယ်။ 👉 စမတ်သီးစုံဆိုတာ အပင်တိုင်းအတွက် အဓိကအာဟာရNPK (19:7:8)နဲ့ #ဟူးမစ်အက်စစ်တို့ အချိုးကျ ပေါင်းစပ်ထားတဲ့ ကွန်ပေါင်းဓာတ်မြေဩဇာဖြစ်ပါတယ်။ အဓိကအကျိုးကျေးဇူးတွေအနေနဲ့ကတော့ နိုက်ထရိုဂျင် 19%ပါဝင်တဲ့အတွက် ကလိုရိုဖီးလ်ဖွဲ့စည်းမှုကို အားပေးကာ သီးနှံပင်များ၏အရွက်များစိမ်းလန်းသန်စွမ်းပြီး အစာချက်လုပ်မှုအားကောင်းစေပါတယ်။ 👉 ဆလက်ပလက်စ်ဆိုတာ စပါးဆစ်ပိုး (Rice stem borer) ၊ စပါးရွက်လိပ်ပိုး(Rice leaf folder)၊ စပါးင​မြောင်​တောင်ပိုး( Rice armyworm) စတဲ့ စပါးဖျက်ပိုး​တွေကိုလည်း ၇၀%အထိကို ကာကွယ်နှိမ်နင်းနိုင်ပါတယ်။ 👉စပါးနှံတွေ ထွက်လာခါမှ ဂုတ်ကျိုးရောဂါကြောင့် အနှံဖြူပြီး ပျက်စီးသွားတာဟာ တောင်သူတို့အတွက် အကြီးမားဆုံး ဆုံးရှုံးမှုပါပဲ။ ဒီဆုံးရှုံးမှုကို အမြစ်ပြတ် တားဆီးဖို့ဆိုရင် ရှူးဝါး ကိုသာ သတိရလိုက်ပါ။ 👉စပါးခင်းမှာ ရွက်ဖျားဝါပြီး မီးလောင်သလို အကွက်လိုက်ဖြစ်ကာ တဖြည်းဖြည်းခြောက်လိုက်လာပြီဆို အဲ့ဒါကိုဖြုတ်လောင်ခြင်း (hopper burn)လို့ခေါ်ပါတယ်။ မထိန်းချုပ်နိုင်အောင် ဆိုးဆိုးရွားရွာကျရောက်ပါက အထွက်နှုန်းကို ရာနှုန်းပြည့်ထိ ဆုံးရှုံးစေနိုင်တာတာကို ဗိုက်တာဂရိုကိုသာ ထိန်းချုပ်နိုင်တာပါ
Read more

ဆွေးနွေးချက်များ

ဆွေးနွေးရန်